ဗဟုသုတ

ကင်ဆာရောဂါသည်ကောင်လေးရဲ့နောက်ဆုံးထွက်သက်မှာ အတူရှိပေးခဲ့ရတဲ့အတွေ့အကြုံကို စိတ်ထိခိုက်ဖွယ်ပြန်ဝေမျှပေးခဲ့တဲ့ Cosplayer တစ်ဦး

မကြာသေးမီက Marvel antihero Deadpool အဖြစ် ၀တ်ဆင်ထားသော cosplayer အမျိုးသားတစ်ဦးဟာ နာမကျန်းဖြစ်နေသော ကလေးတစ်ဦးထံသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ၎င်းကဲ့သို့ သွားရောက်လည်ပတ်ခြင်းဟာ cosplayer အပေါ်ကြီးမားသော သက်ရောက်မှုရှိစေခဲ့ပါတယ်။

အဆိုပါ Cosplayer ဟာ Facebook ရှိ Painkiller Cosplay page မှာ post တစ်ခုဖြင့် သူမည်မျှစိတ်ထိခိုက်သွားခဲ့ရတဲ့အတွေ့အကြုံကို ရှည်လျားတဲ့စာတစ်စောင်ဖြင့် အသေးစိတ်ဖော်ပြပေးခဲ့ပါတယ်။ တစ်နေ့ တနင်္လာနေ့မနက်ခင်းတစ်ခုမှာ အဆိုပါ Cosplayer အမျိုးသားဟာ ရန်ပုံငွေရှာဖွေသူ Amy ထံမှ ဖုန်း call တစ်ခုရခဲ့ပြီး Amy က သူ့အား ဦးနှောက်ကင်ဆာရှိနေတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်လေးဖြစ်တဲ့ Tony ရဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

Tony ရဲ့မိသားစုက သူ့အတွက် လာမဲ့စနေနေ့မှာ ပွဲတစ်ခုကိုစီစဉ်ပေးနေခဲ့ပေးမဲ့ Tony က အခြေအနေဆိုးလာခဲ့ပြီးမိဘများကလည်းကောင်လေးကစနေနေ့အထိ အသက်ရှင်ဖို့မမျှော်လင့်ခဲ့ကြပါဘူး။

ထို့ကြောင့် သူဟာ Tony အတွက် cosplayer လုပ်ပြီး သရုပ်ဆောင်ပေးရန် တောင်းဆိုခံခဲ့ရပါတယ်။ မိဘများက အင်္ဂါနေ့မှာ ဆေးရုံသို့လာရန်ဆိုခဲ့ပေမဲ့ spider man အဖြစ် cosplay မဲ့ သူငယ်ချင်းဖြစ်သူ Aaron က မအားလပ်တာကြောင့် တာဝန်အရ အဆိုပါcosplayer ဟာဆေးရုံသို့ Cosplayer Care အဖွဲ့နှင့်အတူ လိုက်ပါသွားခဲ့ပါတယ်။

သူဟာ Tony ရဲ့အခန်းသို့ရောက်တဲ့အခါ မိဘများနှင့် အားလုံးလိုလိုက Tony အား အသက်ရှင်နေနိုင်ရန် ငွေကြေးများစွာကို အကုန်အကျခံကာကြိုးစားပေးနေခဲ့တာကို မြင်ခဲ့ရပါတယ်။ထို့နောက် သူဟာ Deadpoolဝတ်စုံကို၀တ်ဆင်ရန်အခန်းတစ်ခုထဲသို့၀င်ခဲ့ပြီးနောက် Tonyရဲ့အိပ်ယာနားဘေးသို့ချက်ချင်းသွားရောက်ခဲ့ပေမဲ့ Tony ဟာ ကင်ဆာကြောင့်မလှုပ်နိုင်၊ မပြောနိုင်တော့ကြောင်း သူနာပြုဆရာမတစ်ဦးက သူ့အား ပြောပြခဲ့ပါတယ်။

ထိုအချိန်မှာ Tony ဟာ သတိရှိနေပုံရပြီး Tony အား စကားအနည်းငယ်ပြောခဲ့ရတဲ့အကြောင်းကို သူက “ကောင်လေးကအသက်ရှူစက်နှင့်ပြွန်မှတဆင့် အစာစားနေရတယ်၊ သူက အသက်မဲ့ပုံပေါ်တယ်၊ သူအသက်ရှူနေလားဆိုတာကိုကြည့်ဖို့ ငါသူ့ရင်ဘတ်ကို ငေးကြည့်နေခဲ့ရတယ်၊အဲ့တာနဲ့ အချိန်ခဏလေးအတွင်းမှာ သူ့မျက်လုံးတွေကပွင့်လာပြီး သူကငါ့မျက်လုံးတွေကို စိုက်ကြည့်နေခဲ့တယ် ၊အဲ့တာနဲ့ငါသူ့လက်ကိုတင်းကျပ်စွာကိုင်ထားလိုက်ပြီးသူကဘယ်လောက်သန်မာကြောင်း၊ သူဘယ်လောက်သတ္တိရှိကြောင်းကို ငါပြောပေးနိုင်ခဲ့တယ် ” ဟု ရေးသားခဲ့ပါတယ်။

သူဟာ နောက်ဆုံး Tony လေးလူ့လောကထဲထွက်မသွားခင်အချိန်လေးမှာ Tony ဟာ မည်မျှသန်မာပြီး မည်မျှရဲရင့်တဲ့အကြောင်းကိုပြောပြခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ post ဟာ သူလုပ်ပေးခဲ့တဲ့အရာအတွက် ထောက်ခံမှုနှင့်ကြည်ညိုလေးစားမှုများစွာကို ရရှိခဲ့ပါတယ်။ ထို့အပြင် သူ့အား ကျေးဇူးတင်စကားပြောကာမှတ်ချက်ပေးခဲ့ကြတဲ့ လူတစ်ထောင်နီးပါးရှိသလို ၎င်း post ဟာ share ပေါင်း ၇,၅၀၀ အထိရှိခဲ့ပါတယ်။

Zawgyi

ကင္ဆာေရာဂါသည္ေကာင္ေလးရဲ႕ေနာက္ဆုံးထြက္သက္မွာ အတူရွိေပးခဲ့ရတဲ့အေတြ႕အႀကဳံကို စိတ္ထိခိုက္ဖြယ္ျပန္ေဝမွ်ေပးခဲ့တဲ့ Cosplayer တစ္ဦး

မၾကာေသးမီက Marvel antihero Deadpool အျဖစ္ ၀တ္ဆင္ထားေသာ cosplayer အ မ်ိဳးသားတစ္ဦးဟာ နာမက်န္းျဖစ္ေနေသာ ကေလးတစ္ဦးထံသို႔ သြားေရာက္လည္ပတ္ခဲ့ပါတယ္။ ၎ကဲ့သို႔ သြားေရာက္လည္ပတ္ျခင္းဟာ cosplayer အေပၚႀကီးမားေသာ သက္ေရာက္မႈရွိေစခဲ့ပါတယ္။

အဆိုပါ Cosplayer ဟာ Facebook ရွိ Painkiller Cosplay page မွာ post တစ္ခုျဖင့္ သူမည္မွ်စိတ္ထိခိုက္သြားခဲ့ရတဲ့အေတြ႕အႀကဳံကိုရွည္လ်ားတဲ့စာတစ္ေစာင္ျဖင့္ အေသးစိတ္ေဖာ္ျပေပးခဲ့ပါတယ္။ တစ္ေန႔တနလၤာေန႔မနက္ခင္းတစ္ခုမွာအဆိုပါ Cosplayerအမ်ိဳးသားဟာ ရန္ပုံေငြရွာေဖြသူAmy ထံမွ ဖုန္း call တစ္ခုရခဲ့ၿပီး Amy က သူ႔အား ဦးေႏွာက္ကင္ဆာရွိေနတဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္ ေကာင္ေလးျဖစ္တဲ့ Tony ရဲ႕အေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။

Tony ရဲ႕မိသားစုက သူ႔အတြက္ လာမဲ့စေနေန႔မွာ ပြဲတစ္ခုကိုစီစဥ္ေပးေနခဲ့ေပးမဲ့ Tony က အေျခအေနဆိုးလာခဲ့ၿပီးမိဘမ်ားကလည္း ေကာင္ေလးကစေနေန႔အထိ အသက္ရွင္ဖို႔မေမွ်ာ္လင့္ခဲ့ၾကပါဘူး။ထို႔ေၾကာင့္ သူဟာ Tony အတြက္ cosplayer လုပ္ၿပီး သ႐ုပ္ေဆာင္ေပးရန္ ေတာင္းဆိုခံခဲ့ရပါတယ္။ မိဘမ်ားက အဂၤါေန႔မွာ ေဆး႐ုံသို႔လာရန္ဆိုခဲ့ေပမဲ့ spider man အျဖစ္ cosplay မဲ့ သူငယ္ခ်င္းျဖစ္သူ Aaron ကမအားလပ္တာေၾကာင့္တာဝန္အရ အဆိုပါcosplayer ဟာ ေဆး႐ုံသို႔ Cosplayer Care အဖြဲ႕ႏွင့္အတူ လိုက္ပါသြားခဲ့ပါတယ္။

သူဟာ Tony ရဲ႕အခန္းသို႔ေရာက္တဲ့အခါ မိဘမ်ားႏွင့္ အားလုံးလိုလိုက Tony အား အသက္ရွင္ေနႏိုင္ရန္ ေငြေၾကးမ်ားစြာကို အကုန္အက်ခံကာႀကိဳးစားေပးေနခဲ့တာကို ျမင္ခဲ့ရပါတယ္။ထို႔ေနာက္ သူဟာ Deadpool ဝတ္စုံကို၀တ္ဆင္ရန္ အခန္းတစ္ခုထဲသို႔၀င္ခဲ့ၿပီးေနာက္ Tony ရဲ႕အိပ္ယာနားေဘးသို႔ ခ်က္ခ်င္းသြားေရာက္ခဲ့ေပမဲ့ Tony ဟာ ကင္ဆာေၾကာင့္မလႈပ္ႏိုင္၊ မေျပာႏိုင္ေတာ့ေၾကာင္း သူနာျပဳဆရာမတစ္ဦးက သူ႔အား ေျပာျပခဲ့ပါတယ္။

ထိုအခ်ိန္မွာ Tony ဟာ သတိရွိေနပုံရၿပီး Tony အားစကားအနည္းငယ္ေျပာခဲ့ရတဲ့အေၾကာင္းကို သူက“ ေကာင္ေလးကအသက္ရႉစက္ႏွင့္ႁပြန္မွတဆင့္ အစာစားေနရတယ္၊ သူက အသက္မဲ့ပုံေပၚတယ္၊ သူအသက္ရႉေနလားဆိုတာကိုၾကည့္ဖို႔ ငါသူ႔ရင္ဘတ္ကို ေငးၾကည့္ေနခဲ့ရတယ္၊အဲ့တာနဲ႔ အခ်ိန္ခဏေလးအတြင္းမွာ သူ႔မ်က္လုံးေတြကပြင့္လာၿပီး သူကငါ့မ်က္လုံးေတြကို စိုက္ၾကည့္ေနခဲ့တယ္ ၊ အဲ့တာနဲ႔ ငါသူ႔လက္ကိုတင္းက်ပ္စြာကိုင္ထားလိုက္ၿပီးသူကဘယ္ေလာက္သန္မာေၾကာင္း၊ သူဘယ္ေလာက္သတၱိရွိေၾကာင္းကို ငါေျပာေပးႏိုင္ခဲ့တယ္ ” ဟု ေရးသားခဲ့ပါတယ္။

သူဟာ ေနာက္ဆုံး Tony ေလးလူ႔ေလာကထဲထြက္မသြားခင္အခ်ိန္ေလးမွာ Tony ဟာ မည္မွ်သန္မာၿပီး မည္မွ်ရဲရင့္တဲ့အေၾကာင္းကို ေျပာျပခြင့္ရခဲ့ပါတယ္။ သူ႔ရဲ႕ post ဟာ သူလုပ္ေပးခဲ့တဲ့အရာအတြက္ ေထာက္ခံမႈႏွင့္ၾကည္ညိဳေလးစားမႈမ်ားစြာကို ရရွိခဲ့ပါတယ္။ ထို႔အျပင္ သူ႔အား ေက်းဇူးတင္စကားေျပာကာမွတ္ခ်က္ေပးခဲ့ၾကတဲ့ လူတစ္ေထာင္နီးပါးရွိသလို ၎ post ဟာ share ေပါင္း ၇,၅၀၀ အထိရွိခဲ့ပါတယ္။

crd