ဗဟုသုတ
နှစ်ပေါင်း ၈၀ကြာသည်ထိ ခင်မင်မှုမပျက်ပဲ သူငယ်ချင်းဖြစ်ခဲ့ကြသော အဖွားအိုသုံးဦးတို့ဧ။် သံယောဇဥ်
မလေးရှားနိုင်ငံမှ Tan Bee Joo ,Foo Mee Keowနှင့် Cheah Phaik Sooအမည်ရှိသော အသက် ၉၀နှစ်အရွယ် အဖွားအို သုံးဦးသည် မူလတန်းကျောင်းတက်စဥ်ကတည်းက တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်ခင်ရင်းနှီးခဲ့ကြသည်။
သူတို့သုံးဦးသည် အိမ်နီးချင်းလည်း ဖြစ်သည့်အပြင် ကျောင်းပိတ်ရက်တွေတိုင်း အတူတူဆော့ကစားကာညီအစ်မအရင်းလိုသူငယ်ချင်းတွေလို မခွဲနိုင်မခွာရက်ဖြစ်ခဲ့ကြသည်။
ထိုခေတ်တွင် တိုင်းပြည်ရေးရာမှာလည်း တည်တည်ငြိမ်ငြိမ်မဖြစ်သေးသည့်အတွက်အဆင်ပြေသည့်နေရာသို့ပြောင်းရွှေ့နေထိုင်ခြင်းဖြင့်အဆက်အသွယ်ပြတ်ကာ သူငယ်ချင်းတွေ ကွဲကွာသွားခဲ့ကြသည်။
နှစ်၄၀ကြာ ကွဲကွာခဲ့ပြီးနောက် ကံကြမ္မာအလှည့်အပြောင်းတစ်ခုတွင် ကံကောင်းစွာဖြင့်စျေးတစ်ခုတွင်အချင်းချင်း ပြန်ဆုံတွေ့ဆုံခဲ့ရာဝမ်းသာလွန်း၍ မျက်ရည်များကျခဲ့ပြီး သတိရခြင်းများစွာနှင့် ထွေးဖက်ခဲ့ကြသည်။
နောက်ဆုံးတွင် သုံးယောက်လုံး အဆက်အသွယ်ပြန်ရခဲ့ပြီးမကြာခဏအတူတူအပြင်ထွက်လည်ရင်း နှစ်၈၀ကြာခင်မင်ရင်းနှီးရခြင်းဧ။်အကြောင်းအရင်းက ဖြူစင်ရိုးသားမှုဖြစ်ပြီး တစ်ယောက်မကောင်းကြောင်းကို တစ်ယောက်က နောက်ကွယ်မှာ ပြန်ပြောခြင်းလည်း မရှိကြောင်းဆိုခဲ့သည်။
Zawgyi
နှစ်၄၀ကြာ ကွဲကွာခဲ့ပြီးနောက် ကံကြမ္မာအလှည့်အပြောင်းတစ်ခုတွင် ကံကောင်းစွာဖြင့် ဈေးတစ်ခုတွင် အချင်းချင်း ပြန်ဆုံတွေ့ဆုံခဲ့ရာဝမ်းသာလွန်း၍ မျက်ရည်များကျခဲ့ပြီး သတိရခြင်းများစွာနှင့် ထွေးဖက်ခဲ့ကြသည်။
crd