News

“မိခင်ဖြစ်သူမှ သမီးလေးအား အရပ်ရှည်အောင်ဆိုပြီး တစ်နေ့ကို အကြိမ်ပေါင်း ၃၀၀၀ ကြိုးခုန်ခိုင်းခဲ့ရာမှ. ..see more..

မိခင်ဖြစ်သူမှ သမီးလေးအား အရပ်ရှည်အောင်ဆိုပြီး တစ်နေ့ကို ကြိုးအကြိမ်ပေါင်း ၃၀၀၀ ခုန်ခိုင်းခဲ့ရာ ဆေးရုံတက်ခဲ့ရသည့်အဖြစ်

တရုတ်နိုင်ငံ Zhejiangပြည်နယ်တွင် နေထိုင်သော မိခင်တစ်ဦးသည် အသက် ၁၃နှစ်အရွယ် သမီးလေးတစ်ယောက်ရှိရာ အရွယ်ရောက်လာသည်နှင့်အမျှ အရပ်ရှည်ပြီး စမတ်ကျသော မိန်းမလှလေးအဖြစ်သို့ ပြောင်းလဲပေးစေချင်ခဲ့သည်။

ထို့ကြောင့် မိခင်ဖြစ်သူသည် ကြားစကားများအရ သမီးလေးအား မနက်ခင်းအကြိမ် ၁၀၀၀ နေ့လယ် ၁၀၀၀နှင့် ညနေ ၁၀၀၀ စသဖြင့် တစ်နေ့လျှင် စုစုပေါင်းအကြိမ် ၃၀၀၀ ခုန်ခိုင်းခဲ့သည်။

ကြိုးခုန်ခဲ့ပြီး ၂လအကြာတွင် သမီးလေးသည် ဒူခေါင်းမှာ အရမ်းနာကျင်လာ၍ မခုန်နိုင်တော့ကြောင်း မိခင်ဖြစ်သူကို ပြောဆိုခဲ့ရာ ပျင်းရိပြီးအချောင်ခိုတယ်ဟုဆိုကာ အနားမပေးပဲ ဆက်လေ့ကျင့်ခိုင်းခဲ့သည်။

နောက်ဆုံးတွင် သမီးလေးသည် မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့ပဲ ဖြစ်ခဲ့ရာ ထိုအချိန်မှ ဆေးရုံသို့အပြေးလွှား သွားပြခဲ့တော့သည်။ကံမကောင်းစွာပဲ သမီးလေးမှာ ခြေထောက်နှစ်ဖက်လုံးမှာ ခွဲစိတ်ကုသမှုခံယူမှသာ ပြန်ပြီးကောင်းလာနိုင်မည့် အခြေအနေဖြစ်ခဲ့ရသည်။

Zawgyi

တ႐ုတ္ႏိုင္ငံ Zhejiangျပည္နယ္တြင္ ေနထိုင္ေသာ မိခင္တစ္ဦးသည္ အသက္ ၁၃ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္ရွိရာ အ႐ြယ္ေရာက္လာသည္ႏွင့္အမွ် အရပ္ရွည္ၿပီး စမတ္က်ေသာ မိန္းမလွေလးအျဖစ္သို႔ ေျပာင္းလဲေပးေစခ်င္ခဲ့သည္။

ထို႔ေၾကာင့္ မိခင္ျဖစ္သူသည္ ၾကားစကားမ်ားအရ သမီးေလးအား မနက္ခင္းအႀကိမ္ ၁၀၀၀ ေန႔လယ္ ၁၀၀၀ႏွင့္ ညေန ၁၀၀၀ စသျဖင့္ တစ္ေန႔လွ်င္ စုစုေပါင္းအႀကိမ္ ၃၀၀၀ ခုန္ခိုင္းခဲ့သည္။

ႀကိဳးခုန္ခဲ့ၿပီး ၂လအၾကာတြင္ သမီးေလးသည္ ဒူေခါင္းမွာ အရမ္းနာက်င္လာ၍ မခုန္ႏိုင္ေတာ့ေၾကာင္း မိခင္ျဖစ္သူကို ေျပာဆိုခဲ့ရာ ပ်င္းရိၿပီးအေခ်ာင္ခိုတယ္ဟုဆိုကာ အနားမေပးပဲ ဆက္ေလ့က်င့္ခိုင္းခဲ့သည္။

ေနာက္ဆုံးတြင္ သမီးေလးသည္ မတ္တပ္ေတာင္ ေကာင္းေကာင္းမရပ္ႏိုင္ေတာ့ပဲ ျဖစ္ခဲ့ရာ ထိုအခ်ိန္မွ ေဆး႐ုံသို႔အေျပးလႊား သြားျပခဲ့ေတာ့သည္။

ကံမေကာင္းစြာပဲ သမီးေလးမွာ ေျခေထာက္ႏွစ္ဖက္လုံးမွာ ခြဲစိတ္ကုသမႈခံယူမွသာ ျပန္ၿပီးေကာင္းလာႏိုင္မည့္ အေျခအေနျဖစ္ခဲ့ရသည္။