ဗဟုသုတ

ခေါင်မိုးပဲရှိတဲ့ အိမ်မှာ ၂ နှစ်ကျော်ကြာနေထိုင်ခဲ့ရတဲ့ မျက်မမြင်အဘိုးအတွက် ကယ်တင်ရှင်

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ Rogelio Tabangcura အမည်ရှိအဘိုးတစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံ Ilocos Sur ပြည်နယ် Santo Domingo မြို့ Barangay Nanerman ရပ်ကွက်မှာ အိမ်ခေါင်အမိုးသာရှိတဲ့အိမ်မှာ တစ်ယောက်တည်းသာနေထိုင်နေရပါတယ်။အဘိုးရဲ့အိမ်ဟာခေါင်မိုးသာပါတဲ့အိမ်တစ်လုံးသာဖြစ်ပြီး ပါးလွှာတဲ့ဖျာနှင့်ကတ်ထူပြားတစ်ခုဖြင့်ပြုလုပ်ထားတဲ့အိပ်ရာခင်းသို့ ရောက်ရှိရန် သူဟာ အတွင်းသို့ တွားသွားကာ ဝင်သွားရပါတယ်။အဘိုး Rogelio ရဲ့အိမ်ထဲမှာ ပိုင်ဆိုင်မှုများအနည်းငယ်သာရှိပေမဲ့ သူဟာ မျက်မမြင်တစ်ဦးဖြစ်တာကြောင့် ပစ္စည်းအများကြီးမလိုအပ်ကြောင်း သူကိုယ်သူ ထင်နေခဲ့ပါတယ်။

အဘိုး Rogelio ဟာ ၎င်းယာယီတဲလေးထဲမှာ တစ်ကိုယ်တည်း နေနေရပေမဲ့ တစ်ခါတစ်ရံ ဆွေမျိုးများထံမှ အခါအားလျော်စွာ စားစရာရိက္ခာများကို ရရှိလေ့ရှိပါတယ်။လွန်ခဲ့တဲ့ ၂နှစ်ခန့်က တိုင်ဖုန်းမုန်တိုင်းကြောင့် အဘိုး Rogelio ဟာ သူ့ရဲ့နေအိမ်ကို ဆုံးရှုံးခဲ့ရသော်လည်း အိမ်ပြန်ဆောက်ဖို့ နည်းလမ်းမရှိသလို သူ့ရဲ့အမြင်အာရုံကိုပါ ဆုံးရှုံးခဲ့ရတာကြောင့် သူ့ကိုယ်သူ အိမ်ပြန်မဆောက်လုပ်နိုင်ခဲ့ပါဘူး။

ထို့နောက် အမေရိကန်နိုင်ငံ Washington မြို့မှာ အလုပ်သွားလုပ်နေတဲ့ Krishna Tonia အမည်ရှိအမျိုးသားတစ်ဦးဟာ အဘိုး Rogelio ရဲ့အခက်အခဲများကို ကြားသိခဲ့ရပြီးနောက် အဘိုးကို သနားညာှတာခြင်းအားဖြင့် အဘိုးအတွက် အိမ်တစ်လုံးဆောက်ပေးနိုင်ရန် သူ့ရဲ့ငွေများကိုထည့်ပြီး ရန်ပုံငွေတစ်ခုလုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက် မကြာခင်မှာဘဲ ၎င်းတို့ဟာအဘိုး Rogelio ရဲ့အိမ်အတွက် ဒေါ်လာ ၂,၀၀၀ ( Php 100,000) ကျော်အထိ စုဆောင်းနိုင်ခဲ့ပါတယ်။မျက်မမြင်အဘိုးအတွက် အိမ်ဆောက်ရန်လိုအပ်တဲ့ဘိလပ်အြေအိတ်များနှင့်ဆောက်လုပ်ရေးပစ္စည်းများကိုလှူဒါန်းခဲ့ကြတဲ့လုများလည်းများစွာရှိနေခဲ့ပါတယ်။အိမ်တစ်လုံးကို ဆောက်လုပ်ဖို့လိုအပ်တဲ့လူအင်အားရှိဖို့လည်း လူတော်တော်များများက လာရောက်ကူညီခဲ့ကြပါတယ်။

လက်ရှိမှာ ၎င်းတို့ဟာ အဘိုးက အိမ်သစ်မှာအမြန်ဆုံးနေထိုင်နိုင်ဖို့အိမ်အသစ်ကိုအမြန်ဆုံးစီမံကိန်းဖြင့်ဆောက်လုပ်နေကြတာမို့၎င်းအိမ်ဟာ ဆောင်းရာသီမရောက်ခင် အကုန်ပြီးစီးမယ်လို့လည်းဆိုထားကြပါတယ်။။နောက်ထပ်သောအလှူရှင်များကလည်းအိမ်အသစ်ပြီးစီးတဲ့အခါအဘိုး Rogelio လည်း ကောင်းမွန်ပြီး သက်တောင့်သက်သာအိပ်စက်နိုင်မဲ့မွေ့ယာ ၊ ရက်သတ္တပတ်အကြာစားသုံးနိုင်မဲ့စားသောက်ဖွယ်ရာများကို ဆက်လက်လှူဒါန်းသွားပေးဖို့ကိုလည်း စီစဉ်ထားခဲ့ကြပါသေးတယ်။

Zawgyi

ေခါင္မိုးသာပါတဲ့အိမ္မွာ ၂ႏွစ္ေက်ာ္ၾကာေနထိုင္ခဲ့ရၿပီးေနာက္ အလႉရွင္မ်ားထံမွ သက္ေတာင့္သက္သာရွိေစမဲ့အိမ္အသစ္တစ္လုံးကို ရရွိခဲ့တဲ့ မ်က္မျမင္အဘိုး

အသက္ ၆၈ ႏွစ္ရွိၿပီျဖစ္တဲ့ Rogelio Tabangcura အမည္ရွိအဘိုးတစ္ဦးဟာ ဖိလစ္ပိုင္ႏိုင္ငံ Ilocos Sur ျပည္နယ္ Santo Domingo ၿမိဳ႕ Barangay Nanerman ရပ္ကြက္မွာ အိမ္ေခါင္အမိုးသာရွိတဲ့အိမ္မွာတစ္ေယာက္တည္းသာ ေနထိုင္ေနရပါတယ္။အဘိုးရဲ႕အိမ္ဟာ ေခါင္မိုးသာပါတဲ့အိမ္တစ္လုံးသာျဖစ္ၿပီး ပါးလႊာတဲ့ဖ်ာႏွင့္ကတ္ထူျပားတစ္ခုျဖင့္ျပဳလုပ္ထားတဲ့အိပ္ရာခင္းသို႔ ေရာက္ရွိရန္ သူဟာ အတြင္းသို႔ တြားသြားကာ ဝင္သြားရပါတယ္။အဘိုး Rogelio ရဲ႕အိမ္ထဲမွာ ပိုင္ဆိုင္မႈမ်ားအနည္းငယ္သာရွိေပမဲ့ သူဟာ မ်က္မျမင္တစ္ဦးျဖစ္တာေၾကာင့္ ပစၥည္းအမ်ားႀကီးမလိုအပ္ေၾကာင္း သူကိုယ္သူ ထင္ေနခဲ့ပါတယ္။

အဘိုး Rogelio ဟာ ၎ယာယီတဲေလးထဲမွာ တစ္ကိုယ္တည္း ေနေနရေပမဲ့ တစ္ခါတစ္ရံ ေဆြမ်ိဳးမ်ားထံမွ အခါအားေလ်ာ္စြာ စားစရာရိကၡာမ်ားကို ရရွိေလ့ရွိပါတယ္။လြန္ခဲ့တဲ့ ၂ႏွစ္ခန႔္က တိုင္ဖုန္းမုန္တိုင္းေၾကာင့္ အဘိုး Rogelio ဟာ သူ႔ရဲ႕ေနအိမ္ကို ဆုံးရႈံးခဲ့ရေသာ္လည္း အိမ္ျပန္ေဆာက္ဖို႔နည္းလမ္းမရွိသလို သူ႔ရဲ႕အျမင္အာ႐ုံကိုပါ ဆုံးရႈံးခဲ့ရတာေၾကာင့္ သူ႔ကိုယ္သူ အိမ္ျပန္မေဆာက္လုပ္ႏိုင္ခဲ့ပါဘူး။

ထို႔ေနာက္ အေမရိကန္ႏိုင္ငံ Washington ၿမိဳ႕မွာ အလုပ္သြားလုပ္ေနတဲ့ Krishna Tonia အမည္ရွိအမ်ိဳးသားတစ္ဦးဟာ အဘိုး Rogelio ရဲ႕အခက္အခဲမ်ားကို ၾကားသိခဲ့ရၿပီးေနာက္ အဘိုးကို သနားညာွတာျခင္းအားျဖင့္ အဘိုးအတြက္ အိမ္တစ္လုံးေဆာက္ေပးႏိုင္ရန္ သူ႔ရဲ႕ေငြမ်ားကိုထည့္ၿပီး ရန္ပုံေငြတစ္ခုလုပ္ရန္ ဆုံးျဖတ္ခဲ့ပါတယ္။

ထို႔ေနာက္ မၾကာခင္မွာဘဲ ၎တို႔ဟာ အဘိုး Rogelio ရဲ႕အိမ္အတြက္ ေဒၚလာ ၂,၀၀၀ ( Php 100,000) ေက်ာ္အထိ စုေဆာင္းႏိုင္ခဲ့ပါတယ္။မ်က္မျမင္အဘိုးအတြက္ အိမ္ေဆာက္ရန္လိုအပ္တဲ့ဘိလပ္ေျအအိတ္မ်ားႏွင့္ ေဆာက္လုပ္ေရးပစၥည္းမ်ားကို လႉဒါန္းခဲ့ၾကတဲ့လုမ်ားလည္း မ်ားစြာရွိေနခဲ့ပါတယ္။အိမ္တစ္လုံးကို ေဆာက္လုပ္ဖို႔လိုအပ္တဲ့လူအင္အားရွိဖို႔လည္း လူေတာ္ေတာ္မ်ားမ်ားက လာေရာက္ကူညီခဲ့ၾကပါတယ္။

လက္ရွိမွာ ၎တို႔ဟာ အဘိုးက အိမ္သစ္မွာ အျမန္ဆုံးေနထိုင္ႏိုင္ဖို႔ အိမ္အသစ္ကိုအျမန္ဆုံးစီမံကိန္းျဖင့္ ေဆာက္လုပ္ေနၾကတာမို႔၎အိမ္ဟာ ေဆာင္းရာသီမေရာက္ခင္ အကုန္ၿပီးစီးမယ္လို႔လည္း ဆိုထားၾကပါတယ္။။ေနာက္ထပ္ေသာ အလႉရွင္မ်ားကလည္း အိမ္အသစ္ၿပီးစီးတဲ့အခါ အဘိုး Rogelioလည္း ေကာင္းမြန္ၿပီး သက္ေတာင့္သက္သာအိပ္စက္ႏိုင္မဲ့ေမြ႕ယာ ၊ ရက္သတၱပတ္အၾကာစားသုံးႏိုင္မဲ့စားေသာက္ဖြယ္ရာမ်ားကို ဆက္လက္လႉဒါန္းသြားေပးဖို႔ကိုလည္းစီစဥ္ထားခဲ့ၾကပါေသးတယ္။

crd