Local News

“အိမ်ထောင်ဦးစီး ကွယ်လွန်သွားချိန်မှာ လူနေမှုစားရိတ် မတတ်နိုင်တော့လို့ တောထဲမှာ ရွှေ့ပြောင်း နေထိုင်ခဲ့ရတဲ့ မိသားစု”

တရုတ်နိုင်ငံယူနန်ပြည်နယ်တွင်နေထိုင်သောအသက် ၄၇နှစ်အရွယ်အမျိုးသမီးတစ်ဦးသည်အိမ်ထောင်ဦးစီးဖြစ်သည့် ခင်ပွန်းဖြစ်သူမှာသေဆုံးသွာ၍ သားသမီး ၅ယောက်နှင့်အတူ တောင်တန်းဒေသတွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။

မိသားစုဧ။် စားဝတ်နေရေးအတွက် တာဝန်ယူရှာဖွေကျွေးခဲ့သော ခင်ပွန်းဖြစ်ကို ဆုံးရှုံးလိုက်ရခြင်းဖြင့် မလုပ်တတ်မကိုင်တတ်နှင့် ကျန်ရစ်ခဲ့ကာ သားသမီးမှာလည်း ၅ယောက်ရှိနေသည့်အတွက် မြို့ထဲတွင် နေထိုင်ဖို့ရာ ခက်ခဲစေခဲ့သည်။

ထို့ကြောင့် တောင်တန်းဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး အိမ်ပတ်ပတ်လည်တွင် ဟင်းသီးဟင်းရွက်စုံ စိုက်ပျိုးထားပြီး တောင်ပေါ်သို့တက်ပြီးဆေးဖက်ဝင်မည့် သစ်သီးသစ်ဖုနှင့် မှိုတို့ကို ရှာဖွေရင်း အနီးနားရှိ ရွာလေးတွင် ရောင်းချကာ လိုအပ်သည်များကို ဝယ်ယူခဲ့ကြသည်။

ကံကောင်းစွာဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့မှ တောင်တန်းကျေးလက်ဒေသသို့လာရောက်ကြည့်ရှုစဥ် ထိုမိသားစု၆ယောက်ဧ။်အဖြစ်ပျက်ကိုသိရှိပြီးနောက် မြို့ထဲတွင် နေထိုင်နိုင်ရန် ကူညီပေးခဲ့ပြီး အငယ်ဆုံးသမီးလေးကို ကျောင်းထားပေးကာ သားဖြစ်သူတို့အား မြို့ထဲရှိ ကိုက်ညီမည့်အလုပ်တစ်ခုအား ပေးခဲ့သည်။

Zawgyi

တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္တြင္ ေနထိုင္ေသာ အသက္ ၄၇ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ အိမ္ေထာင္ဦးစီးျဖစ္သည့္ခင္ပြန္းျဖစ္သူမွာ ေသဆုံးသြာ၍ သားသမီး ၅ေယာက္ႏွင့္အတူ ေတာင္တန္းေဒသတြင္ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့သည္။

မိသားစုဧ။္ စားဝတ္ေနေရးအတြက္ တာဝန္ယူရွာေဖြေကြၽးခဲ့ေသာ ခင္ပြန္းျဖစ္ကို ဆုံးရႈံးလိုက္ရျခင္းျဖင့္ မလုပ္တတ္မကိုင္တတ္ႏွင့္ က်န္ရစ္ခဲ့ကာသားသမီးမွာလည္း ၅ေယာက္ရွိေနသည့္အတြက္ ၿမိဳ႕ထဲတြင္ ေနထိုင္ဖို႔ရာ ခက္ခဲေစခဲ့သည္။

ထို႔ေၾကာင့္ ေတာင္တန္းေဒသတြင္ သြားေရာက္ေနထိုင္ခဲ့ၿပီး အိမ္ပတ္ပတ္လည္တြင္ ဟင္းသီးဟင္း႐ြက္စုံစိုက္ပ်ိဳးထားၿပီး ေတာင္ေပၚသို႔တက္ၿပီး ေဆးဖက္ဝင္မည့္ သစ္သီးသစ္ဖုႏွင့္ မႈိတို႔ကို ရွာေဖြရင္း အနီးနားရွိ ႐ြာေလးတြင္ ေရာင္းခ်ကာ လိုအပ္သည္မ်ားကို ဝယ္ယူခဲ့ၾကသည္။

ကံေကာင္းစြာျဖင့္ ေစတနာ့ဝန္ထမ္းအဖြဲ႕မွ ေတာင္တန္းေက်းလက္ေဒသသို႔ လာေရာက္ၾကည့္ရႈစဥ္ ထိုမိသားစု ၆ေယာက္ဧ။္အျဖစ္ပ်က္ကိုသိရွိၿပီးေနာက္ ၿမိဳ႕ထဲတြင္ ေနထိုင္ႏိုင္ရန္ ကူညီေပးခဲ့ၿပီး အငယ္ဆုံးသမီးေလးကို ေက်ာင္းထားေပးကာ သားျဖစ္သူတို႔အား ၿမိဳ႕ထဲရွိ ကိုက္ညီမည့္အလုပ္တစ္ခုအား ေပးခဲ့သည္။

crd