ဗဟုသုတ

စိတ်ဓာတ်ကျနေတဲ့အတန်းဖော်ကို စိတ်သက်သာရာရသွားအောင် နွေးထွေးစွာပွေ့ဖက်ရင်း နှစ်သိမ့်ပေးနေခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့ ကောင်လေးတစ်ဦး

စိတ်ဓာတ်ကျနေတဲ့အတန်းဖော်ကို စိတ်သက်သာရာရသွားအောင် နွေးထွေးစွာပွေ့ဖက်ရင်း နှစ်သိမ့်ပေးနေခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့ ကောင်လေးတစ်ဦး(ရုပ်သံ)

လောကကြီးမှာ ဘယ်သူကမှပြီးပြည့်စုံစွာ မွေးဖွားလာခြင်းမရှိပါဘူး။ကျွန်တော်တို့အားလုံးမှာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အားနည်းချက်တွေရှိနေပါတယ်။တစ်ခါတစ်ရံမှာ မသန်စွမ်းသူများဟာ Down syndrome ရောဂါခံစားနေရတဲ့အခုဖော်ပြမဲ့ကလေးလိုပဲ အခြားသူများနှင့်ယှဉ်ရင် ပိုနားလည်သိတတ်မှုရှိပြီး သနားစာနာတတ်ကြပါတယ်။

မွေးရာပါ Down syndrome ရောဂါရှိပြီး အမည်မသိတဲ့အခုကောင်လေးဟာအထီးကျန်ပြီးစိတ်ဓာတ်ကျသလိုခံစားနေရတဲ့သူ့ရဲ့အတန်းဖော်ကိုမြင်လိုက်တဲ့အခါ သူ့ရဲ့အတန်းဖော်အတွက်အထူးလိုအပ်တဲ့မမျှော်လင့်ထားတဲ့အရာတစ်ခုကိုပြုလုပ်ပေးခဲ့ပါတယ်။အဆိုပါကောင်လေးဟာစိတ်ညစ်ရင်းပြိုလဲနေတဲ့အတန်းဖော်က မျက် ရည်များစီးကျလာတာကိုမြင်လိုက်တဲ့အခါ သူ့သူငယ်ချင်းရဲ့မျက်ရည်များကို ချက်ချင်းသုတ်ပေးခဲ့တဲ့အပြင် သူ့ရဲ့နှာခေါင်းကိုလည်းပွတ်သပ်ပေးပြီးနှစ်သိမ့်ပွေ့ဖက်ရင်း အတန်ဖော်အား အနမ်းတစ်ပွင့်ကို ပေးခဲ့ပါတယ်။

ဒီကြည်နူးစရာမြင်ကွင်းကို မက္ကဆီကိုနိုင်ငံက စာသင်ခန်းတစ်ခုအတွင်းမှာ ၎င်းတို့ရဲ့ဆရာကဖမ်းယူရိုက်ကူးခဲ့ပြီး Facebookပေါ်မှာ ပြန်လည်မျှဝေပေးခဲ့တာဘဲ ဖြစ်ပါတယ်။ ၎င်း post ဟာ ယခုအချိန်ထိ Likeပေါင်း 170k ကျော်အထိ ရရှိခဲ့ပါတယ်။ Down syndrome ရှိတဲ့အဆိုပါကောင်လေးဟာ သူလည်းထိုကဲ့သို့သောအခြေအနေမျိုးကို ဖြတ်သန်းခဲ့ဖူးကြောင်းကိုပြသတဲ့အနေနဲ့သူ့သူငယ်ချင်းရဲ့ကျောကိုအနည်းငယ်ပုတ်ပေးခြင်းဖြင့် စိတ်သက်သာရာရစေခဲ့ပြီး သူ့နဲ့အတူဝေမျှခံစားပေးဖို့သူ့အနားမှာအမြဲရှိနေတယ်ဆိုတာကိုသူ့သူငယ်ချင်းအား အသိပေးနေသလိုပါပဲ။ခဏလေးကြာသွားတဲ့အခါမှာတော့အဆိုပါကောင်လေးက နောက်ခံမှ သာယာတဲ့တေးဂီတတီးခတ်နေတဲ့အတိုင်း သူ့သူငယ်ချင်းရဲ့လက်များကိုကိုင်ကာ လေထဲမှာ ဝှေ့ယမ်းစေခဲ့ပါသေးတယ်။

အဆိုပါ Down syndromeကောင်လေးဟာယခင်ကလည်းအခြားသောကောင်လေးများရဲ့မျက်ရည်ကိုလည်း သုတ်ပေးခဲ့ဖူးပါသေးတယ်။၎င်းဗီဒီယိုဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့ကောင်လေးတစ်ယောက်ရဲ့ အခြားသူအတွက်ကိုယ်ကျိုးမငဲ့ဘဲပြသပေးခဲ့တဲ့အပြုအမူကြောင့် netizen များစွာရဲ့နှလုံးသားကိုထိမိလှုပ်ခတ်သွားစေခဲ့ပါတယ်။ဒီလေးစားစရာကောင်းတဲ့သူငယ်ချင်းနှစ်ဦးတို့ရဲ့သံယောဇဉ်နှောင်ကြိုးဟာကျွန်တော်တို့ရဲ့ဘ၀အမြင်ကို သေချ ာ ပေါက်ပြောင်းလဲသွားစေနိုင်ကြောင်းကို ပြသနေခဲ့ပါတယ်။

Zawgyi

စိတ္ဓာတ္က်ေနတဲ့အတန္းေဖာ္ကို စိတ္သက္သာရာရသြားေအာင္ ေႏြးေထြးစြာေပြ႕ဖက္ရင္း ႏွစ္သိမ့္ေပးေနခဲ့တဲ့ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕တဲ့ေနတဲ့ ေကာင္ေလးတစ္ဦး(႐ုပ္သံ)

ေလာကႀကီးမွာ ဘယ္သူကမွၿပီးျပည့္စုံစြာ ေမြးဖြားလာျခင္း မရွိပါဘူး။ကြၽန္ေတာ္တို႔အားလုံးမွာ ကြၽန္ေတာ္တို႔ရဲ႕ကိုယ္ပိုင္အားနည္းခ်က္ေတြ ရွိေနပါတယ္။ တစ္ခါတစ္ရံမွာ မသန္စြမ္းသူမ်ားဟာ Down syndrome ေရာဂါခံစားေနရတဲ့အခုေဖာ္ျပမဲ့ကေလးလိုပဲ အျခားသူမ်ားႏွင့္ယွဥ္ရင္ ပိုနားလည္သိတတ္မႈရွိၿပီး သနားစာနာတတ္ၾကပါတယ္။

ေမြးရာပါDown syndrome ေရာဂါရွိၿပီးအမည္မသိတဲ့အခုေကာင္ေလးဟာအထီးက်န္ၿပီးစိတ္ဓာတ္က်သလိုခံစားေနရတဲ့သူ႔ရဲ႕အတန္းေဖာ္ကိုျမင္လိုက္တဲ့အခါ သူ႔ရဲ႕ အတန္းေဖာ္အတြက္ အထူးလိုအပ္တဲ့မေမွ်ာ္လင့္ထားတဲ့အရာတစ္ခုကို ျပဳလုပ္ေပးခဲ့ပါတယ္။ အဆိုပါေကာင္ေလးဟာ စိတ္ညစ္ရင္းၿပိဳလဲေနတဲ့အတန္းေဖာ္က မ်က္ရည္မ်ားစီးက်လာတာကိုျမင္လိုက္တဲ့အခါ သူ႔သူငယ္ခ်င္းရဲ႕မ်က္ရည္မ်ားကို ခ်က္ခ်င္းသုတ္ေပးခဲ့တဲ့အျပင္ သူ႔ရဲ႕ႏွာေခါင္းကိုလည္း ပြတ္သပ္ေပးၿပီး ႏွစ္သိမ့္ေပြ႕ဖက္ရင္း အတန္ေဖာ္အား အနမ္းတစ္ပြင့္ကို ေပးခဲ့ပါတယ္။

ဒီၾကည္ႏူးစရာျမင္ကြင္းကို မကၠဆီကိုႏိုင္ငံက စာသင္ခန္းတစ္ခုအတြင္းမွာ ၎တို႔ရဲ႕ဆရာက ဖမ္းယူ႐ိုက္ကူးခဲ့ၿပီး Facebook ေပၚမွာ ျပန္လည္မွ်ေဝေပးခဲ့တာဘဲ ျဖစ္ပါတယ္။ ၎ post ဟာ ယခုအခ်ိန္ထိ Likeေပါင္း 170k ေက်ာ္အထိ ရရွိခဲ့ပါတယ္။ Down syndrome ရွိတဲ့အဆိုပါေကာင္ေလးဟာ သူလည္းထိုကဲ့သို႔ေသာအေျခအေနမ်ိဳးကို ျဖတ္သန္းခဲ့ဖူးေၾကာင္းကိုျပသတဲ့အေနနဲ႔ သူ႔သူငယ္ခ်င္းရဲ႕ေက်ာကိုအနည္းငယ္ပုတ္ေပးျခင္းျဖင့္ စိတ္သက္သာရာရေစခဲ့ၿပီး သူ႔နဲ႔အတူေဝမွ်ခံစားေပးဖို႔သူ႔အနားမွာအၿမဲရွိေနတယ္ဆိုတာကို သူ႔သူငယ္ခ်င္းအား အသိေပးေနသလိုပါပဲ။ခဏေလးၾကာသြားတဲ့အခါမွာေတာ့ အဆိုပါေကာင္ေလးက ေနာက္ခံမွ သာယာတဲ့ေတးဂီတတီးခတ္ေနတဲ့အတိုင္း သူ႔သူငယ္ခ်င္းရဲ႕လက္မ်ားကိုကိုင္ကာ ေလထဲမွာ ေဝွ႔ယမ္းေစခဲ့ပါေသးတယ္။

အဆိုပါ Down syndrome ေကာင္ေလးဟာ ယခင္ကလည္း အျခားေသာေကာင္ေလးမ်ားရဲ႕မ်က္ရည္ကိုလည္း သုတ္ေပးခဲ့ဖူးပါေသးတယ္။၎ဗီဒီယိုဟာအင္တာနက္ေပၚမွာပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္စိတ္ပိုင္းဆိုင္ရာခ်ိဳ႕တဲ့ေနတဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕အျခားသူအတြက္ကိုယ္က်ိဳးမငဲ့ဘဲျပသေပးခဲ့တဲ့အျပဳအမူေၾကာင့္netizen မ်ားစြာရဲ႕ႏွလုံးသားကို ထိမိလႈပ္ခတ္သြားေစခဲ့ပါတယ္။ ဒီေလးစားစရာေကာင္းတဲ့သူငယ္ခ်င္းႏွစ္ဦးတို႔ရဲ႕သံေယာဇဥ္ေႏွာင္ႀကိဳးဟာကြၽန္ေတာ္တို႔ရဲ႕ဘ၀အျမင္ကို ေသခ်ာေပါက္ေျပာင္းလဲသြားေစႏိုင္ေၾကာင္းကို ျပသေနခဲ့ပါတယ္။

crd