ဗဟုသုတ
လမ်းဘေးတွင် အိပ်နေသောခွေးလေးအား မဆီမဆိုင်ကန်ခဲ့သည့် အမျိုးသားအား ပညာပြန်ပြလိုက်သော ခွေးလေး
အချို့သောသူများသည်တိရစ္ဆာန်လေးများကိုချစ်ဖို့နေနေသာသာမတွေ့လိုက်နှင့် တွေ့သည်နှင့် ထုမယ်ကြိတ်မယ်ဆိုသည့်လူမျိုးတွေကိုယ့်အနီးနားပတ်ဝန်းကျင်တွင် တွေ့ဖူးကြပါလိမ့်မည်။
ယခုအခါတွင်လည်း တရုတ်နိုင်ငံ Chongqing မှ အမျိုးသားတစ်ဦးသည်ကားရပ်နားနေရာတွင်အိပ်စက်နေသောခွေးလေးအားစာနာစိတ်ကင်းမဲ့စွာ ခြေထောက်နှင့် ပိတ်ကန်ခဲ့သည်။
ခွေးလေးသည် လန့်နိုးသွားကာ အငြိုးထားပြီး ထိုအမျိုးသားဧ။် ကားရှေ့နားကို အဖော်တွေနှင့်အတူ ကိုက်ပြီးဖျက်စီးပစ်ခဲ့သည်။အမျိုးသားကတော့ သူလုပ်ပြီးသား ကိစ္စကို မေ့နေခဲ့ပြီး ကားထားရာနေရာတွင် ပြန်ရောက်လာချိန်မှာတော့ သူဧ။်ဇိမ်ခံကားလှလှလေးဧ။် အဖြစ်အားမြင်တွေ့စဥ် အလွန်အမင်း ထိတ်လန့်ကာ အံ့အားသင့်ခဲ့ရသည်။
ထိုအဖြစ်ကိုမြင်တွေ့သူများမှာ ခွေးလေးအား လိမ်မာပါးနပ်မှုနှင့်အတူ ပြန်ပြီး ကလဲ့စားချေခြင်းဖြင့် ချီးကျူးကြပြီး အမျိုးသားကိုတော့ ကဲ့ရဲ့ပြောဆိုနေကြသည်။
Zawgyi
crd