ဗဟုသုတ

ဘယ်သူမှ အရေးမလုပ်တဲ့လမ်းဘေးတစ်နေရာမှာ နွေးထွေးတဲ့ချစ်ခြင်းမေတ္တာဖြင့် အချင်းချင်း ဖက်အိပ်နေခဲ့ကြတဲ့ အိမ်ရာမဲ့ကလေးနှင့်ခွေးလေး

စစ်မှန်သောအချစ်ရဲ့ အပြုအမူလုပ်ရပ်ကို သင်စဉ်းစားမိပါသလား။လူအချို့အတွက် ပစ္စည်းလက်ဆောင်များပေးခြင်း ၊ ၎င်းတို့အတွက်အရေးပါတဲ့ special person တစ်ဦးနှင့် အချိန်ဖြုန်းခြင်းသာဖြစ်ပါတယ်။သို့ပေမဲ့ အချို့တွေအဘို့ ချစ်ခြင်းမေတ္တာလုပ်ရပ်ဟာ သူတို့ရဲ့မိသားစုမဟုတ်သောပုဂ္ဂိုလ်တစ်ဦးသို့မဟုတ် အသိအကျွမ်း၊ မိတ်ဆွေများဖြင့် အတူတူမျှဝေခံစားတတ်ကြပါတယ်။လူတို့ဟာချစ်ခြင်းမေတ္တာဝေမျှခြင်းနှင့်ပတ်သက်၍ လမ်းဘေးခွေးများ သို့မဟုတ် ကြောင်များ ကဲ့သို့သောတိရိစ္ဆာန်များကို စဉ်းစားခဲကြပါတယ်။

၎င်းတို့ဟာ ကျွန်ုပ်တို့အား ဖော်ထုတ်ပြသနိုင်သည့်သတ္တဝါများဖြစ်သောကြောင့် ခွေး၊ကြောင်လေးတွေဟာ ခြွင်းချက်မရှိတဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားကြပါတယ်။အခုဖော်ပြထားတဲ့ဓာတ်ပုံထဲက ကလေးငယ်ဟာ မိဘများ သို့မဟုတ် မွေးစားမိဘများထံမှ စွန့်ပစ်ခံခဲ့ရခြင်းရှိမရှိကိုသေချာမသိရသေးပါဘူး။ထို့အတူ ကံမကောင်းစွာနဲ့ဘဲ လမ်းပေါ်ရှိကလေးငယ်များဟာ အစာစားရဖို့အတွက် တစ်နေ့ကို တစ်နေရာမှတစ်နေရာသို့ အမြဲလှည့်ပတ်သွားလာနေကြရပါတယ်။

မကြာသေးခင်က လမ်းဘေးမှာ သူ့ရဲ့သစ္စာစောင့်သိသောတစ်ကောင်တည်းသောမိသားစုဝင်ခွေးလေးနှင့်အတူဖက်အိပ်နေခဲ့တဲ့ အိုးမဲ့အိမ်မဲ့ကလေးငယ်ရဲ့ဓာတ်ပုံတစ်ပုံဟာ social media သို့ ပျံ့နှံ့ကာ လူသိများသွားခဲ့ပါတယ်။လမ်းပေါ်ဖြတ်သန်းသွားလာသူများက ကြမ်းပြင်ပေါ်အိပ်ရင်းအသံတိတ်အကူအညီတောင်းနေခဲ့ကြတဲ့ အဆိုပါကလေးနှင့်ခွေးလေးကို မကူညီဘဲ မသိသလို ဖြတ်သွားခဲ့ကြတာကြောင့် ၎င်းပုံရိပ်ဟာ ပို၍ပင် ဝမ်းနည်းကြေကွဲဖွယ်ပုံရိပ်အလား ဖြစ်ပေါ်စေခဲ့ပါတယ်။

အဆိုပါကလေးငယ်ရဲ့အကြောင်းကို မစုံစမ်းနိုင်ခဲ့သေးသလို သူဟာ ဖိလစ်ပိုင်နိုင်ငံ၊မနီလာရထားဘူတာအနီးရှိလမ်းဘေးတွင်သူ၏အိမ်မွေးတိရိစ္ဆာန်နှင့်အတူ အိပ်ခဲ့သည်ကိုသာ သိခဲ့ရပါတယ်။၎င်းအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် အဆိုပါကလေးဟာ ဘယ်လောက်ပင် ခက်ခဲနေပါစေ သူ၏ခွေးလေးကို မစွန့်ခွါဘဲ ကြီးမားတဲ့နှောင်ကြိုး၊ ချစ်ခြင်းမေတ္တာနှင့်သစ္စာစောင့်သိမှု၏အဓိပ္ပာယ်အမှန်ကို ပြသခဲ့ပါတယ်။

အခုဓာတ်ပုံတွေကို မြို့ထဲမှာနေထိုင်တဲ့ Jem Villomo က ဓာတ်ပုံရိုက်ယူခဲ့ပြီး ၎င်းတို့ကိုသူ့ရဲ့Facebook accမှာ ဖော်ပြကာ လူအများက ကလေးနှင့်ခွေးလေးတို့နဲ့ထိုက်တန်တဲ့အကူအညီအားလုံးကို ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေခဲ့ပါတယ်။“ကောင်လေးကလမ်းပေါ်မှာခွေးနဲ့အတူနေတယ်။သူကပိုက်ဆံမတောင်းဘဲသူတို့နှစ်ယောက်အတွက်စားစရာတွေပဲ တောင်းခဲ့တယ် ” လို့ Jem Villomo က ပြောပြခဲ့ပါသေးတယ်။

crd