ဗဟုသုတ

ကမ္ဘာ့အသက်အငယ်ဆုံး လျှပ်စစ်အင်ဂျင်နီယာတက္ကသိုလ်ဘွဲ့ရသူတစ်ဦးဖြစ်လာတော့ရယ့် အသက် ၉နှစ်အရွယ် ပါရမီရှင်ကောင်လေး

ရွယ်တူ ၉နှစ်အရွယ်ကလေးအများစုက ၎င်းတို့ရဲ့အထက်တန်းကျောင်းပညာရေးအတွက် စိုးရိမ်နေရချိန်မှာကလေးပါရမီရှင်တစ်ဦးဖြစ်တဲ့ Laurent Simons ဟာ သူ့ရဲ့အင်ဂျင်နီယာသင်တန်းပြီးဆုံးရန်တစ်လသာလိုပါတော့တယ်။ လျှပ်စစ်အင်ဂျင်နီယာသင်တန်းဟာ ပျမ်းမျှဘွဲ့ရကျောင်းသားများအတွက်ပင် ခက်ခဲပါတယ်။

မည်သို့ပင်ဆိုစေကာမူ နောက်လကျောင်းဆင်းပြီးနောက်လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် Ph.D ဘွဲ့ယူရန်စီစဉ်နေတဲ့ Belgiumနိုင်ငံမှ အသက် ၉ နှစ်အရွယ် Laurent အမည်ရှိကောင်လေးအတွက် ၎င်းသင်တန်းက ပြောမပလောက်အောင် လွယ်ကူနေပုံရပါတယ်။ အဖေဖြစ်သူ Alexander Simons ၏အဆိုအရ Laurent ဟာ သူ့ရဲ့ Ph.D ဘွဲ့ကိုရယူပြီးသွားခဲ့ရင် နောက်ထပ် ဆေးပညာဘွဲ့တစ်ခုရရန်အတွက်လည်း စီစဉ်နေပါတယ်။

Laurent အား ကွယ်လွန်သွားပြီဖြစ်တဲ့အဘိုးအဘွားများက သူ့မိဘများအတွက်လက်ဆောင်တစ်ပါးဘဲလို့ပြောခဲ့ဖူးပါတယ်။ Alexander နှင့် Laurent ရဲ့မိခင်ဖြစ်သူ Lydia တို့နှစ်ဦးစလုံးဟာ ကောင်လေးရဲ့ဆရာများက နောက်ပိုင်းတွင်တူညီတဲ့စကားမပြောမချင်း အဘိုးအဘွားများက ချဲ့ကားပြောနေတယ်လို့သာ ထင်ခဲ့ကြပါတယ်။“ သူတို့က Laurent နှင့် ပတ်သက်ပြီးအလွန်ထူးခြားတဲ့အရာတစ်ခုကိုသတိပြုမိကြတယ် ၊Laurent ကိုရေမြှုပ်နဲ့တူတယ်လို့လည်းပြောခဲ့ကြတယ်” ဟု မိခင် Lydia က အဘိုးအဘွားများရဲ့စကားကို ပြန်ပြောပြခဲ့ပါတယ်။

Laurent ဟာ ဆရာဝန်မိသားစုမှမွေးဖွားလာသော်လည်း မိခင်Lydia က ကောင်လေးဟာအလွန်လျင်မြန်စွာဘာမဆိုသင်ယူနိုင်စွမ်းရှိသည်ဟူသောကိုယ်ပိုင်သီအိုရီရှိပုံရကြောင်း နှင့် သူမကိုယ်ဝန်ဆောင်ချိန်မှာငါးအများကြီးစားခဲ့ကြောင်းကိုပါပြောပြခဲ့ပါတယ်။ထို့ပြင် Laurent ဟာ အသက် ၈ နှစ်သားအရွယ်တွင် သူ့ရဲ့အထက်တန်းပညာရေးကို တစ်နှစ်တည်းဖြစ်သာ အောင်မြင်ပြီးဆုံးနိုင်ခဲ့ပါတယ်။ ၎င်းတို့ရဲ့ထူးခြားတဲ့သင်ယူနိုင်စွမ်းကိုဖြည့်ဆည်းရန် အချိန်ဇယားများစီစဉ်နေတဲ့ Laurent ကဲ့သို့အထူးကျောင်းသားများရှိနေသော်လည်း Laurent ဟာ သူ၏တက္ကသိုလ်၌ထိပ်တန်းကျောင်းသားတစ် ဦးဖြစ်နေဆဲဖြစ်ပါတယ်။

“Laurent က ငါတို့ဒီမှာရှိဖူးသမျှ အမြန်ဆုံးတတ်တဲ့ကျောင်းသားပဲ ၊ သူကဉာဏ်ရည်ထက်မြက်ရုံတင်မကဘဲ အရမ်းစာနာတတ်တဲ့ကောင်လေးပါ”ဟု TUE လျှပ်စစ်အင်ဂျင်နီယာပညာရေးဘွဲ့Sjoerd Hulshofကဆိုခဲ့ပါသေးတယ်။Laurent ကိုယ်တိုင်ကစာသင်ရတာကိုနှစ်သက်နေပေမဲ့သူ့မိဘများက သူ့ရဲ့ကလေးဘဝကိုမပျက်မစီးစေဘဲ မျှမျှတတဖြစ်အောင်လုပ်ဖို့လိုအပ်တယ်လို့ယုံကြည်နေကြပြီး “ သူ့ကို ပြင်းပြင်းထန်ထန်မလုပ်စေချင်ဘူး ၊ သူကြိုက်တာကို လုပ်စေချင်တယ် ၊ ငါတို့က ကလေးတစ်ယောက်နဲ့ အရည်အချင်းတို့အကြား ဟန်ချက်ညီအောင်ထိန်းပေးချင်တယ် ” ဟုဖခင်ဖြစ်သူက ဆိုခဲ့ပါတယ်။

Laurent ဟာ သူ့ရဲ့အချစ်တော်ခွေးလေး Sammyနှင့်ဆော့ကစားရတာကြိုက်သလိုအခြားရွယ်တူများကဲ့သို့ mobile gamesများကိုလည်း ဆော့ရတာကြိုက်ပါတယ်။မည်သို့ပင်ဖြစ်စေ၊ သူ့ရွယ်တူသူငယ်ချင်းအများစုနှင့်မတူဘဲLaurentဟာဘွဲ့ရပြီးသူအောင်မြင်လိုသောပန်းတိုင်တစ်ခုကိုရထားပြီးဖြစ်ပါတယ်။ ထို့ပြင် Laurent ဟာ ဘွဲ့မယူခင် ဂျပန်နိုင်ငံ၌အားလပ်ရက်ခရီးထွက်ဖို့စီစဉ်ထားပါသေးတယ်။

crd