ဗဟုသုတ

အိမ်ထဲက မီးလင်းဖို၏မီးခိုးထွက်ပေါက်ထဲတွင် အသံတစ်ခုကို ကြားနေရသဖြင့် ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းပြီး စစ်ဆေးကြည့်တဲ့အခါ. . .

အိမ်ထဲက မီးလင်းဖို၏မီးခိုးထွက်ပေါက်ထဲတွင် အသံတစ်ခုကို ကြားနေရသဖြင့် ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းပြီး စစ်ဆေးခဲ့ရာမှ အထဲတွင် သူခိုးတစ်ဦးပိတ်မိနေကြောင်း တွေ့ခဲ့ရ

ဥရောပတိုက်ဒေသများဟာ မိမိတို့၏ အာရှဒေသနှင့် တူညီခြင်းမရှိဘဲ လူနေထိုင်မှုပုံစံအပြင် ရာသီဥတုဟာလည်းများစွာကွာခြားမှုရှိနေခဲ့ပါတယ်။ဥရောပရှိနေအိမ်တိုင်းဟာ အအေးဒဏ်ကို ရင်ဆိုင်နိုင်ရန်အတွက် မီးလင်းဖိုများကို နေအိမ်ထဲတွင် ထည့်သွင်းတည်ဆောက်ထားတတ်ကြပါတယ်။

ယခုတွင်လည်း အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှ နေအိမ်တစ်ခုတွင် မီးလင်းဖိုကြီးထဲမှသူခိုးတစ်ယောက်ကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။အိမ်ပိုင်ရှင်ဟာ မီးဖို၏ မီးခိုးထွက်ပေါက်ထဲမှ လူသံကဲ့သို့ ညည်းညူသံကို ကြားသိရနေရသဖြင့် မသင်္ကာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ထံ အကြောင်းကြားပြီး စစ်ဆေးခဲ့ပါတယ်။

ထို့နောက်ကယ်ဆယ်ရေးများက မီးဖိုကို ဖျက်ဆီးကြည့်ရှုလိုက်ရာမှာတော့ သူခိုးတစ်ဦးဟာ အိမ်ထဲသို့ဝင်ရောက်စဥ် ပိတ်မိနေခဲ့ကြောင်း တွေ့လိုက်ရပါတယ်။

Zawgyi





crd