မျောက်ပြ၍ ဆန်တောင်းခြင်း
ယနေ့နံနက်ရန်ကုန်တစ်မြို့လုံး မိုးများပြီးရေကြီးရေလျှံဖြစ်နေသည်ကို အွန်လိုင်းစာမျက်နှာပေါ်မှာလူတိုင်းတွေ့မြင်နေကြမည်ထင်၏
တချို့မြို့နယ် ရပ်ကွက်များတွင်ခါးလောက်ထိရေကြီးနေ၏မိမိတို့ကျောင်းဝန်းထဲမှာပင် ဒူးလောက်ထိရေများနေ၏
ဒီလောက်ဒုက္ခရောက်နေသော်လည်းတချို့ဘုန်းကြီးကျောင်း သီလရှင်ကျောင်းများ၌တိုင်းရင်းသားကလေးငယ်များကိုမွေး၍ကိုယ်ကျိုးအတွက်စီးပွားရှာနေသည်မှာ မသင့်တော်ပေ
(သနားစရာ ကလေးငယ်လေး)
နေ့တိုင်းအရပ်တကာနှံ့အောင် ဆွမ်းဆန်အလှူခံခိုင်းနေသည်လားမသိပေ
မိမိတို့ကျောင်းထဲကနေဖြတ်သွားဖြတ်လာသွားနေသည်မှာ နေ့တိုင်းပင်
ဒီလောက်ရေစီးအားသန်တဲ့ မိုးရေထဲမှာ အလှူခံထွက်နေသောဆရာလေးကို မြင်ပြီး စိတ်မကောင်းဖြစ်မိ၍ ဆရာလေးကို ချော့ခေါ်ပြီး ဆရာလေးရေ ရေကြီးနေတဲ့ဒီအချိန်ကြီးမှာ ဘယ်သူကမှ လောင်းမှာမဟုတ်လောက်ဘူး
(တစ်ကိုယ်လုံး မိုးစိုနေ၍ ချမ်းတုန်နေသော ခလေးငယ်)
(လည်ဆွဲကဒ်လေးနဲ့)
(ဆရာလေးက ဘယ်ကလည်းလို့ချော့ပြီး မေးကြသော်လည်းမဖြေနိုင်ရှာပေ)
(မိုးရေထဲ ချော်လဲလို့ မျက်ခုံးတစ်ဖက်နဲ့ ဦးခေါင်း နဲနဲထိသွားလို့ဆေးလိမ်းပေးပြီးကျောင်းမှာရှိတဲ့ ခလေးတစ်ယောက်ရဲ့အဝတ်စားဝတ်ပေးပြီးခေတ္တခဏ စောင်လေးခြုံပေးပြီး အနားယူခိုင်း)
ဘယ်မှအလှူခံမသွားနဲ့တော့ဟု ချော့မော့ပြောပြီး ကျောင်းမှသံဃာများက ဆရာလေးနှစ်ပါးအတွက် ဆွမ်းဆန်များနှင့် ဆရာလေးတစ်ပါးလျှင် ၄၅၀၀ကျပ်ဆီ ခွဲ၍လှူလိုက်ကြသည်
(ရယ်စရာများပြော၍ ပိုက်ဆံလှူသော်လည်း တချက်လေးမှပြုံးမပြသော ဆရာလေး )
ပအိုင်းတိုင်းရင်းသူဆရာလေးမှာ ဗမာစကားလည်း ကောင်းကောင်းမပြောတက်ရှာ
အလှူခံလို့ရတဲ့ပိုက်ဆံတွေ ကျောင်းရောက်ရင် အပ်ရတာလားလို့ မေးကြည့်တော့
ရသမျှဟာအကုန်လုံးအပ်ရတာလို့ ပြောပြတော့ ရင်ထဲမှာ ပိုလို့စိတ်မကောင်းဖြစ်မိပါရဲ့
အစကတော့ ဖုန်းဆက်ပြီး မေးကြည့်ဖို့တွေးမိပေမယ့် မဆက်တော့ပါဘူးလေလို့ ဆုံးဖြတ်ပြီး မဆက်ဖြစ်ခဲ့ဘူး
သူ့ရဲ့လည်ပင်းက လည်ဆွဲကဒ်လေးမှာ လိပ်စာနဲ့ ဖုန်းနံပတ်လေးပါတယ်
လူအချင်းချင်း လှည်ပတ်ခြင်း ကင်းရှင်းကြပါစေ
ဘဝအဘိဓာန်