ဗဟုသုတ

အသုံးမဝင်တော့တဲ့ထိုင်ခုံများကို အသုံးြပြုပြီး တပည့်ကျောင်းသားများအတွက် စာဖတ်ထောင့်နေရာတစ်ခုဖန်တီးပေးခဲ့တဲ့ ဆရာတစ်ဦး

အသုံးမဝင်တော့တဲ့ထိုင်ခုံများကို အသုံးြပြုပြီး တပည့်ကျောင်းသားများအတွက် စာဖတ်ထောင့်နေရာတစ်ခုဖန်တီးပေးခဲ့တဲ့ ဆရာတစ်ဦး

ဖိလစ်ပိုင်နိုင်ငံ South Cotabato ပြည်နယ်ရှိ Reynel Calmerin အမည်ရှိကျောင်းဆရာတစ်ဦးဟာ စာသင်ခန်းတစ်ခုကို ပိုမိုဆွဲဆောင်မှုရှိတဲ့ စာသင်ခန်းတစ်ခုအဖြစ်သို့ပြန်လည်မွမ်းမံတဲ့ အသေးစားစီမံကိန်းတစ်ခုကိုလုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ကျောင်းရှိမိဘများထံမှငွေကြေးထောက်ပံ့ပေးခြင်းမရှိတဲ့တိုင်းပြည်ရဲ့ ‘စုဆောင်းခြင်းမရှိတဲ့မူဝါဒ ’ကြောင့် ရန်ပုံငွေမရှိပေမဲ့လည်း Reynel ဟာ ကျောင်းရှိအသုံးမဝင်တော့တဲ့ကျိုးပဲ့နေသောထိုင်ခုံများကို အသုံးပြုရန် သတိရသွားခဲ့ပါတယ်။

Reynel ဟာ ထိုစွန့်ပစ်ပစ္စည်းများရှိသစ်သားထိုင်ခုံများကို တစ်ပိုင်းစီခွဲခြမ်းလိုက်ပြီး သံချောင်းနဲ့တူကိုသာအသုံးပြုကာ ထိုစာသင်ခန်းကိုပြန်လည်ပြုပြင်မွမ်းမံခဲ့ပါတယ်။မွမ်းမံပြီးတာနှင့်တပြိုင်နက် Reynel ဟာ ထိုသစ်သားများကိုသက်တံ့ရောင်ခြယ်သခဲ့ပါတယ်။သစ်သားအပိုင်းအစများဖြင့်လည်းစာအုပ်စင်များကို ပြုလုပ်ခဲ့ပါတယ်။Reynel ဟာ ကျောင်းမှအသုံးမ၀င်ပစ္စည်းများကို ကျောင်းသားများအတွက် စိတ်ဝင်စားစရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့စာဖတ်ထောင့်တစ်နေရာအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

Reynel ဟာ သူ့ရဲ့အလုပ်တိုးတက်မှုများကို Facebook ပေါ်မှာ ဝေမျှခဲ့ပြီးနောက် Netizens များစွာကသူ့ရဲ့ကြီးမားတဲ့စွမ်းရည်ကိုအထင်ကြီးခဲ့ကြပြီး ကျောင်းမှအသုံးမ၀င်တဲ့ပစ္စည်းများကို ပြန်လည်အသုံးပြုပြခဲ့ပုံကိုလည်း ချီးကျူးခဲ့ကြပါတယ်။Reynel က ထိုပစ္စည်းများဟာ အမှိုက်များသာဖြစ်ကြောင်း နှင့်သုံးလို့ရပြီး မပျက်စီးသေးတဲ့အများပိုင်ပစ္စည်းများကို မဖျက်ဆီးခဲ့ခြင်းမဟုတ်ကြောင်းကိုလည်းရှင်းလင်းပြောကြားခဲ့ပါတယ်။ထို့ကြောင့် Netizen များစွာက၎င်းတို့နေထိုင်ရာဒေသများမှာလည်း Reynel ကဲ့သို့သော ပညာတတ်များစွာကို အထူးပိုလိုအပ်ကြောင်း ထိုကဲ့သို့ ပြောကြားခဲ့ကြပါသေးတယ်။

Zawgyi

အသုံးမဝင်တော့တဲ့ထိုင်ခုံများကို အသုံးြပြုပြီး တပည့်ကျောင်းသားများအတွက် စာဖတ်ထောင့်နေရာတစ်ခုဖန်တီးပေးခဲ့တဲ့ ဆရာတစ်ဦး

ဖိလစ္ပိုင္ႏိုင္ငံ South Cotabato ျပည္နယ္ရွိ Reynel Calmerin အမည္ရွိေက်ာင္းဆရာတစ္ဦးဟာ စာသင္ခန္းတစ္ခုကို ပိုမိုဆြဲေဆာင္မႈရွိတဲ့စာသင္ခန္းတစ္ခုအျဖစ္သို႔ျပန္လည္မြမ္းမံတဲ့ အေသးစားစီမံကိန္းတစ္ခုကိုလုပ္ေဆာင္ရန္ဆုံးျဖတ္ခဲ့ပါတယ္။ေက်ာင္းရွိမိဘမ်ားထံမွ ေငြေၾကးေထာက္ပံ့ေပးျခင္းမရွိတဲ့တိုင္းျပည္ရဲ႕ ‘စုေဆာင္းျခင္းမရွိတဲ့မူဝါဒ ’ေၾကာင့္ ရန္ပုံေငြမရွိေပမဲ့လည္း Reynel ဟာ ေက်ာင္းရွိအသုံးမဝင္ေတာ့တဲ့က်ိဳးပဲ့ေနေသာထိုင္ခုံမ်ားကို အသုံးျပဳရန္ သတိရသြားခဲ့ပါတယ္။

Reynel ဟာ ထိုစြန႔္ပစ္ပစၥည္းမ်ားရွိသစ္သားထိုင္ခုံမ်ားကို တစ္ပိုင္းစီခြဲျခမ္းလိုက္ၿပီး သံေခ်ာင္းနဲ႔တူကိုသာအသုံးျပဳကာ ထိုစာသင္ခန္းကို ျပန္လည္ျပဳျပင္မြမ္းမံခဲ့ပါတယ္။မြမ္းမံၿပီးတာႏွင့္တၿပိဳင္နက္ Reynel ဟာ ထိုသစ္သားမ်ားကို သက္တံ့ေရာင္ျခယ္သခဲ့ပါတယ္။သစ္သားအပိုင္းအစမ်ားျဖင့္လည္း စာအုပ္စင္မ်ားကို ျပဳလုပ္ခဲ့ပါတယ္။Reynel ဟာ ေက်ာင္းမွအသုံးမ၀င္ပစၥည္းမ်ားကို ေက်ာင္းသားမ်ားအတြက္ စိတ္ဝင္စားစရာေကာင္းၿပီး ဆြဲေဆာင္မႈရွိတဲ့စာဖတ္ေထာင့္တစ္ေနရာအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။

Reynel ဟာ သူ႔ရဲ႕အလုပ္တိုးတက္မႈမ်ားကို Facebook ေပၚမွာ ေဝမွ်ခဲ့ၿပီးေနာက္ Netizens မ်ားစြာက သူ႔ရဲ႕ႀကီးမားတဲ့စြမ္းရည္ကိုအထင္ႀကီးခဲ့ၾကၿပီး ေက်ာင္းမွအသုံးမ၀င္တဲ့ပစၥည္းမ်ားကို ျပန္လည္အသုံးျပဳျပခဲ့ပုံကိုလည္း ခ်ီးက်ဴးခဲ့ၾကပါတယ္။Reynel က ထိုပစၥည္းမ်ားဟာ အမႈိက္မ်ားသာျဖစ္ေၾကာင္း ႏွင့္ သုံးလို႔ရၿပီး မပ်က္စီးေသးတဲ့အမ်ားပိုင္ပစၥည္းမ်ားကို မဖ်က္ဆီးခဲ့ျခင္းမဟုတ္ေၾကာင္းကိုလည္း ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ထို႔ေၾကာင့္ Netizen မ်ားစြာက ၎တို႔ေနထိုင္ရာေဒသမ်ားမွာလည္း Reynel ကဲ့သို႔ေသာ ပညာတတ္မ်ားစြာကို အထူးပိုလိုအပ္ေၾကာင္း ထိုကဲ့သို႔ ေျပာၾကားခဲ့ၾကပါေသးတယ္။

crd