ဗဟုသုတ

၂၂နှစ်ကြာကွဲကွာခဲ့ရပြီးနောက် ပြန်လည်ဆုံတွေ့ကြတဲ့အခါ ၎င်းတို့ရဲ့အချင်းချင်းအပေါ်တုံ့ပြန်မှုများက ဆင်ထိန်းသူများကိုပင် အံ့အားသင့်သွားစေခဲ့တဲ့ ဆင်နှစ်ကောင်(ရုပ်သံ)

Shirley နှင့် Jenny အမည်ရှိတဲ့ ဆင်နှစ်ကောင်တို့ဟာ အချင်းချင်းမတွေ့ဖြစ်တော့တာ ၂၂ နှစ်ရှိပြီဖြစ်ပါတယ်။ ၎င်းတို့ရဲ့အချင်းချင်းပြန်လည်တွေ့ဆုံခဲ့တဲ့အချိန်မှာတော့ ၎င်းဆင်နှစ်ကောင်တို့ဟာ တစ်ကောင်နှင့်တစ်ကောင်အပေါ်ထားရှိတဲ့ နူးညံ့တဲ့စိတ်ဝိညာဉ်နှစ်ခုရှိနေခဲ့ကြတာကို ဆင်ထိန်းသူများက သိရှိခဲ့ရပါတယ်။ နှစ်ပေါင်းများစွာအကြာမှ ပြန်လည်တွေ့ဆုံခဲ့တဲ့ ၎င်းဆင်နှစ်ကောင်တို့ရဲ့အချင်းချင်း နှုတ်ဆက်နေကြတဲ့ပုံစံလေးက လူတိုင်းကို မျက်ရည်ကျသွားစေခဲ့ရပါတယ်။

၎င်းတို့ခွဲခွါနေခဲ့ရကြပြီးနောက် ဆယ်စုနှစ်နှစ်ခုကျော်ကြာအထိ အချင်းချင်းမတွေ့ဘဲ အများကြီးဖြတ်သန်းခဲ့ရပေမဲ့လည်း ၎င်းဆင်နှစ်ကောင်တို့ဟာ ၎င်းတို့ပြန်ဆုံဆည်းခဲ့တဲ့အခိုက်အတန့်လေးကို အပြည့်အဝခံစားနိုင်မယ့်စွမ်းအားကို ရှာတွေ့ခဲ့ကြရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်းရှိ၎င်းတို့ရဲ့အတိတ်မှာ၎င်းတို့ဟာသေးငယ်တဲ့အခန်းများမှာနေထိုင်ရင်းဖျော်ဖြေရန်ရည်ရွယ်ချက်ဖြင့် ဆပ်ကပ်များရဲ့လှည့်ကွက်များအတိုင်း ပြုလုပ်ရန် ဖိအားပေးခံခဲ့ကြရပါတယ်။ ကံကောင်းထောက်မစွာဖြင့် ကြင်နာတတ်တဲ့လူတစ်စုက တစ်နေရာစီရောက်နေတဲ့၎င်းတို့ကို ကယ်တင်ပေးခဲ့ပြီးတဲ့နောက်မှာ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါတယ်။

ထိုဝမ်းနည်းစရာဆပ်ကပ်လုပ်ငန်းများမှအသက်ကယ်တင်ခံရပြီးနောက်သက်ဆိုင်သူများကShirley နှင့်Jennyတို့ကိုအမေရိကန်နိုင်ငံ Tennessee ပြည်နယ်ရှိ Elephant Sanctuary သို့ ခေါ်ဆောင်သွားခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Shirley နှင့် Jenny တို့ဟာ ၎င်းနေရာမှာအချင်းချင်းမျက်နှာချင်းဆိုင်ကာ ပြန်လည်ဆုံစည်းခွင့်ရခဲ့ကြပါတော့တယ်။

နှစ်ပေါင်းများစွာ ကွဲကွာခဲ့ရပေမဲ့ သူငယ်ချင်းဟောင်းကြီးများဖြစ်တဲ့ Shirley နှင့် Jenny တို့ဟာ ချက်ချင်းဆိုသလို အချင်းချင်း အသိအမှတ်ပြုခဲ့ကြပြီး ၎င်းတို့ရဲ့အချင်းချင်းအပေါ်တုံ့ပြန်မှုများကလည်း ဆင်ထိန်းသူများကိုပင် အံ့အားသင့်သွားစေခဲ့ပါတယ်။ဗီဒီယိုထဲအရ ၎င်းသူငယ်ချင်းအရင်းကြီးတို့ဟာ ကျယ်ပြန့်လှပတဲ့လယ်ကွင်းသို့ သွားခဲ့ကြပြီး မိနစ်အနည်းငယ်ကြာအထိ အချင်းချင်းအပြန်အလှန်ထိတွေ့နေကြတဲ့ ၎င်းတို့ရဲ့ပြန်လည်ဆုံဆည်းခွင့်ရခဲ့တဲ့အခိုက်အတန့်လေးက အလွန်ပင် လှပလွန်းခဲ့ပါတယ်။

Zawgyi

၂၂ႏွစ္ၾကာကြဲကြာခဲ့ရၿပီးေနာက္ ျပန္လည္ဆုံေတြ႕ၾကတဲ့အခါ ၎တို႔ရဲ႕အခ်င္းခ်င္းအေပၚတုံ႔ျပန္မႈမ်ားက ဆင္ထိန္းသူမ်ားကိုပင္ အံ့အားသင့္သြားေစခဲ့တဲ့ ဆင္ႏွစ္ေကာင္(႐ုပ္သံ)

Shirley ႏွင့္ Jenny အမည္ရွိတဲ့ ဆင္ႏွစ္ေကာင္တို႔ဟာ အခ်င္းခ်င္းမေတြ႕ျဖစ္ေတာ့တာ ၂၂ ႏွစ္ရွိၿပီျဖစ္ပါတယ္။ ၎တို႔ရဲ႕အခ်င္းခ်င္းျပန္လည္ေတြ႕ဆုံခဲ့တဲ့အခ်ိန္မွာေတာ့ ၎ဆင္ႏွစ္ေကာင္တို႔ဟာ တစ္ေကာင္ႏွင့္တစ္ေကာင္အေပၚထားရွိတဲ့ ႏူးညံ့တဲ့စိတ္ဝိညာဥ္ႏွစ္ခုရွိေနခဲ့ၾကတာကို ဆင္ထိန္းသူမ်ားက သိရွိခဲ့ရပါတယ္။ ႏွစ္ေပါင္းမ်ားစြာအၾကာမွ ျပန္လည္ေတြ႕ဆုံခဲ့တဲ့ ၎ဆင္ႏွစ္ေကာင္တို႔ရဲ႕အခ်င္းခ်င္း ႏႈတ္ဆက္ေနၾကတဲ့ပုံစံေလးက လူတိုင္းကို မ်က္ရည္က်သြားေစခဲ့ရပါတယ္။ ၎တို႔ခြဲခြါေနခဲ့ရၾကၿပီးေနာက္ ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ၾကာအထိ အခ်င္းခ်င္းမေတြ႕ဘဲ အမ်ားႀကီးျဖတ္သန္းခဲ့ရေပမဲ့လည္း ၎ဆင္ႏွစ္ေကာင္တို႔ဟာ ၎တို႔ျပန္ဆုံဆည္းခဲ့တဲ့အခိုက္အတန႔္ေလးကို အျပည့္အဝခံစားႏိုင္မယ့္စြမ္းအားကို ရွာေတြ႕ခဲ့ၾကရပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ ေက်ာ္ကာလအတြင္းရွိ ၎တို႔ရဲ႕အတိတ္မွာ ၎တို႔ဟာ ေသးငယ္တဲ့အခန္းမ်ားမွာေနထိုင္ရင္း ေဖ်ာ္ေျဖရန္ရည္႐ြယ္ခ်က္ျဖင့္ဆပ္ကပ္မ်ားရဲ႕လွည့္ကြက္မ်ားအတိုင္း ျပဳလုပ္ရန္ ဖိအားေပးခံခဲ့ၾကရပါတယ္။ ကံေကာင္းေထာက္မစြာျဖင့္ ၾကင္နာတတ္တဲ့လူတစ္စုက တစ္ေနရာစီေရာက္ေနတဲ့၎တို႔ကိုကယ္တင္ေပးခဲ့ၿပီးတဲ့ေနာက္မွာ အရာအားလုံးဟာ ေျပာင္းလဲသြားခဲ့ပါတယ္။

ထိုဝမ္းနည္းစရာဆပ္ကပ္လုပ္ငန္းမ်ားမွ အသက္ကယ္တင္ခံရၿပီးေနာက္ သက္ဆိုင္သူမ်ားက Shirley ႏွင့္ Jenny တို႔ကို အေမရိကန္ႏိုင္ငံ Tennessee ျပည္နယ္ရွိ Elephant Sanctuary သို႔ ေခၚေဆာင္သြားခဲ့ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ Shirley ႏွင့္ Jenny တို႔ဟာ ၎ေနရာမွာ အခ်င္းခ်င္းမ်က္ႏွာခ်င္းဆိုင္ကာ ျပန္လည္ဆုံစည္းခြင့္ရခဲ့ၾကပါေတာ့တယ္။

ႏွစ္ေပါင္းမ်ားစြာ ကြဲကြာခဲ့ရေပမဲ့ သူငယ္ခ်င္းေဟာင္းႀကီးမ်ားျဖစ္တဲ့ Shirley ႏွင့္ Jenny တို႔ဟာခ်က္ခ်င္းဆိုသလို အခ်င္းခ်င္းအသိအမွတ္ျပဳခဲ့ၾကၿပီး ၎တို႔ရဲ႕အခ်င္းခ်င္းအေပၚတုံ႔ျပန္မႈမ်ားကလည္း ဆင္ထိန္းသူမ်ားကိုပင္ အံ့အားသင့္သြားေစခဲ့ပါတယ္။ဗီဒီယိုထဲအရ ၎သူငယ္ခ်င္းအရင္းႀကီးတို႔ဟာ က်ယ္ျပန႔္လွပတဲ့လယ္ကြင္းသို႔ သြားခဲ့ၾကၿပီး မိနစ္အနည္းငယ္ၾကာအထိ အခ်င္းခ်င္းအျပန္အလွန္ထိေတြ႕ေနၾကတဲ့၎တို႔ရဲ႕ျပန္လည္ဆုံဆည္းခြင့္ရခဲ့တဲ့အခိုက္အတန႔္ေလးကအလြန္ပင္ လွပလြန္းခဲ့ပါတယ္။

crd