ဗဟုသုတ

နှစ်ပေါင်း ၄၀ကျော်ထိ တစ်ရေးမှအိပ်မရခဲ့သော အမျိုးသမီးရဲ့အဖြစ်

တရုတ်နိုင်ငံ Henanပြည်နယ်တွင် နေထိုင်သော အသက် ၄၆နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ထူးဆန်းစွာပဲ အိပ်မရတဲ့ရောဂါဝေဒနာကို ခံစားခဲ့ရသည်။

အမျိုးသမီးသည် အသက် ၆နှစ်အရွယ်လောက်ကစပြီး နှစ်ပေါင်း ၄၀အတွင်းကို တစ်ရေးမှ မအိပ်ခဲ့ရပဲ ဖြစ်ခဲ့ကာ ခင်ပွန်းဖြစ်သူမှ အိပ်ဆေးပေါင်းစုံဝယ်တိုက်ခဲ့သော်လည်း အခြေအနေက ဘားမှထူးခြားမလာခဲ့ပေ။

ရပ်ကွက်ထဲကလည်း သူမမအိပ်ပဲနေနိုင်တာကို မယုံကြည်ကြ၍ အမျိုးမျိုးစမ်းသပ်ခဲ့ရာ နောက်ဆုံး လက်လျှော့ခဲ့ရပြီး ဆေးရုံဆေးခန်းသို့ သွားကာ ဆရာဝန်နှင့် ပြခဲ့သည်။

သို့သော်လည်း အမျိုးသမီးသည် မအိပ်ရလို့ဆိုပြီး အိပ်ငိုက်တာမျိုး မလန်းဆန်းတာမျိုးမရှိပဲ နေကောင်းကျန်းမာနေကာ မည်သည့်ရောဂါလက္ခဏာမှ မတွေ့ရှိခဲ့ရပါ။

ဆရာဝန်များသည် အမျိုးသမီးဧ။် ရောဂါမှာထူးဆန်းလွန်းပြီး မျက်လုံးဖွင့်လျက်သားနဲ့ အိပ်ပျော်တတ်သောသူအဖြစ်သာ ထင်မြင်ချက်ပေးခဲ့ကြသည်။

crd