ဗဟုသုတ

ငွေကြေးကုန်ကျစရိတ်သာများပြီး ရောဂါမသက်သာတာကြောင့် လက်လျော့လိုက်ဖို့မိဘတွေကိုတောင်းဆိုလိုက်တဲ့ ကလေးငယ်

အသက် ၁၄နှစ်အရွယ် နာမကျန်းဖြစ်နေတဲ့တရုတ်မိန်းကလေးငယ်တစ်ဦးဟာ ကင်ဆာရောဂါကုသမှုအတွက် မိဘတွေရဲ့ စုဆောင်းငွေကုန်သွားပြီးနောက် သူတို့အားလက်လျော့လိုက်ဖို့ တောင်းပန်ခဲ့ပါတယ် ။ Henan ပြည်နယ် လယ်တောတွေမှာ မိဘနှစ်ပါး ၊အစ်ကို၊ညီမနဲ့ အဖွားဖြစ်သူတို့နဲ့ အတူ ကြီးပြင်းလာခဲ့တဲ့ အဆိုပါ မိန်းကလေး Xiaoqing ဟာ hepatoblastoma လို့ခေါ်တဲ့အသည်းကင်ဆာရောဂါခံစားနေရတာပါ။

ရောဂါအခြေအနေကို သိသိပြီးချင်း ဒေသခံဆရာဝန်တွေက မြို့ကြီးကဆေးရုံတွေမှာသာ ကုသနိုင်မယ်လို့ဆိုတာကြောင့် မိဘတွေက ၃၁၆ မိုင် လောက်ဝေးတဲ့ Beijing မြို့ကလေးဆေးရုံကို အမြန်သွားခဲ့ပါတယ်။ဆရာဝန်တွေက သူမရဲ့အကြိတ်အရွယ်အစားကြောင့် ချက်ချင်း ဓါတုဆေးသွင်းဖို့ အကြံပြုခဲ့ပေမဲ့ များပြားတဲ့ဆေးကုန်ကျစရိတ်ကြောင့် Puyang ပြည်သူဆေးရုံသို့ ပြောင်းရွေ့ဖို့ ရွေးချယ်ခဲ့ကြပါတယ်။အဲဒီနောက် Xiaoqingဟာ ဓါတုဆေးသွင်းကုသမှုကို ငါးကြိမ်ပြုလုပ်ခဲ့ရတာကြောင့် ကျောင်းလည်း မတက်နိုင်ခဲ့ပါဘူး။

သူမအခြေအနေဆိုးရွာလာတော့ မိဘတွေကBeijingကို ပြန်ပို့ခဲ့ကြပြီး ကျန်ရှိနေတဲ့မိသားစုတွေကိုဇာတိမြို့မှာထားခဲ့ကာဆေးရုံနဲ့၂နာရီအကြာသွားရတဲ့မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်ကအခန်းတစ်ခန်းမှာဌားနေခဲ့ကြပါတယ်။Xiaoqing ရဲ့အဖေ Xiangpingကလည်း ဆေးကုသမှုစရိတ်ရနိုင်ဖို့ အကြွေးတွေယူပြီး

ရသမျှအလုပ်ကိုလည်း ရှာလုပ်ကာ သမီးဖြစ်သူဆေးကုသမှုခံယူနေတဲ့အတောအတွင်း မြေအောက်လိုဏ်ခေါင်းတွေမှာအိပ်ရင်း ငွေစုဆောင်းနေခဲ့ရပါတယ်။သမီးဖြစ်သူရဲ့ဆေးသွင်းကုသစရိတ်တွေဟာ ဒေါ်လာ ၄၄,၅၀၀အထိကုန်ကျနေပြီးဖြစ်ပေမဲ့ သူမအခြေအနေက မကောင်းလာတာကြောင့် မိဘတွေကငိုကြွေးနေရုံမှတပါး မတတ်နိုင်ခဲ့ကြရပါဘူး။

သူ့အခြေအနေကို သိနေတဲ့သမီးကလည်း”အဖေ သမီး ဆေးသွင်းတာထပ်မလုပ်ချင်တော့ဘူး၊အဖေတို့ ပိုက်ဆံလည်း ကုန်ပြီ၊အကြွေးတွေကိုကော ဘယ်လိုပြန်ဆပ်နိုင်မှာလဲ ကျေးဇူးပြုပြီး လက်လျော့လိုက်ပါတော့ သမီးအဖေတို့ရဲ့ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်တော့ဘူး၊သမီးမရှိတော့ရင်အစ်ကိုနဲ့ညီမလေးရှိနေသေးတယ်လေ”လို့ဆိုကာသူမကိုလက်လျော့လိုက်ဖို့ တောင်းပန်နေခဲ့ပါတယ်။

ဒါပေမဲ့ Xiaoqingရဲ့မိဘတွေက အခက်အခဲတွေရှိနေပေမဲ့ သမီးဖြစ်သူကို ထပ်ပြီးဆေးသွင်းပေးဖို့ဆန္ဒရှိကြောင်း ဒေသခံမီဒီယာတွေထံပြောပြခဲ့ပါတယ်။ဒေသခံမီဒီယာကအဆိုပါသတင်းကိုထုတ်လွှင့်ပြသခဲ့ပြီးနောက် တရုတ်ပြည်သူတွေရဲ့နှလုံးသားကိုငိုကြွေးစေခဲ့ပြီးထောက်ပံ့ငွေတွေလည်းအများအပြားရရှိခဲ့ပါတယ်။

Tencent Charityရဲ့ကူညီရေးဝန်ထမ်းတွေကလည်း ဆေးကုသမှုစရိတ်အတွက် ၅၀၀,၀၀၀ ယွမ်(ဒေါ်လာ ၇၅,၅၀၀)အထိ ထောက်ပံ့ပေးဖို့ စီစဉ်နေခဲ့ကြပါတယ်။

crd