Local News

လေယာဉ်စီးနေရင်းမှ အသက်အန္တာရယ်စိုးရိမ်ရသည့်လူနာတစ်ဦး၏ ဝမ်းဗိုက်ထဲမှ ဆီးများကို ပါးစပ်ဖြင့်စုပ်ထုတ်ပြီး ကယ်တင်ပေးခဲ့သည့်ဆရာဝန်

လေယာဉ်စီးနေရင်းမှ အသက်အန္တာရယ်စိုးရိမ်ရသည်အထိ ရောဂါခံစားလာရသော လူနာတစ်ဦး၏ ဝမ်းဗိုက်ထဲမှ ဆီးများကို ပါးစပ်ဖြင့်စုပ်ထုတ်ပြီး ကယ်တင်ပေးခဲ့သည့်ဆရာဝန်

လူသားတို့၏အသက်ကို ကယ်တင်ပေးနေကြသော ဆရာဝန်များနှင့်သူနာပြုများသည် အလွန်မြင့်မြတ်သောတာဝန်များကိုထမ်းဆောင်နေကြသူများဖြစ်ကြပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ နယူးယောက်မြို့သို့ ထွက်ခွာလာခဲ့သော လေယာဥ်ပေါ်တွင်လမ်းတစ်ဝက်၌ သက်ကြီးရွယ်အိုတစ်ဦးဟာရောဂါဝေဒနာကိုပြင်းထန်စွာခံစားလာခဲ့ရပါတယ်။

ထိုအခါ လေယာဥ်မယ်များကလည်း မကယ်နိုင်တော့သဖြင့် ခရီးသည်ထဲတွင်ပါလာသော ဆရာဝန်နှစ်ဦးကို ကုသပေးရန်တောင်းဆိုခဲ့ရသည်။ထိုအခါဆရာဝန်တို့ကလည်း ရောဂါကိုစစ်ဆေးကြည့်ပြီးနောက် ခန္ဓာကိုယ်ထဲကဆီးတွေကိုထုတ်ပစ်ဖို့လိုအပ်နေခဲ့ပါတယ်။

လေယာဥ်ပေါ်တွင်ကုသရန် ပစ္စည်းများမရှိသဖြင့် ဆရာဝန်တစ်ဦးဟာ ပါးစပ်ဖြင့်ကိုယ်တိုင်စုပ်ထုတ်ပြီး ကယ်တင်ခဲ့တော့တာဖြစ်ပါတယ်။

Zawgyi





crd