News

“ဘ၀ပေးကံကြောင့် ကျပ်မပြည့်တဲ့ ဘ၀ကို ရရှိထားပေယ့် ကောင်းမှုကုသိုလ်ပြုဖို့ စိတ်အားထက်သန်လှသူ အိုက်လောင်းဟွေ”

စိတ်ထားမြင့်မြတ်သော ကျောင်းသားတစ်ယောက်

အမည်။ ။အိုက်လောင်းဟွေ

နေရပ်။ ။မိုင်းရယ်မြို့ ဆိုင်မိန်းကျောင်းပရိယတ္တိစာသင်တိုက်

အသက် ။ ။၄၀ – ၅၀ ဝန်းကျင်

လက္ခဏာ။ ။ ရူး ကျပ်မပြည့်

(ဆောက်လုပ်ဆဲ ဆွမ်းစားကျောင်း Rc သုံးထပ်ဆောင် ပါဝင်လှူဒါန်းနေပုံ❤❤)

ကျောင်းသား (အရူး)တစ်ယောက်၏ ထူးခြားချက်❤

မနက်စောစော ၂ နာရီ ခွဲ၊ ၃ နာရီ ဝန်းကျင်ထလေ့ရှိသည်

အစောရီးထပြီး ဘုရားရှိခိုးလေ့ရှိသည် မနက်တိုင်းပါပဲ

(ဘာရွတ်ဆိုမှန်းတော့မသိ)

(သူ့ရဲ့ ချွေးနဲ့စာနဲ့ ဖြူဖြူစင်စင် သမ္မာအာဇီဝကျကျ ရှာထားတာလေးတွေပေါ့)

လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကတည်းက ကျောင်းမှာလာနေသည်

ပိုက်ဆံရှာတတ်သည်

ကျောင်းကဘုန်းဘုန်းတွေကလွဲရင် ဘယ်သူမှ ပိုက်ဆံကိုင်ခွင့်မပေး

အင်္ကျီဝတ်လေ့မရှိ (သူ့ဗလပြချင်လို့နေမှာပေါ့လေ😁)

အလှူဒါန ပြုလေ့ရှိသည်

ကျောင်းသား အိုက်လောင်းဟွေရဲ့ လုပ်ဆောင်ချက်❤

ကျွဲ၊ နွား၊ မြင်း ကျောင်းထဲဝင်ရင် အချိန်မရွေး နေ့ညမဆိုမောင်း ထုတ်လေ့ရှိသည်၊

(သူ့ရဲ့ ချွေးနဲ့စာနဲ့ ဖြူဖြူစင်စင် သမ္မာအာဇီဝကျကျ ရှာထားတာလေးတွေပေါ့)

ဘယ်ကျောင်းဆောင်မဆို မီးပိတ်ချိန်တန်လို့ မပိတ်သေးရင် လိုက်ပိတ်ပေးသည်၊

(ရံဖန်ရံခါ အဲ့အဆောင်မှာနေတဲ့ကိုယ်တော်တွေကို ငေါက်လိုက်သေး

စည်းကမ်းမရှိဘူး မီးပိတ်ရမှန်းမသိဘူးလားတဲ့😃😃)

အိုက်လောင်းဟွေ ငေါက်မှာကြောက်လို့ မီးပိတ်ချိန်တန်ရင် ပိတ်ဖို့မမေ့ တော့ဘူး မိမိရောပါပေါ့😁😁

အိုက်လောင်းဟွေ ပိုက်ဆံရှာပုံ

-သူ့ခများ ဘယ်တုန်းကစီးပွားရေးသင်တန်းတက်ခဲ့လည်းတော့မသိ

သူဌေးလက္ခဏာနှင့်အညီစီးပွားရှာတတ်သေးတယ်

ရှာ ၊ စု ၊ သုံး ဆိုတဲ့ အင်္ဂါနှင့်အညီ

(ကြည့်ရင်း ဝမ်းသာလို့မျက်ရည်ပါဝှဲမိ၊😪😪ဝမ်းမြောက်ဝမ်းသာလွန်းလို့ပါ)

ကျောင်းကသံဃာတော်များ စားမကုန် ထမင်းကျန် ဟင်းကျန်များကို ဝက်စာအဖြစ် ဝက်မွေးမြူရေးသမားများကိုရောင်ချပေးခြင်း

ငါးရက်တစ်ခါစျေးနေ့လည်း သိသေးတယ်

စျေးနေ့ဆိုစျေးသွားပြီး အကြွင်းအကျန်များရှာဖွေကာရောင်းချခြင်း

(ကျောင်းတိုက်သံဃာများစျေးနေ့မသိရင် အိုက်လားဝေကိုကြည့်တဲ့

အိုက်လားဝေကျောင်းထဲမရှိရင် အဲဒါစျေးနေ့ပဲ😁)

ရောင်းရခဲ့သမျှပိုက်ဆံတွေကို စုဆောင်းထားခြင်း

သူ့မှာအမြဲတန်းငွေသိန်းချီရှိလေ့ရှိသည်

ဒါပေမယ့် သူကပိုက်ဆံတန်ဖိုးကိုတော့မသိ တစ်ရာတန်လား

ငါးရာတန်လားစသည်ပေါ့

စိတ်မကောင်းစရာကြုံလေ့ရှိတာကတော့💔💔

သူရှာထားသမျှပိုက်ဆံတွေကို သူခိုး ဘိန်းစားသမားများက

လာလာခိုးလေ့ရှိတယ်😥😥

(အရူးတစ်ယောက်လောက်တောင် တန်ဖိုးမရှိတဲ့ သူခိုးသမားဘိန်းစား တွေပေါ့)

ကျောင်းသားအိုက်လောင်းဟွေရဲ့ အလှူဒါန

-နှစ်စဉ် ဝါဆိုသင်္ကန်း ကထိန်သင်္ကန်း ကပ်လေ့ရှိခြင်း

-ကျောင်းအုတ်တံတိုင်း တစ်ခန်းစာ ၁သိန်းကျပ်

-ဆောက်လုပ်ဆဲ RC သုံးထပ်ဆောင်အတွက် ၁ သိန်းကျပ်

မိမိသိသလောက်ပေါ့ ကျန်တာရှိသေး❤❤

-သူ့အတွက် ပိုက်ဆံသုံးတဲ့နေရာမှာ မွန်မြတ်ပြီး အများအ ကျိုးပါ ဆောင်ရွက်ရာရောက်တယ်

-သူ့ရဲ့ကုသိုလ်ဘဏ်ကိုတော့ မည်သူမျှမခိုးနိုင်တော့ဘူး

❤ သင်ခန်းစာ

-ဘဝမြင့်သူ စိတ်မြင့်မူ မှတ်ယူနိမ့်မသွား

-ဘဝသာမြင့် စိတ်မမြင့် နိမ့်လင့်ထိုသူသာ

-ဘဝနိမ့်မြင့် ပြောင့်တုန်လင့် စိတ်မြင့်အောင်ကြိုးစား

-ဘဝလည်းနိမ့် စိတ်လည်းနိမ့် နိမ့်၍နိမ့်၍သွား

-နိမ့်သူဘဝ မြင့်ပါမှ ရောက်ရထက်တန်းစာ။

❤ အိုက်လောင်းဟွေသည် အရူးဘဝကျပ်မပြည့် ဘဝနိမ့်နေပေမယ့်

စိတ်မြင့်နေလို့ အထက်တန်းရောက်နရေသည်

❤ လူတကာချစ်ခင်လေးစားရတဲ့ စိတ်ထားမြင့်မြတ်တဲ့ ကျောင်းသားဘဝနဲ့ ရပ်တည်နေတာပေါ့လေ

❤ ရူးပေမယ့် လူရာဝင်တယ်

❤အိုက်လားဝေ ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်သည်၊

❤ဂုဏ်ယူစွာဖြင့်❤❤❤

29.7.2022

Credit : Pyinnar Sara