ဗဟုသုတ

တစ်နေ့တာအတွက် ခတ်ခဲစွာရှာဖွေရသော်လည်း ခွေးငယ်လေးအတွက် စားစရာကို ဝေမျှရန် မတွန့်ဆုတ်ခဲ့တဲ့ လမ်းဘေးက ကောင်လေး

နေ့စဥ်စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နပ်နေတဲ့ဘဝရှုပ်ထွေးမှုတွေကြားမှအသက် ၅ နှစ် (သို့) ၆ နှစ်ခန့်ရှိလမ်းဘေးကောင်လေးတစ်ယောက်ဟာရုံရှင်ရုံတစ်ခုရဲ့ဘေးမှာ ထိုင်ပြီး သူရဲ့သူငယ်ချင်းခွေးကလေးကို နို့တစ်ဘူးတိုက်ရန် မတွန့်ဆုတ်ခဲ့ပါ ။

ကောင်လေးက သူ့ရဲ့တစ်နေ့တာအတွက် ခက်ခဲတဲ့အလုပ်ဖြစ်သော်လည်း သူတစ်ယောက်တည်းမစားဘဲ သူ့ဘေးနားခွေးနက်ကို လိုလိုလားလားဝေမျှခဲ့တဲ့ သူ့ရဲ့ ကြင်နာမှုက ဖြတ်သွားသူများရဲ့ နှလုံးသားကို ထိမိစေပြီး မျက်ရည်ကျစေခဲ့ပါတယ် ။သေးငယ်သော်လည်း အလွန်နွေးထွေးတဲ့လုပ်ဆောင်ချက်ကြောင့် ကလေးကို လူတိုင်းက ချစ်ခင်သနားမှုနဲ့ ကူညီပေးကြပါတယ် ။

အဆိုပါပုံတစ်ပုံက စကားလုံးတစ်ထောင်ထက်ပို အစွမ်းထက်ပါတယ် ။ ကျွန်ုပ်တို့ အရိုးရှင်းဆုံးအရာများမှ သနားခြင်း၊ မျှဝေခြင်း၊ အနစ်နာခံခြင်းကို ခံစားစေပါတယ် ။ အရာအားလုံးကို “ချစ်တယ်” ဆိုတဲ့စာလုံးနှစ်လုံးနဲ့ ကျွန်တော်အနှစ်ချုပ် လိုက်ပါတယ် ။

Zawgyi





crd