ဟာသ

“တခြားနိုင်ငံမှာ လူသွား ဖြစ်နေလို့ မင်းဒီလောက်ပင်ပန်းနေရတာ ကလေးရဲ့… .မြန်မာနိုင်ငံမှာသာ. .ဆိုရင်လေ. . . .”

တခြားနိုင်ငံမှာ လူသွား ဖြစ်နေလို့ မင်းဒီလောက်ပင်ပန်းနေရတာ ကလေးရဲ့..

မြန်မာနိုင်ငံမှာသာဆို မင်းဓာတ်ပုံလေးဒီလောက်ပျံ့သွားပြီဆိုရင် မင်းဘဝပြောင်းပြီ။

ပထမဆုံးအနေနဲ့ ပြိုင်ဘီးတစ်စီး အလှူခံပေးတဲ့ ပရဟိတသမားတွေကြောင့် စက်ဘီးအသစ်တစ်စီးချက်ချင်းရသွားမယ်။

ပြီးတော့ ဒီအကြောင်းကိုမီဒီယာတွေကလည်း အိမ်အရောက်လာဗျူးလိမ့်မယ်။

မီဒီယာကဗျူးပြီးရင်တော့ အနုပညာအလုပ်တွေလုပ်ဖို့ အနုပညာရှင်တွေကလက်တွဲ ခေါ်ပြီပေါ့ကွယ်။

နောက်ပိုင်း စကားပြောရင်

”သားတို့အနုပညာသမား အားကစားသမားဆိုတာ”ဆိုတဲ့ စကားလုံးကို ပါးစပ်ဖျားက ချရတော့မှာမဟုတ်ဘူး။

Fb နဲ့ တစ်တော့မှာလည်း ဖော်လိုဝါတွေတိုးပြီးကိုယ်တိုင် ဆယ်လီဖြစ်လာအုံးမှာ။

ဒီလောက်နဲ့ မရပ်သွားသေးဘူးနော်..။

စက်ဘီးသမားဆိုတော့ စက်ဘီးကြော်ငြာတွေကအစပြုလို့ ကြော်ငြာတွေလည်းရိုက်လာရလိမ့်မယ်။Live Sale တွေလည်း ဝင်ရောင်းပေးဖို့အလုအယက် ကမ်းလှမ်းခံရမယ်။

တစ်လ နှစ်လ အတွင်းမှာ မိဘကိုတိုက်ဆောက်ပေးနိုင်လိမ့်မယ်။ကားသစ်ကြီး ဝယ်စီးနိုင်လိမ့်မယ်။

အဲဒီအခါမှာတော့ မင်းကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဝေဖန်တဲ့သူတွေ စပြီးပေါ်လာလိမ့်မယ်။

မပူနဲ့..ဘုရားတရားလေး လုပ်ပြလိုက်။ရိပ်သာလေး ဘာလေး ဝင်ပြလိုက်။ဘုန်းကြီးဖြစ်ဖြစ် ကိုရင်ဖြစ်ဖြစ် ဝတ်ပြလိုက်။

ဝေဖန်တဲ့သူ တစ်ဝက်လောက် ပါးစပ်ပိတ်သွားလိမ့်မယ်။

အကောင်းဆုံးကတော့ လမ်းဘေးမှာစျေးရောင်းနေတဲ့ အဘိုးကြီး အဘွားကြီးတစ်ယောက်ယောက်ဆီကနေ သူရောင်းသမျှကို အကုန်ဝယ် ၊ ပြီးရင်ငွေလေး ငါးသောင်း တစ်သိန်းလောက် ပေးပြီးဖျင်ဗူးခေါင်းထောင် ကန်တော့လိုက်။

မင်းကိုဝေဖန်တဲ့ သူတွေကို ”သူ့လိုလုပ်နိုင်လို့လား” ဆိုပြီး ဝင်ဆဲပေးမယ့်သူတွေ အုံလိုက်ကျင်းလိုက် ပေါ်လာလိမ့်မယ်..။

ငှဲ ငှဲ ငှဲ…

ကိုစိုးထိုက် (ဖဒို)

Photo Credit ပါခင်ဗျ..

မူရင်းပိုင်ရှင် မသိလို့ပါ..