Local News

Fake order တစ်ခုအတွက် ပိုက်ဆံစိုက်ပေးလိုက်ရတာကြောင့် လမ်းဘေးတစ်နေရာမှာ ငိုကြွေးနေခဲ့ရတဲ့ Food Delivery Rider တစ်ဦး

Booking အတုတစ်ခုရဲ့သားကောင်ဖြစ်သွားခဲ့ရတဲ့ Food Delivery Rider အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဖောက်သည်အတုကြောင့် သူ့ငွေများဆုံးရှုံးသွားခဲ့ရတာနဲ့ပတ်သက်ပြီးသူဟာလမ်းဘေးတစ်နေရာမှာငိုကြွေးနေခဲ့ပါတယ်။ Paulino Baro Collo Jr.မှ ပြန်လည်မျှဝေတဲ့ ၎င်းpostထဲရှိအဆိုပါ food delivery ဟာ မည်သူမည်ဝါဖြစ်ကြောင်းကိုမသိရပေမဲ့လည်း ဗီဒီယိုတင်သူက ၎င်းအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဩဂုဏ်လ ၈ ရက်နေ့ရဲ့ မနက်ခင်း ၁ နာရီ ၄၀ မိနစ်ခန့်အချိန်ကြီးမှာ ဖြစ်ပျက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

၎င်းမိုးလင်းတော့မဲ့အချိန်ကြီးမှာ အဆိုပါ food delivery သမားဟာ နာရီပေါင်းများစွာ အလုပ်ခဲ့ပြီးဖြစ်ပါတယ်။သို့ပေမဲ့ သူဟာ မနက်စောစောမှာ မှာယူတဲ့ order က fake order ဖြစ်နေခဲ့မှန်းကို မမျှော်လင့်ထားခဲ့ပုံရပါတယ်။ထို့နောက် ငိုကြွေးနေခဲ့တဲ့သူ့ကို GrabFood အငှါးယာဉ်မောင်းအုပ်စုတစ်စုက တွေ့သွားခဲ့ပြီးနောက် ၎င်း GrabFood အုပ်စုက သူ့နားသို့ချဉ်းကပ်ပြီး ဘာဖြစ်တာလဲလို့မေးလိုက်တဲ့အခါ ဖောက်သည်တစ်ဦးက ဘာဂါကို ကြိုတင်မှာယူထားခဲ့ပေမဲ့ သူ့ဆီရောက်မလာခဲ့ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

ဖောက်သည်ကမပေါ်လာလို့ ၎င်း Orderရဲ့တန်ဖိုး Php 599 ကို သူကသာပေးချေခဲ့ရတာကြောင့် ငိုကြွေးနေတဲ့ အဆိုပါ Food Delivery Rider ကို GrabFood ယာဉ်မောင်းတစ်စုက သနားသွားခဲ့တာကြောင့် ထို order အတုအတွက် တစ်ယောက်ကို Php 200 စီစိုက်ပေးခဲ့ပြီး အဆိုပါအမျိုးသားကို ကူညီပေးခဲ့ကြပါတယ်။ GrabFood အုပ်စုတို့ကလည်း ၎င်းအလုပ်ကိုအချိန်ကြာမြင့်စွာ လုပ်လာခဲ့တာကြောင့် fake order တွေနဲ့ မကြာခဏကြုံဖူးခဲ့ကြပုံရပါတယ်။ထို့နောက် Food Delivery Rider ကလည်း ကျေးဇူးတင်တဲ့အနေနဲ့ ၎င်းတို့အားထိုဘာဂါကိုပေးခဲ့ပါတော့တယ်။

၎င်းငိုကြွေးနေတဲ့ food delivery rider ရဲ့ဗီဒီယိုဟာ လျင်မြန်စွာ ပြန့်သွားခဲ့ပြီးနောက် အင်တာနက်သုံးသူများစွာက အဆိုပါအမျိုးသားကို သနားခဲ့ကြရပြီး ၎င်း order ကို မှာယူခဲ့တဲ့သူအား ကိုယ်မှာစားချင်မှသာ order လုပ်သင့်ပြီး အပျော်သဘောနဲ့မမှာသင့်သလို ကိုယ့်မှာ ပိုက်ဆံရှိနေမှသာ order မှာသင့်ကြောင်း ပြောဆိုဝေဖန်ခဲ့ကြပါတယ်။ အချို့သောသူများက ဒါဟာ သူ့ရဲ့အလုပ်အသစ်ဖြစ်ပြီး အတွေ့အကြုံလည်းမရှိသေးလို့လည်းဖြစ်မယ်ဟု ထို့ကဲ့သို့လည်း ပြောဆိုနေခဲ့ကြပါတယ်။

Zawgyi

Fake order တစ္ခုအတြက္ ပိုက္ဆံစိုက္ေပးလိုက္ရတာေၾကာင့္ လမ္းေဘးတစ္ေနရာမွာ ငိုေႂကြးေနခဲ့ရတဲ့ Food Delivery Rider တစ္ဦး

Booking အတုတစ္ခုရဲ႕သားေကာင္ျဖစ္သြားခဲ့ရတဲ့ Food Delivery Rider အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ေဖာက္သည္အတုေၾကာင့္ သူ႔ေငြမ်ားဆုံးရႈံးသြားခဲ့ရတာနဲ႔ပတ္သက္ၿပီး သူဟာ လမ္းေဘးတစ္ေနရာမွာငိုေႂကြးေနခဲ့ပါတယ္။ Paulino Baro Collo Jr. မွ ျပန္လည္မွ်ေဝတဲ့ ၎postထဲရွိအဆိုပါ food delivery ဟာ မည္သူမည္ဝါျဖစ္ေၾကာင္းကိုမသိရေပမဲ့လည္း ဗီဒီယိုတင္သူက ၎အျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ဩဂုဏ္လ ၈ ရက္ေန႔ရဲ႕ မနက္ခင္း ၁ နာရီ ၄၀ မိနစ္ခန႔္အခ်ိန္ႀကီးမွာ ျဖစ္ပ်က္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

၎မိုးလင္းေတာ့မဲ့အခ်ိန္ႀကီးမွာ အဆိုပါ food delivery သမားဟာ နာရီေပါင္းမ်ားစြာအလုပ္ခဲ့ၿပီးျဖစ္ပါတယ္။သို႔ေပမဲ့ သူဟာမနက္ေစာေစာမွာမွာယူတဲ့ order က fake order ျဖစ္ေနခဲ့မွန္းကို မေမွ်ာ္လင့္ထားခဲ့ပုံရပါတယ္။ထို႔ေနာက္ ငိုေႂကြးေနခဲ့တဲ့သူ႔ကို GrabFoodအငွါးယာဥ္ေမာင္းအုပ္စုတစ္စုက ေတြ႕သြားခဲ့ၿပီးေနာက္ ၎ GrabFood အုပ္စုက သူ႔နားသို႔ခ်ဥ္းကပ္ၿပီး ဘာျဖစ္တာလဲလို႔ေမးလိုက္တဲ့အခါ ေဖာက္သည္တစ္ဦးက ဘာဂါကို ႀကိဳတင္မွာယူထားခဲ့ေပမဲ့သူ႔ဆီေရာက္မလာခဲ့ဘူးလို႔ ျပန္ေျဖခဲ့ပါတယ္။

ေဖာက္သည္ကမေပၚလာလို႔ ၎Orderရဲ႕တန္ဖိုး Php 599 ကိုသူကသာေပးေခ်ခဲ့ရတာေၾကာင့္ ငိုေႂကြးေနတဲ့အဆိုပါ Food Delivery Rider ကို GrabFood ယာဥ္ေမာင္းတစ္စုက သနားသြားခဲ့တာေၾကာင့္ ထို order အတုအတြက္ တစ္ေယာက္ကို Php 200 စီစိုက္ေပးခဲ့ၿပီးအဆိုပါအမ်ိဳးသားကို ကူညီေပးခဲ့ၾကပါတယ္။ GrabFood အုပ္စုတို႔ကလည္း ၎အလုပ္ကို အခ်ိန္ၾကာျမင့္စြာလုပ္လာခဲ့တာေၾကာင့္fake order ေတြနဲ႔ မၾကာခဏႀကဳံဖူးခဲ့ၾကပုံရပါတယ္ ။ ထို႔ေနာက္ Food Delivery Rider ကလည္း ေက်းဇူးတင္တဲ့အေနနဲ႔ ၎တို႔အားထိုဘာဂါကိုေပးခဲ့ပါေတာ့တယ္။

၎ငိုေႂကြးေနတဲ့ food delivery rider ရဲ႕ဗီဒီယိုဟာ လ်င္ျမန္စြာ ျပန႔္သြားခဲ့ၿပီးေနာက္ အင္တာနက္သုံးသူမ်ားစြာက အဆိုပါအမ်ိဳးသားကိုသနားခဲ့ၾကရၿပီး ၎ order ကို မွာယူခဲ့တဲ့သူအား ကိုယ္မွာစားခ်င္မွသာ order လုပ္သင့္ၿပီး အေပ်ာ္သေဘာနဲ႔မမွာသင့္သလို ကိုယ့္မွာ ပိုက္ဆံရွိေနမွသာ order မွာသင့္ေၾကာင္း ေျပာဆိုေဝဖန္ခဲ့ၾကပါတယ္။ အခ်ိဳ႕ေသာသူမ်ားက ဒါဟာ သူ႔ရဲ႕အလုပ္အသစ္ျဖစ္ၿပီး အေတြ႕အႀကဳံလည္းမရွိေသးလို႔လည္းျဖစ္မယ္ဟု ထို႔ကဲ့သို႔လည္း ေျပာဆိုေနခဲ့ၾကပါတယ္။

crd