ဗဟုသုတ

အသီးအရွက်များကို လုံးဝစားသုံးခြင်းမရှိဘဲ အသားငါးများကိုသာ အမြဲတမ်းစားခဲ့သည့်ကလေးလေး အသက်၁၁နှစ်အရွယ်ဖြင့် အသည်းခြောက်ရောဂါကို ခံစားခဲ့ရ

အသီးအရွက်များကို လုံးဝစားသုံးခြင်းမရှိဘဲ အသားငါးများကိုသာ အမြဲတမ်းစားခဲ့သည့်ကလေးလေး အသက်၁၁နှစ်အရွယ်ဖြင့် အသည်းခြောက်ရောဂါကို ခံစားခဲ့ရ

ယခုအကြောင်းအရာလေးကတော့ စာဖတ်မိသူတိုင်းကို သတိထားပြီး ဆင်ခြင်မိစေရန်အတွက် ဖော်ပြပေးလိုက်ရတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ အသက် ၁၁ နှစ် အရွယ်ကလေးတစ်ဦးဟာ ကျောင်းမှ ကျန်းမာရေးစစ်ဆေးပေးသည့်အချိန်တွင် အသည်းခြောက်ရောဂါကို ခံစားနေရကြောင်း သိခဲ့ရတာဖြစ်ပါတယ်။

ထို့ကြောင့် ဆရာဝန်များက ကလေးမိဘတို့ကို ခေါ်ယူပြီး မေးမြန်းကြည့်ရာမှ အကြောင်းအရင်းကို သိခဲ့ရပါတယ်။ကလေးငယ်ဟာ အသီးအရွက်ဟင်းဖြင့် ထမင်းကျွေးလျှင် လုံးဝမစားသဖြင့် အသားဟင်းဖြင့်သာ အမြဲတမ်းကျွေးခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် အချိန်ကြာလာသောအခါ အသည်းများဟာ ခြောက်လာခဲ့တာဟုသိရပါတယ်။လူသားတို့အတွက် အသားဓာတ်ဟာ လိုအပ်သည်ဆိုသော်လည်း သင့်တင့်မျှတအောင် စားသုံးပေးဖို့ အထူးလိုအပ်သိကို သတိပြုရပေမည်။ ယခုဆိုလျှင် ကလေးငယ်၏ မိဘတွေဟာ ကလေးကိုအလိုလိုက်မိသည့်အတွက် နောင် တရနေကြပါတယ်။

crd