ဗဟုသုတ

အွန်လိုင်းစီးပွားရေးစတင်ပြီးနောက် ယခုအခါမှာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့တဲ့ ၁၆နှစ်အရွယ် ကျောင်းသူ (ရုပ်သံ)

အွန်လိုင်းစီးပွားရေးစတင်ပြီးနောက် ယခုအခါမှာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့တဲ့ ၁၆နှစ်အရွယ် ကျောင်းသူ (ရုပ်သံ)

အသက် ၁၆ နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာရခြင်းဟာ ၎င်းကသူမရဲ့အွန်လိုင်းစီးပွားရေးရဲ့ ကျေးဇူးကြောင်းဖြစ်ပါတယ် ။ Irish Oloris အမည်ရှိ ၁၀ တန်းကျောင်းသူတစ်ယောက်သာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဒီ၁၆ နှစ်အရွယ်မိန်းကလေးက သူမရဲ့ လေ့လာမှုနဲ့ အချိန်ကို ဟန်ချက်ညီအောင်လုပ်ပြီး အွန်လိုင်းမှ အလှကုန်ပစ္စည်းများ ရောင်းချခြင်းဖြင့် သူမရဲ့ ပထမဆုံးသောငွေကိုရှာနိုင်နေပြီဖြစ်ပါတယ် ။

ဒီလူငယ်ကျောင်းသူက အတုယူစရာကို ယူပြီး စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ သူမရဲ့အမေ Irene Oloris ထံမှ သင်ယူခဲ့ပါတယ် ။ Mommy Irene ရဲ့ အဆိုအရ သူဟာ သူမရဲ့ကလေးများကို စီးပွားရေးတွင်းထဲခေါ်ဆောင်လာပြီး သူတို့ရဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ဘယ်လို လက်တွဲရမယ် ဆိုတာကိုသင်ပြခဲ့တယ်လို့ ဆိုပါတယ် ။ထို့ကြောင့် Irish က သူမရဲ့ကိုယ်ပိုင်လုပ်ငန်းစတင်ရန်စိတ်မဝင်စားလာတော့တာဟာအထူးအဆန်းမဟုတ်တော့ပါဘူး ။ငယ်ရွယ်သေးသောကြောင့် Irish က သူမရဲ့ စီးပွားရေးကိုအမြဲအာရုံစိုက်မနေခဲ့ပါဘူး ။

သို့သော် Mommy Irene က သူမကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကူညီပေးပြီး သူမရဲ့ စိတ်နေစိတ်ထားကိုဘယ်လိုပြောင်းလဲရမည်ကိုသင်ပေးခဲ့ပါတယ် ။ မကြာခင်မှာပဲ ကောင်မလေးက သူမရဲ့ပထမဝင်ငွေကို ရှာနိုင်ခဲ့ပါတယ် ။သူမရဲ့မိခင်ကစီးပွားရေးလုပ်ငန်းများကိုပိုင်ဆိုင်ပြီးမိသားစုကိုထောက်ပံ့နိုင်သောကြောင့် Irish က သူ့ရဲ့ပထမဝင်ငွေကို သူ့အတွက် သိမ်းနိုင်ခဲ့ပါတယ် ။သူမက မိမိအသုံးမလိုတဲ့ပစ္စည်းတွေကို ဝယ်ဖို့ မသုံးခဲ့ပါဘူး ။

၎င်းအစား သူမက Zambales ရှိအိမ်ခြံမြေတစ်ခုကို ဝယ်ရန် သူမရဲ့ ပထမဝင်ငွေကို သုံးခဲ့တာပါ ။ အခုသူမမှာ ကိုယ်ပိုင်ပစ္စည်းများ အိမ်ခြံများ အများကြီးရှိနေပြီဖြစ်သောကြောင့် ဒီလူငယ်ဟာ ကောလိပ်တက်ရန် ရည်ရွယ်ချက်သစ်ဖြင့် သူမရဲ့ အွန်လိုင်းစီးပွားရေးကို ဆက်လက်လုပ်ဆောင်နေပါတယ် ။ Mommy Irene က သူ့သမီးအတွက် တကယ်ဂုဏ်ယူခဲ့ပြီး သူမသမီးက ငွေရှာတာကို အာရုံစိုက်ရုံတင်မကဘဲ သူတစ်ပါးကိုကူညီတက်တဲ့သူတော်ကောင်းတစ်ယောက်ဖြစ်ပါတယ် ။

Zawgyi






crd