ဗဟုသုတ

တစ်ကိုယ်တည်းအထီးကျန်သမားတွေအတွက် အထူးလူဌားရမ်းဝန်ဆောင်မှုတွေပေးနေတဲ့ ကုမ္ပဏီ

ကျွန်တော်တို့အားလုံးဟာ social media မှာ မကျော်ကြားတတ်ပေမဲ့ လူသိများအောင် လုပ်ချင်တတ်ကြပါတယ်။သင်က တစ်ကိုယ်တည်းသမားမို့ အင်တာနက်မှာ မိသားစု စုံစုံလင်လင်နဲ့ ဒါမှမဟုတ် ချစ်သူကောင်လေး၊ကောင်မလေးတွေနဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံတွေတင်ချင်ပါသလား။

မပူပါနဲ့ အဲ့ပြဿနာကို ဖြေရှင်းပေးမယ့် Family Romance ဆိုတဲ့ ဂျပန်ကုမ္ပဏီတစ်ခု ရှိပါတယ်။၎င်းက သင်တို့ရဲ့social accတွေကို ကြည့်ကောင်းသွားအောင် လုပ်ပေးပါလိမ့်မယ်။ အဆိုပါကုမ္ပဏီရဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Real Appeal က သင်တို့ရဲ့ Online ပုံရိပ်တွေကို မြင့်တင်ပေးပြီး ၂နာရီအကြာ ဝန်ဆောင်မှုကို အသုံးပြုချင်ရင်တော့ ကုမ္ပဏီက သင့်ဓာတ်ပုံထဲပါဝင်နိုင်တဲ့ သူငယ်ချင်းအတုအယောင်တွေပေးပါလိမ့်မယ်။

အဆိုပါ အတုအယောင်တွေကလည်း လက်တွေ့ဘဝမှာ တကယ့်အစစ်အမှန်ရင်းနှီးနေသလို ခံစားစေပါလိမ့်မယ်။Japan Informerသတင်းအရ ဝန်ဆောင်မှုမှာ သင် သူငယ်ချင်းဘယ်လောက်ဌားဌား ကန့်သတ်ထားခြင်းမရှိသလို တစ်ယောက်ဌားရင်ယန်း၈,၀၀၀(၁၀၂,၀၀၀ကျပ် )ကျသင့်ပြီး အဲ့ဒီထဲ သင်သွားချင် စားချင်တဲ့ နေရာစရိတ်တွေမပါသေးပါဘူး။

အသက်၊ ကျား၊မ ဒါမှမဟုတ် သင်သဘောကျတဲ့လူတွေကိုတော့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။လူတစ်ယောက်ကို ( ၁၀၂,၀၀၀ကျပ်)ဆိုတော့ အကယ်လို့ သင်က မိသားစုငါးယောက်ပုံတွဲရိုက်ချင်ရင် နောက်ထပ် လေးယောက်စာ စရိတ်ကုန်ကျမှာဖြစ်တာမို့ ဓာတ်ပုံတွေရိုက်ဖို့အတွက်ဘဲဆို အတော်လေး စျေးကြီးနေမှာပါ။

ဒါပေမဲ့လည်း Real Appeal က ဂျပန်နိုင်ငံရဲ့ နောက်ဆုံးပေါ် ဝန်ဆောက်မှုတစ်ခုပါ။ မိဘတွေအဖြစ် သရုပ်ဆောင်နိုင်ဖို့ လူတစ်ယောက်ကို ယန်း၂၀,၀၀၀( ၂၅၅,၀၀၀ကျပ်)နဲ့ဌားရမ်းနိုင်ပြီး ဒါမှမဟုတ် သင့်ရဲ့မင်္ဂလာဆောင်ပွဲမှာ ပွဲစည်နေဖို့အတွက်လည်း လူအုပ်တွေကိုလည်းဌားရမ်းနိုင်ပါသေးတယ်။ဒီဝန်ဆောင်မှုက တစ်ကိုယ်တည်းသမားတွေအတွက် အထူးအဆင်ပြေနေပေမဲ့ ၂နာရီစာအတွက် ဌားရမ်းခတွေက အတော်လေးစျေးများလွန်းနေပါတယ်။ သင်တို့ကော ဒီဝန်ဆောင်မှုကို ဘယ်လိုသဘောရပါသလဲ။

crd