ဗဟုသုတ

အိမ်ငှားစရိတ်ချွေတာဖို့အတွက် ဗန်ကားထဲမှာပဲနေခဲ့တဲ့ အမျိုးသား

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာနေထိုင်တဲ့ လူငယ်တစ်ယောက်ဟာ မြင့်မားလာတဲ့ အိမ်ငှားစရိတ်တွေကြောင့် အိမ်ငှားနေထိုင်တဲ့ လမ်းစဉ်ကို စွန့်လွှတ်လိုက်ပါတယ်။

ဒီလိုစွန့်လွှတ်လိုက်ပြီးနောက်ပိုင်းမှာ ဒီလူငယ်လေးဟာ ဗန်ကားထဲမှာပဲနေထိုင်ခဲ့ပါတယ်။ အခုလိုဗန်ကားထဲမှာပဲနေထိုင်လိုက်တဲ့အတွက်ဘယ်လိုအကျိုးအမြတ်တွေ ရသွားလဲဆိုတာ ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်နော်။

အသက်၂၄ နှစ်အရွယ်၇ှိပြီဖြစ်တဲ့အဲလက်စ်ဟေးလ်ဟာလန်ဒန်မြို့ကအိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူ့မှာလည်း တစ်ခြား လူငယ်တွေနည်းတူ အိမ်မက်တစ်ခုရှိပါတယ်။ဒီအိမ်မက်ကတော့တစ်နေ့မှာ သူဟာဥရောပတိုက်ကိုစက်ဘီးနဲ့တစ်ပတ်ပတ်ပြီးခရီးထွက်ဖို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း မြင့်မားလာတဲ့ အိမ်ငှားစရိတ်တွေက သူ့အိမ်မက်ကို တစ်စိတ်တစ်ပိုင်း နှောင့် ယှက်နေသလို ဖြစ်နေပါတယ်။

ဒါ့ကြောင့်ပဲ သူဟာ အိမ်ဆက်ငှားမနေတော့ပဲ ဗန်ကားထဲမှာပဲ နေထိုင်ခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အကြီးမားဆုံး အခက်အခဲကတော့ အိမ်သာမပါရှိတာကြောင့် ညနေ ၇နာရီနောက်ပိုင်း ရေတောင်မသောက်တော့ဘူးလို့ သိရပါတယ်။ သူအခုလို ကားထဲမှာ နေထိုင်တာဟာအင်္ဂလန်နိုင်ငံရဲ့ ဥပဒေနဲ့လည်း မငြိစွန်းတာကြောင့် အခက်အခဲသိပ်မရှိဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

အခုလို ဗန်ကားထဲမှာ နေထိုင်တဲ့အတွက်တစ်လကိုအနည်းဆုံးစတာလင်ပေါင် ၁၀၀၀ (မြန်မာကျပ်ငွေ ၁၇ သိန်း)လောက် ပိုစုမိတယ်လို့ အဲလက်စ်က ပြောပါတယ်။

crd