ဗဟုသုတ

ရှားပါးတဲ့ရောဂါလက္ခဏာဖြင့်မွေးဖွားလာခဲ့ပေမဲ့ သခင်ကောင်းနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့ ကျောရိုးတိုပြီးလည်ပင်းမရှိတဲ့ခွေးမလေး

ရှားပါးတဲ့ရောဂါလက္ခဏာဖြင့်မွေးဖွားလာခဲ့ပေမဲ့ သခင်ကောင်းနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့ ကျောရိုးတိုပြီးလည်ပင်းမရှိတဲ့ခွေးမလေး

Anna Marie Giannini အမည်ရှိအမျိုးသမီးတစ်ဦးဟာအွန်လိုင်းကြော်ငြာတစ်ခု၌အခြားခွေးများနဲ့မတူတဲ့ ခွေးပေါက်လေးတစ်ကောင်ကိုတွေ့လိုက်ရပြီး ထိုခွေးလေးက သူမရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။ အခြားခွေးများထဲမှထင်ရှားတဲ့ Tillyအမည်ရှိထိုခွေးပေါက်လေးဟာချစ်စရာကောင်းတဲ့တိဘက် spaniel ခွေးတစ်ကောင်ဖြစ်ပါတယ်။

Tilly ဟာ ကျောရိုးတိုလည်ပင်းမရှိတဲ့အပြင် ရှားပါးတဲ့ကျောရိုး syndrome ရောဂါဖြင့်မွေးဖွားလာခဲ့တဲ့ ခွေးမလေးတစ်ကောင်ဘဲဖြစ်ပါတယ်။ Anna ထိုဂေဟာသို့ရောက်တဲ့အခါ ဝန်ထမ်းများက Anna အား Tilly က မသန်မစွမ်းဖြစ်နေတဲ့ခွေးပေါက်လေးတစ်ကောင်ဖြစ်ပြီး Tilly အတွက်နေအိမ်မရှာပေးနိုင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။

Anna ဟာ Tilly ကိုပွေ့ဖက်လိုက်တဲ့အခါမှာ ဘယ်သူကမှ Tilly ကိုအိမ်ခေါ်မပြန်ချင်ကြတာကိုသူမမယုံနိုင်ဖြစ်ခဲ့ရကြောင်းကို “ ငါ Tillyကိုစချီလိုက်တုန်းက သူကသေးငယ်ချောမွေ့တဲ့ဘောလုံးတစ်လုံးလိုပါပဲ ၊ Tilly က ငါ့လက်ထဲမှာတော့ လုံးဝအဆင်ပြေနေတယ် အိမ်ပြန်ခရီးမှာ Tilly က ငါ့ပေါင်ပေါ်တက်အိပ်ပြီး သူ့ရဲ့အညိုရောင်မျက်လုံးကြီးတွေနဲ့ ငါ့ကိုစိုက်ကြည့်နေခဲ့တယ် ” လို့ Anna က ပြောကြားခဲ့ပါတယ်။

Tilly ဟာ အသက်ကြီးလာတာနှင့်အမျှ သူမရဲ့ကျောရိုးအတိုက ပိုမြင်သာလာခဲ့ပါတယ်။ Tilly ဟာ ရှားပါးရောဂါတစ်မျိုးဖြင့်မွေးလာခဲ့ပေမဲ့လည်း သူမရဲ့ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်အောင်သင်ယူနိုင်ခဲ့ပြီး သူမရဲ့ကျောရိုးအတိုကြောင့် ကျန်းမာရေးပြဿနာကလွှဲရင် အခြားပြသနာမရှိသလို သူမအသက်ရှည်ပြီးကျန်းမာပါစေလို့ဆန္ဒပြုကြောင်း Anna က ထပ်မံပြောကြားခဲ့ပါတယ်။

Tilly က အတက်အဆင်းလုပ်ရာမှာ အနည်းငယ်အကူအညီလိုအပ်တာကြောင့် Anna က သူမအတွက် အထူးလှေခါးကိုပြုလုပ်ပေးထားပါတယ်။ Tilly ဟာ သူမအတွက်လုပ်ပေးခဲ့သမျှအတွက် Anna ကို ကျေးဇူးတင်ကြောင်းပြရန် တွန့်ဆုတ်မနေခဲ့သလို နာရီတိုင်းမှာ အလိုလို Anna ဆီသို့ပြေးသွားပြီး အနမ်းပေးတတ်ပါသေးတယ်။

တစ်ခြားခွေးများက သူမကိုတွေ့ရင်စပ်စုလေ့ရှိတတ်ကြပေမယ့် သူမကလည်း ဂရုမစိုက်နေတတ်ပါဘူး။သို့ပေမဲ့ Tilly က ကစားချင်လာရင်လည်း ဘယ်လိုအရွယ်အစားခွေးတွေနဲ့မဆိုကို အတူတူဆော့ကစားတတ်ပါတယ်။“ Tilly က ငါ့နဲ့အတူအိပ်တယ်၊ ပြီးတော့ သူမက ငါ့ကိုအမြဲထိတွေ့နေတတ်တယ်၊ ငါချက်ပြုတ်တဲ့အခါဆို ငါ့ခြေထောက်ကြားမှာလာလာပြီးရပ်နေတတ်သလို ငါ့အိမ်စာလုပ်တဲ့အခါမှာဆိုလည်း ငါ့ခြေထောက်ပေါ် ဒါမှမဟုတ် ငါ့နံဘေးမှာအမြဲရှိနေတတ်တယ် ” လို့ Anna ကဆိုခဲ့ပါတယ်။

Anna ဟာ Tilly ကိုပိုင်ဆိုင်ရသည်မှာအလွန်ကံကောင်းပြီးTilly နှင့်ပတ်သက်ပြီးဘယ်အရာကိုမျှပြောင်းလဲသွားစေမှာမဟုတ်ကြောင်းနှင့် သူမက Tilly အားပျော်ရွှင်တဲ့ဘဝကိုပေးနိုင်ခဲ့တာကြောင့်လည်း အလွန်ပင်ဝမ်းမြောက်ပျော်ရွှင်ရကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။

crd