ဗဟုသုတ

အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန်များအတွက် သက်သောင့်သက်သာရှိစေမယ့် တာယာမွေ့ယာခင်းများပြုလုပ်ပေးခဲ့တဲ့ အမျိုးသား

Amarildo Silva Filho အမည်ရှိ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ တိရိစ္ဆာန်ကိုချစ်မြတ်နိုးတဲ့လက်မှုပညာရှင်တစ်ဦးပါ။Filho ဟာ လက်လီအရောင်းဆိုင်အလုပ်မှနုတ်ထွက်ပြီးနောက်အိမ်ခြေမဲ့တိရိစ္ဆာန်လေးများအတွက်စွန့်ပစ်ထားတဲ့တာယာဟောင်းများကိုပြန်လည်အသုံးပြုကာ သူတို့အတွက် သက်သောင့် သက်သာရှိစေပြီးနွေးထွေးတဲ့အိပ်ရာအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

တာယာအိပ်ရာတစ်ခုဖြစ်ဖို့ Filhoဟာ တာယာတွေကိုသေသေချာချာဖြတ်တောက်လိုက်ပြီး ဆေးသုတ်ခြင်းပြုလုပ်လိုက်သလိုတစ်ခါတစ်ရံကိုယ့်စိတ်ကြိုက်ကွဲပြားတဲ့အရောင်တွေနဲ့လည်း အလှဆင်ထားလိုက်ပါသေးတယ်။နွေးထွေးပြီးသက်သောင့်သက်သာရှိတဲ့ မွေ့ယာအချို့ကိုလည်း Filhoကိုယ်တိုင်ချုပ်ပေးခဲ့တာပါ။

ကိန်းဂဏန်းများအရ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာပင် ကြောင်နှင့်ခွေးအိမ်မွေးတိရိစ္ဆာန် သန်း ၇၀ခန့်ရှိပါတယ်။ဒီသန်း ၇၀အနက် ၇ သန်းခန့်က အိုးမဲ့အိမ်မဲ့များဖြစ်ကြပြီး နှစ်စဉ် အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန်များ ၃,၅၀၀ ခန့် တိုးပွါးလေ့ရှိပြီး ရာသီဥတုအလွန်ဆိုးရွားခြင်း နှင့်ဖျားနာခြင်းကြောင့် နှစ်စဉ်အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန်၂.၇သန်းခန့်သေဆုံးကြပါတယ်။အမိုးအကာမရှိခြင်း နှင့်အစားအစာမလုံလောက်ခြင်းတို့ကြောင့်၎င်းတို့ရဲ့အသက်တွေကို အလကားသတ်သတ်ဆုံးရှုံးစေခဲ့ပါတယ်။

Filho ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာနှင့်သနားကြင်နာမှုတို့ကြောင့် လေလွင့်နေတဲ့အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန်များကိုကယ်တင်ရန် ဒီမစ်ရှင်ကို စတင်ဦးဆောင်ခဲ့တာပါ။Filho ဟာ ထိုအချိန်မှစပြီး တာဟာမွေ့ယာအလုံးပေါင်း ၆၀၀၀ ကျော်ကိုပြုလုပ်နိုင်ခဲ့ပြီး လေလွင့်နေတဲ့အိမ်မွေးတိရိစ္ဆာန်ပေါင်း ၆၀၀၀ကျော်ကိုကူညီပေးခဲ့ပါတယ်။သူ့ရဲ့ တီထွင်ဖန်တီးမှုတွေကို ကမ္ဘာတစ်ဝှမ်းကအသိအမှတ်ပြုကြပြီး ယခုအခါအိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်များထံမှအမှာစာများစွာကိုလည်း လက်ခံရရှိနေပါပြီ။

Filhoကတာယာကိုအခြားအိမ်တွင်းကိရိယာအဖြစ်လည်း ပြုလုပ်ရောင်းချပါသေးတယ်။စာဖတ်သူတို့လည်းကိုယ်တိုင်ကအိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်မဟုတ်ရင် တောင်မှ ရပ်ကွက်ထဲကလေလွင့်နေတဲ့ခွေး၊ကြောင်လေးတွေကို အခုလို့နည်းလမ်းလေးနဲ့ ကူညီပေးနိုင်ပါတယ်။သူ့တာယာအိပ်ရာလေးတွေက size စုံသလို ချစ်ဖို့​လည်းအရမ်းကောင်းနေပါတယ်။

#6

#7

#8

#9

#10

#11

crd