ငွေအတုတွေ ပေါများ နေတဲ့ ခုလိုခေတ်ကြီးထဲမှာ တန်ဖိုးကြီးတဲ့ တစ်သောင်းတန်တွေကို အတုရိုက်ပြီး အွန်လိုင်းမှာ ရောင်းချနေတာတွေကြောင့် ကိုယ့်လက်ထဲရောက်လာတဲ့ ပိုက်ဆံဟာ အတုဖြစ်နေမလားဆိုပြီး လူတိုင်း သံသယစိတ်ဖြစ်မိတတ်ကြပါတယ်
ငွေအတုအစစ် စစ်ဆေးနိုင်ဖို့ ငွေစက္ကူစစ်ဆေးတဲ့ ဓာတ်မီးတွေ ငွေရေစက်တွေ ရှိပေမယ့် ဒီပစ္စည်းတွေက လူတိုင်းလက်ထဲမှာ အလွယ်တကူရှိနေတတ်တဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး
ဒီခေတ်မှာ လူတိုင်းရဲ့ လက်ထဲမှာ အလွယ်တကူရှိနေတာကတော့ စမတ်ဖုန်းတွေပါပဲ
သက်လက်ထဲမှာ ရှိတဲ့ ဖုန်းနဲ့ ငွေအတု အစစ် စစ်ဆေးနိုင်တယ် ဆိုတာ သင်သိပါသလား?
သင့်ဖုန်းမှာ ပါဝင်တဲ့ ကင်မရာဟာ ဆယ်ဖီဆွဲဖို့တင်မက ငွေအတု အစစ် ကိုပါ စစ်ဆေးလို့ရပါတယ်
ငွေ အတု အစစ် စစ်ဆေးမယ် ဆိုရင် သင့်ဖုန်းရဲ့ ကင်မရာကို ဖွင့်လိုက်ပါ
ကင်မရာSetting ထဲက macro ကိုရွေးပြီး ငွေစက္ကူဘေးနားလေးကို သေချာချိန်ပြီး ရိုက်ရင် ခုလိုပေါ်တာကို တွေ့မှာပါ
အစစ်မှာ security printing work ဆိုတဲ့ စာတန်းပေါ်ပြီး အတုဆိုရင် အစက်တွေပဲ တွေ့ရမှာ ဖြစ်ပါတယ်
အရမ်းသေးငယ်တဲ့ Print နည်းပညာကို အတုထုတ်တဲ့စက်နဲ့ လိုက်လုပ်ဖို့ မလွယ်ပါဘူး
ငွေစက္ကူအစစ်ကို Scan ဖတ်ပြီး ကာလာ Printer နဲ့ထုတ်မယ်ဆိုရင်လဲ security printing work ဆိုတဲ့ စာတန်းကို ပေါ်အောင် Sacn မဖတ်နိုင်ပါဘူး..ဒါကြောင့် Sacn ဖတ်ပြီး ထုတ်ထားတဲ့ အတုမှာ security ဆိုတဲ့ စာတန်းမပေါ်ဘဲ အစက်တွေပဲ ပေါ်နေတာ ဖြစ်ပါတယ်
Photo : Credit
စွယ်စုံသုတ