ဗဟုသုတ

ရွာ၏ငါးပုံ တစ်ပုံသည် ထူးဆန်းစွာဖြင့် အိပ်စက်ခြင်းရောဂါဝေဒနာကို ခံစားနေသည့် အဖြစ်အပျက်ကြီး

ဖြစ်စဥ်မှာ ကာဇတ်စတန်မြို့ရှိ kalachiကျေးရွာငယ်လေးသည် ထူးထူးဆန်းဆန်း ထိုရွာဧ။် ငါးပုံတစ်ပုံလူဦးရေမှာ အိပ်စက်ခြင်းရောဂါကိုခံစားနေရသည်ဟု သိရသည်။

Kalachiရွာထဲတွင် လူကြီးလူငယ်မရွေး ရောဂါကိုခံစားနေရကာ အချိန်အခါ နေရာဒေသမရွေး အိပ်ပျော်သွားနိုင်ပြီး နိုးထဖို့အတွက် ခက်ခဲသလို ၂ရက် ၃ရက်ထိပင် အိပ်ပျော်သွားနိုင်သည့်အတွက် နေထိုင်မှုဘဝက အဆင်ပြေမနေတော့ပါ။

ထိုထူးဆန်းသည့် ရောဂါဧ။်လက္ခဏာအရင်းမြစ်ကို သိပ္ပံပညာရှင်များအနေနှင့် သုတေသနပြုလုပ်ရာတွင် ၄နှစ်ကြာမှ အဖြေကိုဖော်ထုတ်နိုင်ခဲ့သည်။

အကြောင်းမှာ ကျေးရွာအနီးရှိ ဆိုဗီယက်ခေတ်က ယူရေနီယမ် သတ္တုတွင်းတွင်အချိန်တော်ကြာစုဆောင်းထားသောရေဒွန်ဓာတ်ငွေ့များကြောင့်သာ ဖြစ်သည်ဟု သိရသည်။

ထိုသို့ အချိန်အခါမရွေး ထွက်ပေါ်လာတတ်သော ဓာတ်ငွေ့များသည် လူတို့ဧ။် အသက်အန္တရာယ်ကိုမစိုးရိမ်ရသော်လည်းရှုရှိုက်မိသူများအနေနှင့် အိပ်ငွေ့ချသည့်သဘောရှိကာ နေရာတွင်ပဲ အိပ်ပျော်သွားစေခြင်းကြောင့် အခက်တွေ့နေရသည်။

Zawgyi

ရွာဧ။်ငါးပုံ တစ်ပုံသည် ထူးဆန်းစွာဖြင့် အိပ်စက်ခြင်းရောဂါဝေဒနာကို ခံစားနေသည့် အဖြစ်အပျက်ကြီး






crd