ဗဟုသုတ

စစ်ပွဲကာလအတွင်းအသုံးပြုခဲ့တဲ့ကျင်းကို လှပတဲ့ဘားဆိုင်တစ်ခုအဖြစ် ပြောင်းလဲပြုပြင်ခဲ့တဲ့ အဖိုးအို

UK နိုင်ငံ Wolverhampton မြို့ရှိ ၁၉၂၀ ပြည့်နှစ်လောက်က တည်ဆောက်ခဲ့တဲ့ နှစ်လုံးတွဲအိမ်မှာ အသက် ၆၈နှစ်အရွယ် Khandu Patel အမည်ရှိတဲ့အမျိုးသားနှင့် ဇနီးဖြစ်သူတို့ နေထိုင်ကြပါတယ်။

Patelဟာ ဥယျာဉ်ခြံရှင်းနေတုန်း မြက်ခင်းအောက်ကအပေါက်တစ်ခုကိုတွေ့ရှိခဲ့ပြီးယခင်အိမ်ပိုင်ရှင်က ၎င်းဥယျာဉ်ခြံမှာဒုတိယကမ္ဘာစစ်အတွင်း လေကြောင်းစီးနင်းမှုအတွက် ခိုလှုံနိုင်ဖို့ တူးဖော်ခဲ့တဲ့ကျင်းတစ်ခုရှိနေခဲ့တာကို မရိပ်မိခဲ့ပါဘူး။

ထို့နောက် Patel က ၎င်းအပေါက်က ဘာဖြစ်မလဲဆိုတာကို သိရဖို့ Lockdown ကာလအတွင်း Patel နှင့် သူ့မိတ်ဆွေတစ်ဦးက ဥယျာဉ်အတွင်းရှိ ၎င်းအပေါက်ကို သေချာဖွင့်ပြီး အောက်မှာရှိတဲ့အရာကိုကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ဟာ မြေကြီးတွေကို တူးထုတ်ပြီးနောက် လှေကားထစ်ပုံစံကို တွေ့လိုက်ရပြီး လှေကားထစ်များတဖြည်းဖြည်းပေါ်တာနှင့်အမျှ သူတို့နှစ်ဦးစလုံးက ပိုပိုပြီး အံ့ဩသွားခဲ့ရပါတယ်။လှေကားထစ်များက ဥယျာဉ်အောက် ၁၀ ပေကျော်လောက်ဆင်းသွားပြီးမြေအောက်မှာအုတ်နှင့်ကွန်ကရစ်ခင်းပြီးသေချာစွာ ပြုလုပ်ထားတဲ့ အမိုးအကာကိုရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။

Patel က အဆိုပါအတိတ်ရဲ့ကြောက်စရာကောင်းတဲ့နေရာကို ဘားတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့ပြီး နံရံများကိုဆေးခြယ်ကာမီးသီးများပါ တပ်ဆင်ခဲ့ပါတယ်။” သူတို့က ဒါကို စစ်ပွဲကာလအတွင်းအသုံးပြုခဲ့တာ ဖြစ်မယ် ၊ ဒီမြေအောက်ခန်းက လူအယောက် ၄၀ လောက်ဆန့်တယ် ၊

ငါတို့က ဒါကို ဘားအဖြစ်ပြောင်းလဲပစ်ခဲ့တယ် ၊ ဒီနေရာက ငါတို့အနားယူနိုင်တဲ့နေရာဖြစ်မယ် ပြီးကျ့ မိသားစုများလာရင် ဒီနေရာက အဆင်ပြေမှုပေးလိမ့်မယ် “ လို့ Patel ကဆိုခဲ့ပါတယ်။အလားတူ အဖြစ်အပျက်မျိုးကို Hampshire နိုင်ငံ Eastleigh မြို့မှာ တွေ့ရှိခဲ့ဖူးပါသေးတယ်။

crd