News

“ရောဂါကြောင့် 1 နှစ်တာ အသက်ရှင်ရတော့မှာဆိုပေမဲ့လည်း မိသားစုအတွက် မိုးပျံပူဖောင်းရောင်းနေရတဲ့ ဦးလေးကြီး”

အချို့လူတွေရဲ့ ဘဝက ရင်နင့်ဖွယ်ကောင်းလောက်အောင် ခက်ခဲပင်ပန်းကြရတာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့အဖြစ်အပျက်လေးမှာဆိုရင်လည်း ဖိလစ်ပိုင်နိုင်ငံက Rogelen Legson အမည်ရှိတဲ့အမျိုးသမီးဟာ ကုန်စုံဆိုင်တစ်ခုသို့ သွားနေရင်းနဲ့ ပူဖောင်းရောင်းနေတဲ့ဦးလေးကြီးဟာ မုန့်သေးသေးလေးကိုဖဲ့ပြီးစားနေခဲ့တာကို တွေ့ခဲ့လို့ အတော်လေးသနားသွားခဲ့ပါတယ် ။ ဒါကြောင့် သူမဟာ cupcake နှစ်ခုနဲ့ ရေတစ်ဘူးဝယ်ပြီး ဦးလေးကြီးထံသို့သွားကာပေးကမ်းခဲ့တဲ့အပြင် ပူဖောင်းဘော်လုံးအချို့ကိုပါ ဝယ်ယူသွားခဲ့ပါတယ် ။

ဦးလေးကြီးနဲ့ စကားတွေပြောဆိုကြရင်း အဆိုပါ ဦးလေးဟာ အသက် 63 နှစ်အရွယ် Rodel Clarino အမည်ရှိသူဖြစ်ပြီး သားသမီး 5 ယောက်ရှိကာ ၊ ဇနီးဖြစ်သူမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်အကိုင်မရှိသူဖြစ်ကြောင်း သိရပါတယ် ။ ဒါ့အပြင် ဦးလေးကြီးဟာ သည်းခြေအိတ်မကောင်းတော့လို့ 1 နှစ်သာ အသက်ရှင်ခွင့်ရတော့မှာဖြစ်ပေမဲ့လည်း မိသားစု စားဝတ်နေရေးကြောင့် မနက် 9 နာရီကနေ ည 9 နာရီအထိ ပူဖောင်းရောင်းနေရကြောင်း သိရပါတယ် ။

မနက်ခင်းဆိုရင် မနက်စာစားပြီးမှ နေအိမ်ကနေထွက်လာပြီး နေ့လယ်ခင်းမှာတော့ရေတွေသာသောက်ပြီးအစာဖြေခဲ့ပါတယ် ။တစ်ချို့နေ့ခင်းဖက်ဆိုရင် မုန့်ထုပ်အသေးလေးဝယ်စားပြီး ညဖက်မှ ညစာပြန်စားခဲ့တာဖြစ်ကြောင်း သိရပါတယ် ။ ခက်ခဲပင်ပန်းလွန်းတဲ့ ဦးလေးကြီးအဖြစ်ကိုစေတနာရှင်အချို့က ကူညီနိုင်အောင် Rogelen က အခုလို social media ပေါ်မှ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ် ။

Zawgyi

ေရာဂါေၾကာင့္ 1 ႏွစ္တာ အသက္ရွင္ရေတာ့မွာဆိုေပမဲ့လည္း မိသားစုအတြက္ မိုးပ်ံပူေဖာင္းေရာင္းေနရတဲ့ ဦးေလးႀကီး

အခ်ိဳ႕လူေတြရဲ႕ဘဝကရင္နင့္ဖြယ္ေကာင္းေလာက္ေအာင္ခက္ခဲပင္ပန္းၾကရတာပါ ။ဒီတစ္ေခါက္ေဖာ္ျပမဲ့အျဖစ္အပ်က္ေလးမွာဆိုရင္လည္းဖိလစ္ပိုင္ႏိုင္ငံက Rogelen Legson အမည္ရွိတဲ့အမ်ိဳးသမီးဟာ ကုန္စုံဆိုင္တစ္ခုသို႔ သြားေနရင္းနဲ႔ ပူေဖာင္းေရာင္းေနတဲ့ဦးေလးႀကီးဟာ မုန႔္ေသးေသးေလးကို ဖဲ့ၿပီးစားေနခဲ့တာကို ေတြ႕ခဲ့လို႔ အေတာ္ေလးသနားသြားခဲ့ပါတယ္ ။ ဒါေၾကာင့္ သူမဟာ cupcake ႏွစ္ခုနဲ႔ ေရတစ္ဘူးဝယ္ၿပီး ဦးေလးႀကီးထံသို႔သြားကာ ေပးကမ္းခဲ့တဲ့အျပင္ ပူေဖာင္းေဘာ္လုံးအခ်ိဳ႕ကိုပါ ဝယ္ယူသြားခဲ့ပါတယ္ ။

ဦးေလးႀကီးနဲ႔ စကားေတြေျပာဆိုၾကရင္း အဆိုပါ ဦးေလးဟာ အသက္ 63 ႏွစ္အ႐ြယ္Rodel Clarino အမည္ရွိသူျဖစ္ၿပီး သားသမီး 5 ေယာက္ရွိကာ ၊ ဇနီးျဖစ္သူမွာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္အကိုင္မရွိသူျဖစ္ေၾကာင္း သိရပါတယ္ ။ ဒါ့အျပင္ ဦးေလးႀကီးဟာသည္းေျခအိတ္မေကာင္းေတာ့လို႔ 1 ႏွစ္သာ အသက္ရွင္ခြင့္ရေတာ့မွာျဖစ္ေပမဲ့လည္း မိသားစု စားဝတ္ေနေရးေၾကာင့္ မနက္ 9 နာရီကေန ည 9 နာရီအထိ ပူေဖာင္းေရာင္းေနရေၾကာင္း သိရပါတယ္ ။

မနက္ခင္းဆိုရင္ မနက္စာစားၿပီးမွ ေနအိမ္ကေနထြက္လာၿပီး ေန႔လယ္ခင္းမွာေတာ့ ေရေတြသာေသာက္ၿပီး အစာေျဖခဲ့ပါတယ္ ။တစ္ခ်ိဳ႕ေန႔ခင္းဖက္ဆိုရင္မုန႔္ထုပ္အေသးေလးဝယ္စားၿပီး ညဖက္မွ ညစာျပန္စားခဲ့တာျဖစ္ေၾကာင္းသိရပါတယ္ ။ခက္ခဲပင္ပန္းလြန္းတဲ့ဦးေလးႀကီးအျဖစ္ကို ေစတနာရွင္အခ်ိဳ႕ကကူညီႏိုင္ေအာင္ Rogelen က အခုလို social media ေပၚမွ ေဝမွ်ေပးခဲ့တာပဲ ျဖစ္ပါတယ္ ။

crd