ဗဟုသုတ
မြင်းနှင့်လယ်ထွန်ပြီး အဖိုးအဖွားကို အလုပ်အကျွေးပြုနေရသော ၁၀နှစ်အရွယ် ကောင်လေး (ရုပ်သံ)
များသောအားဖြင့် ၁၀နှစ်အရွယ်ဆိုတာ ကလေးငယ်တို့ဧ။် သဘာဝအတိုင်း ဆော့ကြပျော်ကြနှင့် လောကကြီးအကြောင်းလည်း ကောင်းကောင်းနားမလည်သေးသလို လွတ်လပ်ပြီး အပူအပင်မရှိ အချိန်ကုန်ကြသော အရွယ်လေးများဖြစ်ကြသည်။
သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင်နေထိုင်သော ကောင်လေးအတွက်တော့ အသက် ၁၀နှစ်သာ ရှိသေးသော်လည်းလယ်ထဲခြံထဲသွားပြီးစိုက်ပျိုးရေးတာဝန်ကို ပိုင်ပိုင်နိုင်နိုင်လုပ်ကိုင်နေရပြီးမိသားစုဧ။်စားဝတ်နေရေးကိုတာဝန်ယူနေရပြီဖြစ်သည်။ကောင်လေးဧ။် မိဘနှစ်ပါးသည်ဖခင်ဖြစ်သူမှာအိမ်ကထွက်သွားပြီး သတင်းအစအနပင်မရပဲရှိရာ မိခင်ဖြစ်သူမှလည်း အသက် ၄နှစ်အရွယ်ကတည်းက နောက်အိမ်ထောင်ပြုသွား၍ အဖိုးအဖွားနှင့်သာ နေထိုင်ခဲ့ရသည်။
အဖိုးအဖွားသည်လည်း အသက်အရွယ်အရ အိုမင်းနေပြီဖြစ်၍ ပင်ပင်ပန်းပန်း မလုပ်နိုင်မကိုင်တော့သည့်အတွက်ကောင်လေးခမျာကျောင်းထွက်ပြီး အိမ်တွင်ရှိသော မြင်းတစ်ကောင်ကိုအားကိုးပြီး လယ်ယာများ ထွန်ယက်ပြီး သီးနှံများစိုက်ပျိုးခဲ့သည်။အလုပ်အကိုင်မှာလည်း အမြဲတမ်း အဆင်ပြေသည်မရှိ၍တစ်ခါတစ်လေ ထမင်းကို ဆားဖြူးပြီး စားသောက်ခဲ့ရသည်။ကောင်လေးဧ။်အလုပ်ကြိုးစားမှုနှင့် လိမ်မာရေးခြားရှိမှုကြောင့်လူမှုကွန်ယက်တွင်ပျံ့နှံ့ပြီးနောက်အများဧ။်လေးစားချီးကျူးခံနေရသည်။
Zawgyi
crd