Local News

အကျော်ကြားဆုံးအနုပညာလက်ရာနှစ်ခုကိုပြန်လည်ဖန်တီးပေးရန်တောင်းဆိုခဲ့သော်လည်း canvas အလွတ်နှစ်ခုအား ပေးအပ်ပြီး ပြတိုက်မှ ဒေါ်လာသောင်းချီ လိမ်ပြေးသွားခဲ့တဲ့ ပန်းချီပညာရှင်တစ်ဦး

အကျော်ကြားဆုံးအနုပညာလက်ရာကိုပြန်လည်ဖန်တီးပေးရန်တောင်းဆိုခဲ့သော်လည်း canvas အလွတ်နှစ်ခုအား ပေးအပ်ပြီး ပြတိုက်မှ ဒေါ်လာသောင်းချီ လိမ်ပြေးသွားခဲ့တဲ့ ပန်းချီပညာရှင်တစ်ဦး

ဒိန်းမတ်နိုင်ငံပြတိုက်တစ်ခုဟာ ပန်းချီအနုပညာရှင်တစ်ဦးဖြစ်တဲ့ Jens Haaning အား ဒေါ်လာသောင်းချီနှင့်ချေးငှါးပြီး ငွေစက္ကူအစစ်များဖြင့်ပေးချေကာ သူ့ရဲ့အကျော်ကြားဆုံးအနုပညာလက်ရာနှစ်ခုကိုပြန်လည်ဖန်တီးပေးရန် တောင်းဆိုခဲ့ပါတယ်။ သို့ပေမဲ့ Haaning ဟာ မူရင်းအနုပညာလက်ရာတစ်ခုအနေနဲ့ဖော်ပြတဲ့လုပ်ရပ်တစ်ခုကိုသာပြသကာ ပိုက်ဆံယူပြီးထွက်ပြေးသွားခဲ့ပါတယ်။

Aalborg မြို့ရှိ Kunsten ခေတ်မီအနုပညာပြတိုက်ဟာ Jens Haaning အား ၂၀၁၁ ခုနှစ်တွင် သူဖန်တီးရေးဆွဲခဲ့တဲ့ ဘောင်တစ်ခုအတွင်း krone ငွေစက္ကူများပါဝင်တဲ့ Average Austrian Annual Income နှင့် အစောပိုင်းဗားရှင်းဖြစ်တဲ့ An Average Danish Annual Income ဟုအမည်ပေးထားတဲ့သူ့ရဲ့နာမည်အကြီးဆုံးအနုပညာလက်ရာနှစ်ခုကိုပြန်လည်ဖန်တီးရန်တောင်းဆိုခဲ့ပါတယ်။

ထို့နောက် Haaning ကလည်းပန်းချီကားအားပြန်လည်ဖန်တီးဖို့အတွက်ဒိန်းမတ်ငွေစက္ကူရွက် ၃၂၈,၀၀၀လိုအပ်ကြောင်းဆိုခဲ့ပြီး ပြတိုက်ကလည်းသဘောတူကာ ကြိုတင်ငွေချေးပေးခဲ့ပါတယ်။သို့ပေမဲ့ တစ်နှစ်အကြာမှာ Hanning ဟာ အနုပညာလက်ရာများကိုပြန်ဖန်တီးပေးမဲ့အစားပြတိုက်သို့အဖြူရောင် canvas နှစ်ချက်ကိုသာပို့ပေးခဲ့ပါတယ်။

Haaning ဟာလွန်ခဲ့တဲ့အပတ်က ဒိန်းမတ်ရေဒီယိုအစီအစဉ်P1 Morgen သို့ “ဒါဟာခိုးမှုမဟုတ်ဘူး၊၎င်းကစာချုပ်ချိုးဖောက်ခြင်းဖြစ်ပြီး စာချုပ်ဖောက်ဖျက်ခြင်းက အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းတစ်ခုဘဲ ၊ ဟုတ်ပါတယ်၊ ငါပိုက်ဆံပြန်ပေးမှာမဟုတ်ဘူး ၊ အလုပ်အတွက်ငါပိုက်ဆံယူလိုက်တာနဲ့ငါပြန်မပေးတတ်ဘူး” ဟုဆိုခဲ့ပါတယ်။

Kunsten ပြတိုက်ရဲ့ဒါရိုက်တာ Lasse Andersen က ပြပွဲအသစ်မဖွင့်လှစ်မီတစ်ရက်အလိုမှာ Jens Haaning ထံမှပစ္စည်းကိုလက်ခံရရှိခဲ့ပြီး ၎င်းကိုဖွင့်လိုက်တဲ့အခါ အထဲမှာ ဘောင်အလွတ်နှစ်ခုသာရှိနေခဲ့ကြောင်းဆိုခဲ့ပြီး Hanning က သူချေးထားတဲ့ငွေကိုပြန်ပေးဖို့ လာမဲ့နှစ် ဇန်နဝါရီ ၁၆ရက်အထိအချိန်ရှိသေးတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းမသွားချင်သေးကြောင်းဆိုခဲ့ပါတယ်။

တစ်ဖက်က Hanningကလည်း သူဟာ ပြတိုက်သို့ ငွေပြန်ပေးရန် ရည်ရွယ်ချက်လုံးဝမရှိကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့သလို “ မဟုတ်ဘူး၊ အဲ့လိုလုံးဝဖြစ်လာမှာမဟုတ်ဘူး ၊ ဒါက အလုပ်အတွက် ငါယူတဲ့ပိုက်ဆံဘဲ ” ဟု အမျိုးသားအသံလွှင့်ဌာန DR သို့ပြောကြားခဲ့ပြန်ပါတယ်။

crd