ဗဟုသုတ

အိပ်ပျော်နေစဉ်လမ်းထလျှောက်တတ်လျင် ဂရုပြုရန်လို

အိပ်ပျော်နေစဉ် လမ်းထလျှောက်တတ်သူများသည်မိမိတွင်ယင်းအကျင့်ရှိကြောင်းသိရှိရန်လိုအပ်ပြီးညစဉ် အိပ်စက်သော အချိန်များတွင်လည်း ပတ်ဝန်းကျင်ကိုလုံခြုံစိတ်ချ ရအောင် စီမံပြုလုပ်ထားရန် လိုအပ်ပြီး အခန့်မသင့်ပါက အန္တရယ်သက်ရောက်ခြင်းမှအသက်ဆုံးရှုံးခြင်းအထိဖြစ်လာနိုင်သဖြင့် ဂရုစိုက်ရန်လိုအပ်ကြောင်း သိရသည်။

အိပ်ပျော်နေစဉ်လမ်းထလျှောက်ခြင်းကိုကလေးငယ်များတွင်ပိုတွေ့ရပြီးငယ်ရွယ်စဉ်ကလေးဘဝတွင်အိပ်ပျော်နေလျက်လမ်းလျှောက်သည့်အကျင့်ရှိသူစုစုပေါင် း၏ ၄ ရာခိုင်နှူန်းခန့်သည် အရွယ်ရောက်သည့်အထိလည်း ယင်း အကျင့်ပါသွားလေ့ရှိကြောင်း သိရသည်။စိတ်ဖိစီးမှု၊ အိပ်ရေးပျက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ အရက်သေစာသောက်သုံးမှု၊ စိတ်ဓါတ်ကျဆင်းမှုအတွက်သောက်ပေးရသောဆေးဝါးအချို့တို့ကြောင့်အိပ်ပျော်နေလျက်လမ်းထလျှောက်မိတတ်ပြီး ပတ်ဝန်းကျင်နေရာအသစ်တွင် အိပ်စက်မိသောအခါများတွင်လည်း အိပ်ပျော်နေစဉ်လမ်းထလျှောက်မိတတ်သည်။

အချို့ကခြေလှမ်းအနည်းငယ်ခန့်သာလျှောက်ပြီး ပြန်အိပ်တတ်သော်လည်း အချို့ကမူ အိမ်ပေါ်မှဆင်းကာလမ်းမ ပေါ်လျှောက်သွားခြင်း၊ အစားအစာများကိုခူးခပ်စားသောက်ခြင်း၊ ကားမောင်းခြင်း အစရှိသည်တို့ကို ပြုမိတတ်ကြပြီး မိမိအတွက်လည်းကောင်း၊ အခြားသူများအတွက်လည်းကောင်း အန္တရယ်ရှိစေနိုင်သော အပြုအမူများကို ပြုလုပ် တတ်ကြကြောင်း သိရသည်။

ယမန်နေ့ကပင် အမေရိကန်ပြည်ထောင်စု၊ ကင်တာကီပြည်နယ်တောင်တန်းပေါ်တွင် သူငယ်ချင်းများနှင့် တောင် ပေါ်တွင်ရွက်ဖျင်တဲများထိုးကာအိပ်စက်နေခဲ့သူ အသက် ၂၇ နှစ်အရွယ် ရိုင်ယန်ကင်ဘဲသည် ကြိုးပုခက်တစ်ခု အတွင်းအိပ်ပျော်သွားရာမှ လမ်းထလျှောက်မိပြီးအနက်ပေ ၆၀ရှိသောချောက်ထဲသို့ပြုတ်ကျသွားခဲ့ရာ ကံကောင်း ထောက်မစွာဖြင့် ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး အသက်အန္တရယ်မဖြစ်ခဲ့ပေ။

မိမိကအိပ်ပျော်နေစဉ်လမ်းလျှောက်သည့်အကျင့်ရှိသည်ကိုသိလျင်မိသားစုဝင်နှင့်အခြားသက်ဆိုင်သူများအားပြော ပြထားရန်လိုအပ်ပြီးမိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများကလည်း အိပ်ပျော်နေစဉ်လမ်းထလျှောက်တတ် သူအား၎င်း၏ထူးခြားသောအမူအကျင့်ကိုသတိထားမိကြောင်း ပြောပြကာစုပေါင်းဂရုစိုက်ပေးရန်လိုအပ်သည်ဟု ကျန်းမာရေးသုတေသီတစ်ဦးက ပြောသည်။

ထို့ကြောင့် အိပ်ပျော်နေစဉ်လမ်းထလျှောက်တတ်သူများသည် ပတ်ဝန်းကျင်ကို အန္တရယ်ကင်းအောင်စီမံပြုလုပ်ထား ခြင်း၊ မိမိ၏အကျင့်ကိုအများသိအောင်ပြောပြထားခြင်း၊ သေနတ်၊ အမဲလိုက်ပစ္စည်း၊ ကားသော့၊ မီးခြစ်အစရှိသည့်အန္တရယ်ဖြစ်နိုင်သောပစ္စည်းများကိုသော့ခတ်သိမ်းဆည်းထားခြင်းတို့ကို ကြိုတင်စီမံထားရန်လိုအပ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် အရွယ်ရောက်သူများအနက် ၃ ဒသမ ၆ ရာခိုင်နှူန်းက ယမန်နှစ်အတွင်း အိပ်ပျော်နေ လျက်လမ်းလျှောက်ခဲ့ကြပြီး အိပ်ပျော်နေစဉ်လမ်းထလျှောက်ခြင်းသည် အဖြစ်များလှသည်ဟုမဆိုသာသော်လည်း ဂရုစိုက်သင့်သလောက် လူသိနည်းနေသေး သော ကျန်းမာရေးနှင့်စိတ်ဂယောင်ချောက်ခြားဖြစ်သော လက္ခဏာဖြစ် ကြောင်း သိရသည်။

crd