ဗဟုသုတ

ကာစီနိုရုံတွင်၃ရက်တိတိအိမ်မပြန်ဘဲ ကစားခဲ့ရာမှ ပေါင်၃.၄သန်းအထိပိုက်ဆံရှုံးခဲ့လို့မကျေမနပ်ဖြစ်ကာ ကာစီနိုင်ပိုင်ရှင်ကိုရဲတိုင်ခဲ့သည့် အသက်၆၂နှစ်အရွယ်ဘီလီယံနာသူဋ္ဌေး

ကာစီနိုရုံတွင်၃ရက်တိတိ အိမ်မပြန်ဘဲ ကစားခဲ့ရာမှ ပေါင်၃.၄သန်းအထိပိုက်ဆံရှုံးခဲ့လို့မကျေမနပ်ဖြစ်ကာ ကာစီနိုင်ပိုင်ရှင်ကို ရဲတိုင်ခဲ့သည့် အသက်၆၂နှစ်အရွယ်ဘီလီယံနာသူဋ္ဌေး

လောကတွင်ဘဝအခြေအနေမျိုးစုံဖြင့် အသက်ရှင်သန်ရေးအတွက်ရုန်းကန်နေရသော်လည်း ဘီလီယံနာသူဋ္ဌေးများအတွက် ငွေကြေးတွေဟာ ရေလောက်ပင်မရှားပါးတော့ပေ။ယခုတွင်လည်း မလေးရှားနိုင်ငံမှအသက်၆၂နှစ်အရွယ် Ham Joeh Lim ဆိုသည့်ဘီလီယံနာသူဋ္ဌေးကြီးဟာ အင်္ဂလန်နိုင်ငံမှ ကာစီနိုရုံတစ်ခုတွင်အပျင်းပြေအနေဖြင့် ၃ရက်တိတိအိမ်မပြန်ဘဲသွားဆော့ခဲ့တာဖြစ်ပါတယ်။

ထိုအခါတွင်ပေါင်သန်းပေါင်း၃.၄သန်းအထိကို ရှုံးခဲ့ရသောအခါ မယုံမကြည်ဖြစ်သွားခဲ့ပြီး ရဲစခန်းသို့တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။ သူဋ္ဌေးကြီးဟာ အိမ်ခြံမြေလုပ်ငန်း စတီးလုပ်ငန်းနှင့်ကွန်ပျူတာချစ်ပ်များအပြင် လုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။

သူဋ္ဌေးကြီး၏တရားစွဲဆိုမှုကို တရားရုံးကတော့ပယ်ချခဲ့တယ်လို့သိရပါတယ်။

Zawgyi





crd