News

“လူငယ်တွေ အရက်များများသောက်ကြဖို့ ဂျပန် အစိုးရ တိုက်တွန်းပြီ”

အသက် ၂၀ ကနေ ၃၉ နှစ်အရွယ် ဂျပန်နိုင်ငံသားတွေမှာ နေအိမ်အတွင်း အရက်ပိုမိုသောက်သုံးကြဖို့ အပါအဝင် အရက်သောက်သုံးမှု တိုးမြှင့်ဖို့ ဗျူဟာနည်းလမ်းတွေနဲ့ အကြံဉာဏ်တွေတင်ပြဖို့ ဂျပန် အစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။

လူငယ်တွေအနေနဲ့ အရက်သေစာ များများသောက်စား လာစေဖို့အ တွက် အစိုးရက တွန်းအားပေးလိုက်တယ်လို့ သိရပါတယ်။

အကြောင်းအရင်းမှာကား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေအတွင်း လူအများအပြားမှာ အရက် သောက်သုံးခြင်းကို ရပ်တန့်လိုက်ပြီးတဲ့နောက် အမျိုးသား အခွန်အေဂျင်စီအတွက် ဝင်ငွေ နည်းပါး သွားစေတဲ့အပြင် အရက်ရောင်းချမှုနှုန်းကလည်း ကျဆင်းသွားတာကြောင့် ဖြစ်ပါတယ်။

ဒီ့အတွက်ကြောင့် အေဂျင်စီအနေနဲ့ နေအိမ်တွေမှာ အရက်သေစာသောက်သုံးခြင်းအပါအဝင် အရက် သောက်သုံးမှု မြှင့်တင်ဖို့ အကြံဉာဏ်တွေတင်ပြဖို့ အသက် ၂၀ ကနေ ၃၉ နှစ်ကြား လူငယ်တွေကို ပြိုင်ပွဲတစ်ခု ပြုလုပ်ပြီး ဖိတ်ခေါ်ထားပါတယ်။

ဂျပန်နိုင်ငံက အရက်သေစာသောက်သုံးမှုက သက်ကြီးရွယ်အိုတွေ အပါအဝင် အကြောင်းအမျိုးမျိုး ကြောင့် ပြီးခဲ့တဲ့ ရာစုနှစ်ရဲ့ နောက်ဆုံး လေးပုံတစ်ပုံမှာဆိုရင် ၂၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ကပ်ကာလအတွင်းမှာလည်း လူငယ်တွေမှာ စားသောက်ဆိုင်သွားလာခြင်း၊ အပြင်ထွက်ခြင်းနဲ့ လူမှုရေးအရ များများစားစား သွားလာခြင်းတွေကို ရပ်တန့်လိုက်တာကြောင့်လည်း အရက်သေစာ သောက်သုံး မှုနဲ့ ဝယ်လိုအားတွေ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ အရက်ရောင်းချမှု အခွန်ဟာ ဆယ်စုနှစ် ၃ ခုအတွင်း အကြီးမားဆုံးကျဆင်းသွား ခဲ့ပါ တယ်။ အဲ့ဒီနှစ်မှာ အဆိုးရွားဆုံး အဖြစ် ဘီယာသောက်သုံးမှုဟာလည်း ၂၀ ရာခိုင်နှုန်းကျော်ကျဆင်း သွားခဲ့ပါတယ်။

Ref:telegraph

#ဘန်ကောက်လမ်းညွန်ကိုစိုင်း