Unicode
အဝီစိကိုနယ်ချဲ့နေတဲ့စင်ကာပူနိုင်ငံ..
စင်ကာပူနိုင်ငံဟာ အလွန်းသေးငယ်တဲ့ ကျွန်းနိုင်ငံဖြစ်တဲ့အတွက် သူ့မှာ မြေနေရာ များများစားစား မရှိပါဘူး
ဒီတော့ မြေနေရာအတွက် စင်ကာပူဟာ အဝီစိကို နယ်ချဲ့ပါတော့တယ်
စင်ကာပူနိုင်ငံပိုင်ဂျုရောင်းကျွန်းရဲ့အောက်ပင်လယ်ထဲအထပ်၄၀ လောက်ကိုဆင်းသွားရင် ခုလိုမြေအောက်ရေနံစိမ်းနဲ့ဓာတုပစ္စည်းသိုလှောင်ကန်တွေကို တွေ့ရပါလိမ့်မည်။
သူထိန်းနိုင်တဲ့ပမာဏဟာအိုလံပစ်ရေကူးကန်ပေါင်း ၆၀၀စာလောက်ကျယ်ပါသတဲ့။
ခုလိုလုပ်လိုက်တဲ့အတွက် မြေပြင်ပေါ်မှာ မြေနေရာအလွတ်ဟာ ဘောလုံးကွင်း၈၄ကွင်းစာလောက်ရသွားစေလို့၊
ပန်းခြံနဲ့ အိမ်ယာတွေလို လူတွေအတွက် အသုံးပိုကျမယ့်အရာတွေကို လုပ်ဆောင်ပေးလာနိုင်စေပါသတဲ့။
ပိုက်ဆံရှိပြီး ပညာတတ်တော့ စိတ်သွားတိုင်းကိုယ်ပါနေတဲ့ ကျွန်းနိုင်ငံလေး စင်ကာပူဟာ ဒေသတွင်းနိုင်ငံတွေအကြား အားကျအတုယူစရာပါပဲလေ။
Photo – JTC
ဂျုရောင်းကျွန်းရဲ့အောက်
(Zin Min Nyein)
Zawgyi
Photo – JTC
(Zin Min Nyein)