ဗဟုသုတ

အမြဲအတူရှိနေခဲ့တဲ့ ဝက်ဝံရုပ်လေးနဲ့အတူ ကတ်ထူသေတ္တာထဲထည့်ပြီး စွန့်ပစ်ခံခဲ့ရတဲ့ ယုန်လေး

လန်ဒန်မြို့ရှိ Good Samaritan အမည်ရှိတဲ့အမျိုးသားဟာ လမ်းတစ်ဖက်ခြမ်းရှိ သေတ္တာတစ်လုံးထဲမှာတစ်ခုခုရွေ့လျားနေတာကို မြင်လိုက်တဲ့အခါ ထိတ် လန့်သွားခဲ့ပါတယ်။ Good Samaritan ဟာ ၎င်းသေတ္တာကို အနီးကပ်သွားကြည့်လိုက်တော့ သေတ္တာထဲမှာ ဝက်ဝံအရုပ်တစ်ခုနှင့်ပြေးလွှားနေတဲ့ယုန်တစ်ကောင်ကို တွေ့လိုက်ရလို့ အံ့ဩသွားခဲ့ပါတယ်။

ရာသီအေးခဲနေစဉ်အတွင်း သေတ္တာထဲမှထိခိုက်လွယ်တဲ့ယုန်တစ်ကောင်တည်းကို စိုးရိမ်တဲ့အတွက်ကြောင့် ယုန်ကို အိမ်သို့ခေါ်ပြန်ပြီး RSPCA သို့အကူအညီတောင်းခဲ့ပါတယ်။RSPCA ရှိ Lisa Millerအမည်ရှိတဲ့အမျိုးသမီးတိရိစ္ဆာန်စုဆောင်းမှုအရာရှိကသနားစရာကောင်းတဲ့ယုန်လေးကို Nigel လို့အမည်ပေးခဲ့ပြီး Good Samaritan ရဲ့နေအိမ်မှ ခေါ်ဆောင်သွားခဲ့ပါတယ်။

” Nigelလေး ဝက်ဝံရုပ်ကိုက်ပြီးပတ်ပြေးနေတာကို ကြည့်ရတာ အရမ်းချစ်စရာကောင်းတယ် သူက ဒီမတိုင်ခင် သေတ္တာထဲမှာဝက်ဝံရုပ်နဲ့ အချိန်တော်တော်ကြာ နေခဲ့ရမယ်ထင်တယ်”လို့ Millerကဆိုပါတယ်။ထို့နောက် Nigelကိုတိရိစ္ဆာန်ဆေးခန်းတစ်ခုသို့ခေါ်သွားစစ်ဆေးပေးခဲ့ကာ Nigel က ကျန်းမာရေးအလွန်ကောင်းမွန်နေပြီး ထိခိုက်ဒဏ်ရာများလည်းမရှိခဲ့ပါဘူး။“ဒီလိုမျိုး အအေးမိစေပြီးထိခိုက်လွယ်တဲ့နေရာမှာဘယ်တိရိစ္ဆာန်မှမထားခဲ့သင့်ပါဘူး၊

သူ့ကို Good Samaritanတွေ့ရှိခဲ့ရတာကအရမ်းကံကောင်းခဲ့တယ် ”လို့Millerကထပ်မံပြောကြားခဲ့ပါတယ်။Nigel ကို Kent ရှိတိရိစ္ဆာန်ဘော်ဒါဆောင်တစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။Nigel က စွန့်ပစ်ခံထားရတာကြောင့် အစပိုင်းမှာ ကြောက်လန့်နေခဲ့ပေမဲ့ ဝက်ဝံရုပ်လေးကသူ့အတွက်အလုံခြုံဆုံးစောင်တစ်ခုဖြစ်စေခဲ့ပါတယ်။Nigel လေးအတွက် ထာဝရအိမ်တစ်လုံး အမြန်ရှာပေးကြမယ်လို့လည်း မျှော်လင့်နေမိပါတယ်။

crd