ဗဟုသုတ

သားဖြစ်သူအတွက် လက်တွေ့အသုံးချပြီး မောင်းနှင်နိုင်သော လျှပ်စစ်မော်တာသစ်သားကားတစ်စီးအား လက်ဆောင်အဖြစ် ဆောက်လုပ်ပေးခဲ့သော ဖခင်

သားဖြစ်သူအတွက် လက်တွေ့အသုံးချပြီး မောင်းနှင်နိုင်သော လျှပ်စစ်မော်တာသစ်သားကားတစ်စီးအား လက်ဆောင်အဖြစ် ဆောက်လုပ်ပေးခဲ့သော ဖခင်

မိဘတို့သည် သားသမီးတွေအတွက် လက်ဦးဆရာဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသောအရာများကိုလည်း သားသမီးအတွက်ဆိုရင်ခက်ခဲကြမ်းတမ်းနေပါစေ လုပ်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Truong Van Dao အမည်ရှိသော အမျိုးသားသည် သစ်ထွင်းသမားတစ်ဦးဖြစ်ကာ သားဖြစ်သူအတွက် Lamborghini ပြိုင်ကားကြီးအား စွန့်ပစ်ထားသည့် သစ်သားပြားများနှင့်အတူ ထွင်းထုပြုလုပ်ခဲ့သည်။

သစ်ကားကားကြီးကို အလှကြည့်ရုံတင်မဟုတ်ပဲ အပြင်မှာ တကယ် တစ်နာရီကို ၂၅ကီလိုမီတာနှုန်းမောင်းနှင်နိုင်ရန်အတွက် လျှပ်စစ်မော်တာကို တပ်ဆင်ပေးထားသည်။

ဖခင်ဖြစ်သူသည် ထိုကားကြီးအား ၆၅ရက်ကြာ ပြုလုပ်ခဲ့ရပြီး Led မီးလုံးများ နံပါတ်ပြား အစရှိသည်တို့ကို အပြည့်အစုံတပ်ထားပြီးအထိန်းခလုတ်တွေလည်းပါ၍ လက်ရာမှာ ပြောင်မြောက်လွန်းသည့်အတွက် အများမှ ချီးကျူးခဲ့ကြသည်။

Zawgyi






crd