ခွေးတွေထဲမှာမှ Husky ခွေးလေးတွေဟာ အခြားခွေးတွေနဲ့မတူဘဲ အရမ်းကိုစွာပြီး အဆော့မှတ်တတ်ကြပါတယ်။ သူတို့လေးတွေက ပြန်မပြောနားမထောင်လေးတွေပါ ။ အခြားခွေးလိမ္မာလေးတွေဆို တစ်ခွန်းဆို တစ်ခွန်းဘဲ ငြိမ်သွားတတ်ကြပေမယ့် Husky လေးတွေကတော့ မဟုတ်နေပါဘူး။
သူတို့နဲ့အတူနေရတာ ပျင်းချိန်နည်းနည်းလေးတောင် ရှိမှာမဟုတ်ပါဘူ း။ အခုလည်း Huskyတစ်ကောင် ကမ်းခြေရောက်တော့ အပျော်လွန်ပြီး အနောက်ကိုတောင်လှည့်မကြည့်ဘဲ သခင့်ကိုပါ တစ်ရွတ်တိုက်ဆွဲလိုဆွဲနဲ့ ၊ အနောက်ကသခင်ရဲ့မြင်ကွင်းကတော့ ကြည့်မလှဖြစ်ခဲ့ရပါတယ်။
ပြီးကျ့ သူမဟုတ်တဲ့အတိုင်း အပြစ်မရှိတဲ့ရုပ်နဲ့ သခင့်ဆီပြန်လှည့်လာလိုက်ပါသေးတယ်။အမြဲပျင်းရိနေရပြီး တစ်ကိုယ်တည်းဖြစ်နေရင်တော့ Huskyခွေးလေးတွေကို မွေးကြည့်ကြပါ။အခုလို အဖြစ်အပျက်တွေ နဲ့ ရသပေါင်းစုံကြုံဖူးသွားပါလိမ့်မယ်။
#4
#5
#6
crd