ဗဟုသုတ

တံတားပေါ်မှာ စာကိုလည်းလေ့လာရင်း ပန်းတွေရောင်းချကာ မိသားစုကို တတ်နိုင်သမျှ ကူညီပေးနေတဲ့ ၉နှစ်အရွယ် ကောင်လေး (ရုပ်သံ)

တံတားပေါ်မှာ စာကိုလည်းလေ့လာပြီး ပန်းတွေရောင်းချကာ မိသားစုကို တက်နိုင်သမျှ ကူညီပေးနေတဲ့ ၉နှစ်အရွယ် ကောင်လေး (ရုပ်သံ)

ဓာတ်ပုံဆရာ Kenneth Panlilio က သူ့ရဲ့ လူမှုမီဒီယာအကောင့်မှာ စာတွေလေ့လာနေတုန်း ပန်းတွေကိုပါ ရောင်းစားနေတဲ့ကလေးငယ်ရဲ့အကြောင်းကို ဖော်ပြလာခဲ့ပါတယ် ။ထိုကောင်လေးဟာ ၉နှစ်အရွယ်သာရှိပြီး Melvin Mendozaလို့ခေါ်တာပါ ။ သူ့ရှေ့တွေမှာ sampaguita ပန်းပွင့်တွေကို ချထားခဲ့ပါတယ် ။

သူဟာ ကျောင်းစာကို လေ့လာရတာ နဲ့ အလုပ်များနေတာကြောင့် ဖြတ်သန်းသွားလာတဲ့ သူတွေကိုလည်း ဂရုမစိုက်ခဲ့ပါဘူး ။ ထိုလူငယ်လေးတစ်ယောက်ဟာ ကျောင်းဆင်းတဲ့အချိန်တိုင်း ပန်းပွင့်တွေရောင်းရန် ခြေလျင်တံတားကိုသွားပြီး ဆရာမတွေပေးတဲ့ အိမ်စာတွေလုပ်ရင်း ရောင်းနေရပါတယ် ။

ညသန်းခေါင်တိုင်အောင် ပန်းများကိုရောင်းပြီး သူဟာ ညစာတောင် အချိန်မှန်မှန်မစားရပါဘူး ။ ၁၁ နှစ်အရွယ် အစ်ကိုဖြစ်သူ Marlon ကလည်းကျောင်းထောက်ပံ့ကြေးကိုရလိမ့်မယ်လို့ ပြောပါတယ် ။ သူတို့ရဲ့ဖခင်က ထောင်ထဲမှာရှိနေဒါကြောင့် ကျန်ရှိနေတဲ့ မိခင်ကို သူတို့က တက်နိုင်သမျှကူညီခဲ့တာပါ ။

လမ်းသွားလမ်းလာလူအချို့က ပန်းတွေကိုအားမပေးဘဲ ကောင်လေးကို ‌အစားအစာနဲ့ ငွေတွေပေးကြပါတယ် ။ထို့ညီအစ်ကိုနှစ်ယောက်စလုံးဟာ စာသင်ယူဖို့ ကျောင်းသွားရတာကို စိတ်အားထက်သန်တဲ့သူတွေပါ ။ ကောင်လေးတို့က သူတို့သာ အသက်မွေးဝမ်းကြောင်းမရှိရင် ဘယ်လိုစားရမာလဲလို့ ပြောလာခဲ့ပါတယ် ။ အနာဂတ်မှာ သူတို့အခြေအနေက ပိုကောင်းလာမယ်လို့ ရိုးရိုးသားသား မျှော်လင့်ပါတယ် ။

crd