Local News

အသက်အရွယ်ကြောင့် ကျန်းမာရေးချို့တဲ့ကာ ဆေးရုံတက်ခဲ့ရသော်လည်း သားသမီးတစ်ယောက်မှလာမကြည့်ဘဲ အဖော်ပြုပေးသည့် ခွေးကလေးတစ်ကောင်သာရှိသည့်အဖွား

အသက်အရွယ်ကြောင့် ကျန်းမာရေးချို့တဲ့ကာ ဆေးရုံတက်ခဲ့ရသော်လည်း သားသမီးတစ်ယောက်မှလာမကြည့်ဘဲ အဖော်ပြုပေးသည့် ခွေးကလေးတစ်ကောင်သာရှိသည့်အဖွား

အသက်၉၀အရွယ်ရှိနေပြီဖြစ်သော အဖွားအိုတစ်ဦးဟာ အသက်ကြီးရောဂါကြောင့် ဆေးရုံတွင် ကုသမှုခံယူနေခဲ့ရပါတယ် ။ အဖွားဖြစ်သူဟာ သားသမီး၃ဦးရှိခဲ့ပြီး သားသမီး၃ဦးလုံးဟာလည်း အဖွားအိုကို မပြုစု မလုပ်ကျွေးချင်သောကြောင့် စွန့်ပစ်ပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့်လည်း အဖွားဟာ ခွေးကလေးတစ်ကောင်ကိုသာ အဖော်ပြုရင်း ဘဝကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။ ထို့နောက် အဖွားဖြစ်သူ ဆေးရုံတက်ရသော အခါတွင်လည်း အဖွားအိုကို ဂရုစိုက်စောင့်ရှောင့်ပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မှမရှိခဲ့ဘဲ ခွေးကလေးတစ်ကောင်သာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဆေးရုံမှ အစပိုင်းတွင် ခွေးကလေးကို အထဲဝင်ခွင့်မပြုခဲ့သော်လည်း အဖွားဆီသို့ ကျန်းမာရေးအခြေအနေလာမေးမည့်သူမရှိသဖြင့် ခွေးကလေးကို နားလည်မှုရှိစွာဖြင့် ဝင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

Zawgyi





crd