News

“ကျန်းမာရေးကောင်းစေတယ်လို့ ယုံကြည်ကြတာကြောင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြတဲ့ နွားချေးပစ်ပွဲတော်”

အိန္ဒိယနိုင်ငံတစ်ဝှမ်းမှလူအများအပြားဟာ ပျော်ရွှင်စရာနှင့် ကျန်းမာရေးအတွက်အကျိုးပြုသည်ဟု ယုံကြည်ကြပြီး ဤ နှစ်စဉ်နှစ်တိုင်း Gumatapura ကျေးရွာသို့ တစ်စုတစ်ဝေးလာရောက်ကြပါတယ်။

“အကယ်လို့ရောဂါတွေဘာတွေရှိခဲ့ရင် ဒီနွားချေးပစ်ပွဲကြောင့် ပျောက်ကင်းသွားမှာပါ” ဟု နွားချေးပစ်ပွဲတော်ကျင်းပရာဒေသ၌နေထိုင်သူတစ်ဦးဖြစ်တဲ့ Mahesh က ပြောကြားခဲ့ပါတယ်။

လူဦးရေ ၁.၃ ဘီလီယံကျော်ရှိတဲ့ တိုင်းပြည်မှာ ဤနွားချေးတွေဟာ အထူးပင်တန်ဖိုးကြီးလှပါပြီး ကုမ္ပဏီတွေက အလှကုန်၊ အနုပညာနဲ့ လက်မှုပညာထုတ်ကုန်တွေနဲ့ အလှကုန်ပါဝင်ပစ္စည်းများအဖြစ်တောင် ထည့်သွင်းအသုံးပြုကြပါတယ်။ ထို့ကြောင့်၊ လူတွေကို နွားချေးပစ်ခြင်းက ပွဲပါဝင်ဆင်နွှဲသူ ရာနှင့်ချီအတွက်ကတော့ အနှောက်အယှက်မဖြစ်နေတော့ပါဘူး။

နွားချေးတိုက်ပွဲနေ့ဟာ Karnataka နှင့် Tamil Nadu ပြည်နယ်နှစ်ခုကြားနယ်စပ်ရှိ Gumatapura ကျေးရွာရှိနွားပိုင်အိမ်များမှ “နွားချေး” များစုဆောင်းခြင်းဖြင့်စတင်ပါတယ်။ နွားရဲ့အညစ်အကြေးများကို လယ်ထွန်စက်ပေါ်သို့တင်ကာ ဘုန်းကြီးများက ကောင်းချီးပေးသည့်အခမ်းအနားကျင်းပရာ ဒေသန္တရဘုရားကျောင်းတစ်ခုသို့ပေးပို့ကြရပါတယ်။

ထို့နောက် “ကံကောင်းစေတဲ့နွားချေး” များကို Gumatapura ကျေးရွာရှိ လစ်လပ်နေတဲ့ဟင်းလင်းပြင်နေရာတစ်ခုသို့ပို့ဆောင်ပေးရပြီး၊ ပွဲတော်ကိုပါဝင်ကျင်းပမဲ့ စိတ်အားထက်သန်သူ များက ပွဲအတွက်ပြင်ဆင်ရန်အတွက် ထိုနေရာသို့ အပြေးအလွှားသွားရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်ပါတယ်။

ဤသည်မှာ ပြင်းထန်ပြီး ပျော်ရွှင်စရာကောင်းတဲ့တိုက်ပွဲဖြစ်ပြီး ပွဲတော်ကျင်းပနေစဉ် နေရာတိုင်းမှာ အမှိုက်သရိုက်များလည်း ပျံဝဲနေမှာဖြစ်ပါတယ်။ ဒီတိရိစ္ဆာန်တွေရဲ့ အကာအကွယ်ကိုမြှင့်တင်ပေးနေတဲ့ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ကလည်း နှစ်စဉ်နှစ်တိုင်း ဤနွားချေးပစ်ပွဲတော်ကို ကြည်ဖြူစွာ ခွင့်ပြုပေးထားပါတယ်။

Crd- Mia (KB Chimm y One)