News

အပြင်ထွက်လည်လို့ သခင်ကဆူတာကို မခံနိုင်တော့လို့ စိတ်ညစ်ညစ်နှင့် အိမ်ခေါင်မိုးပေါ်တက်နေခဲ့ပြီး ပြန်မဆင်းနိုင်ဖြစ်နေခဲ့တဲ့ခွေးလေး(ရုပ်သံ)

ဗီယက်နမ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးလေးတစ်ကောင်အား မွေးထားခဲ့ရာ အိမ်မှာမကပ်ပဲ တစ်ချိန်လုံးအပြင်မှာ ထွက်လည်နေခဲ့ရာ အိမ်အစောင့်လည်း မရခဲ့ပါ။

သခင်ဖြစ်သူမှာလည်း ကြာလာတော့ အပြင်ထွက်လွန်းသည့်ခွေးလေးအား ဆူပူခဲ့မိရာ စကားနားလည်သလိုဟန်နှင့် မျက်နှာသူငယ်လေးဖြစ်သွားပြီး အသံမကြားရတော့အောင် လှေကားတန်းလန်းထောင်ထားသော အိမ်ခေါင်မိုးပေါ်သို့ ခပ်တည်တည်နှင့် တက်သွားခဲ့သည်။

ခွေးလေးသည် အတက်သာ ဘယ်လိုတက်သွားမှန်း သတိမထားမိလိုက်ပေမယ့် ပြန်မဆင်းတတ်တော့တာကြောင့် သခင်ဖြစ်သူ ပြန်ခေါ်ဆင်းမည့်အချိန်ကို သနားစရာရုပ်လေးနှင့် ထိုင်စောင့်နေခဲ့၍ သခင်မှာလည်း ဒေါသမထွက်တော့ပဲ ခွေးလေးဧ။်လုပ်ရပ်အား ရယ်မောနေမိတော့သည်။

ရုပ်သံကြည့်ရန်

Zawgyi

အပြင်ထွက်လည်၍ သခင်ဖြစ်သူမှ ဆူပူခဲ့ရာ နားညီးဒဏ်မခံနိုင်၍ စိတ်ညစ်ညစ်နှင့် အိမ်ခေါင်မိုးပေါ်တွင် တက်နေခဲ့သော ခွေးလေး (ရုပ်သံ)


