ဗဟုသုတ

ညီလေးရဲ့ဆေးဖိုးအကြွေး ဒေါ်လာ (၉)သောင်းအတွက်၊ ဈေးရောင်းနေရတဲ့ကောင်လေး

တရုတ်နိုင်ငံ၊ ဟီနန်စီရင်စုမှာ နေထိုင်တဲ့ အသက် (၁၁) နှစ်အရွယ် Yan Yihang အမည်ရ ကောင်လေးဟာ သူ့ညီလေးရဲ့ ဆေးဖိုးအကြွေးအတွက် သူ တတ်နိုင်တဲ့ဘက်က ရသလောက် ကူညီထောက်ပံ့နေပါတယ် ။ သူဟာ ကျောင်းမသွားခင်နဲ့ ကျောင်းပြန်ချိန် ကျောင်းပိတ်ချိန်တွေမှာ ကြက်သွန်နီရောင်းပြီး ငွေရှာနေတာပါ။ ကြက်သွန်နီဖြစ်တဲ့အတွက် သူ့အနေနဲ့ အမြတ်များများ ရဖို့ မလွယ်ပါဘူး။

သူ့ရဲ့ညီလေးကတော့ Yan Ce ဖြစ်ပြီး၊ အသက်(၇)နှစ် ဖြစ်ပါတယ်။ Ce ဟာ သွေးရောဂါတစ်မျိုးဖြစ်တဲ့ Aplastic anemia ကို ခံစားနေရပြီး၊ တန်ဖိုးအလွန်ကြီးတဲ့ ဆေးတွေအသုံးပြုရတာမို့ Yan တို့ မိသားစုကိုအကြွေးနွံနစ်စေခဲ့ပါတယ်။ Yan က“ ညီလေးကို ကယ်တင်ချင်တယ် …သူနဲ့ ကျောင်းအတူတူ သွားချင်တယ် … ”

“ အခု ရောင်းနေတဲ့ ဟင်းသီးဟင်းရွက်တွေကတော့ အဖေတို့အမေတို့ စိုက်ပျိုးထားတာပါ … သူတို့ကို ရောင်းရင်းကနေရသလောက် ငွေရှာပေးတဲ့ သဘောပါ … ”လို့ ပြောပါတယ်။ Ce ဟာ သူ့အသက်(၃)နှစ်ကတည်းက ဒီရောဂါဆိုးကို ခံစားခဲ့ရတာပါ။ (၄)နှစ်လောက်အတောအတွင်းမှာ အကြွေးတွေ နွံနစ်ခဲ့ရပေမယ့်၊ သူ့အခြေအနေက တိုးတက်ခြင်း မရှိပါဘူး။

အကြွေးငွေတွေကို သူ့အဖိုးအဖွားတွေက ရသလောက်ရှာပေးခဲ့တာဖြစ်ပြီး၊ ယွမ်(၇)သိန်းအထိ ရောက်ရှိခဲ့ပါတယ်။ ဒေါ်လာအားဖြင့်(၉၈၇၅၆)အထိ ဖြစ်လာခဲ့တာပါ။ Aplastic anemia ရောဂါဟာ သွေးဆဲလ်ထုတ်လုပ်မှု ရပ်ဆိုင်းစေတဲ့ ရောဂါဖြစ်တာကြောင့် အတော်လေးရှားပါးတဲ့ ရောဂါဖြစ်ပါတယ်။

Yan ဟာမနက်(၅)နာရီသစ်သီးဝလံတွေလိုက်လံခူးဆွတ်ပြီ း၊ မနက်ခင်းဈေးကို မီအောင်ရောင်းရပါတယ်။ သူရောင်းနေတဲ့ဆိုင်ခန်းက အရင်က အသက် (၆၆)နှစ်အရွယ် အဖွားက ပိုင်ဆိုင်တာဖြစ်ပြီး၊ သူမကလည်း လေဖြတ်လို့ ဆိုင်မထွက်နိုင်ပါဘူး။ Yan တစ်ရက်ကို (၈) ဒေါ်လာလောက် ငွေရှာနိုင်ပါတယ် ။ လေးလလုပ်အားကတော့ (၁၆၆)ဒေါ်လာ ရတယ်လို့ ဆိုပါတယ်။ ကလေးတစ်ယောက် လုပ်အားဖြစ်ပါတယ်။ မိသားစုကတော့ အလှူရှင်မျှော်နေပါတယ်။

crd