ဗဟုသုတ

သံဝင်းတံခါးအောက်မှာ 2 ရက်ခန့်ခေါင်းညပ်နေခဲ့ပြီး ကူကယ်ရာမဲ့ခဲ့တဲ့ ခွေးလေး

သံဝင်းတံခါးအောက်မှာ 2 ရက်ခန့်ခေါင်းညပ်နေခဲ့ပြီး ကူကယ်ရာမဲ့ခဲ့တဲ့ ခွေးလေး

ကူကယ်ရာမဲ့နေပြီး 2 ရက်လောက် သံတံခါးအောက်မှာ ခေါင်းညပ်နေတဲ့ ခွေးလေးရဲ့အဖြစ်ကအတော်သနားဖို့ကောင်းလွန်းလှပါတယ် ။ ခေါင်းညပ်နေတဲ့ခွေးလေးကို အနီးအနားဝန်းကျင်က ခေါက်ဆွဲရောင်းတဲ့ အဒေါ်ကြီးကတွေ့ရှိခဲ့တာပါ ။ အစပိုင်းမှာတော့ အိမ်နီးချင်းရဲ့ ခွေးလေးလို့ ထင်ခဲ့ပေမဲ့လည်း နေ့ရော ၊ ညပါ အော်ဟစ်အကူအညီတောင်းခံနေခဲ့လို့ နောက်ဆုံး အဒေါ်ကကြီးက ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့ရတာပါ ။

အိမ်ပိုင်ရှင်ကလည်း အိမ်မှာမရှိဘဲ နိုင်ငံခြားမှာ 2 နှစ်ခန့်သွားရောက် အလုပ်လုပ်ကိုင်နေကြသူတွေပါ ။ ခွေးလေးကို သနားလွန်းတဲ့အဆုံး ဝင်းတံခါးပျက်စီးပါက ခေါက်ဆွဲသည်အဒေါ်ကြီးကပဲ တာဝန်ယူပေးမည်ဖြစ်ကြောင်း နှင့် ခွေးလေးကိုသာ ကယ်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

လွတ်မြောက်သွားတဲ့အချိန်မှာတော့ ခွေးလေးဟာဘေးလွတ်ကင်းရာသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ် ။မွန်မြတ်တဲ့စိတ်ထားရှိတဲ့ အဒေါ်ကြီကိုပဲ ချီးကျူးဂုဏ်ပြုရမှာပါပဲလေ ။

crd