News

“ကြိုးတစ်ချောင်းတံတားနဲ့ မြစ်ကို နေ့စဉ်ဖြတ်ကူးပြီး ကျောင်းတက်ကာ ဆရာဝန်ဘွဲ့ ရရှိအောင် ကြိုးစားခဲ့တဲ့ ကောင်မလေး”

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နုကျန်မြစ် ဒေသခွဲက လီဆူမိန်းကလေး Yu Yanqia ဟာ မူလတန်းကျောင်း ပထမနှစ်ကစပြီး နုကျန်မြစ် တစ်ဖက်ကမ်းမှာ မှာရှိတဲ့ ကျောင်းကို တက်ဖို့ Zipline လို့ခေါ်တဲ့ ကြိုးတစ်ချောင်း တံတားကို ဖြတ်ကူးပြီးသွားခဲ့ရပါတယ်

အဲဒီကြိုးတစ်ချောင်းတံတားကို ဖြတ်ကူးဖို့ သူ့ဆီမှာ ကိုယ်နဲ့မခွာဆောင်ထားတဲ့ ကြိုးတစ်ချောင်း ရှိပါတယ်

ကြိုးတစ်ချောင်းတံတားကို ဖြတ်ကူးတဲ့အခါမှာ သူ့မှာဆောင်ထားတဲ့ကြိုးနဲ့ ချိတ်ပြီး ဖြတ်ကူးလေ့ရှိပါတယ်

မြစ်ရေပြင်ပေါ်မှာ ရှိနေတဲ့ တစ်ချောင်းထဲသောကြိုးကနေ စီးပြီး မြစ်ကို ဖြတ်ကူးဖို့ဆိုတာ ကလေးမပြောနဲ့ တချို့လူကြီးတွေတောင် ပြုလုပ်ဖို့ ခက်ခဲပါတယ်

Yu Yanqia ဆိုတဲ့ ဒီမိန်းကလေးကတော့ အဲဒီကြိုးကို စီးပြီး မြစ်ကိုဖြတ်ကူးကာ နေ့စဉ်ကျောင်းတက်ခဲ့ရပါတယ်

Yu Yanqia ရဲ့ အခက်အခဲနဲ့ ကြိုးစားမှုတွေကို သိရှိလာကြတဲ့ စေတနာကောင်းသူများစွာက သူမကို ကူညီကြပါတယ်။

အဲလိုကူညီမှုတွေရရှိခဲ့တဲ့အတွက် သူမဟာ နောင်တချိန်မှာ မိမိအနေနဲ့ တခြားလူတွေကိုလည်း ကူညီချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုချိန်မှာတော့ လီဆူမိန်းကလေး Yu Yanqia ဟာ ပြီးခဲ့တဲ့ဇွန်လက ကူမင်းဆေးတက္ကသိုလ်မှာ ဘွဲ့ရပြီး ဆရာဝန်တစ်ဦး ဖြစ်ခဲ့ပါပြီ

သူမဟာ ဇာတိရပ်ရွာကို ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပြီး နုကျန်မြစ် ဒေသခွဲ ပြည်သူ့ဆေးရုံမှာ ဆရာဝန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

အခက်အခဲအမျိုးအမျိုးကို ကြိုးစားကျော်ဖြတ်ပြီး ကိုယ့် ဇာတိရပ်ရွာကို မမေ့တဲ့ ဒီလို မိန်းကလေးမျိုးကတော့ တကယ်ကို ချီးကျူးထိုက်ပါပေတယ်. . .

REF : CRI

စွယ်စုံသုတ

Zawgyi

တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ႏုက်န္ျမစ္ ေဒသခြဲက လီဆူမိန္းကေလး Yu Yanqia ဟာ မူလတန္းေက်ာင္း ပထမႏွစ္ကစၿပီး ႏုက်န္ျမစ္ တစ္ဖက္ကမ္းမွာ မွာရွိတဲ့ ေက်ာင္းကို တက္ဖို႔ Zipline လို႔ေခၚတဲ့ ႀကိဳးတစ္ေခ်ာင္း တံတားကို ျဖတ္ကူးၿပီးသြားခဲ့ရပါတယ္

အဲဒီႀကိဳးတစ္ေခ်ာင္းတံတားကို ျဖတ္ကူးဖို႔ သ့ဆီမွာ ကိုယ္နဲ႔မခြာေဆာင္ထားတဲ့ ႀကိဳးတစ္ေခ်ာင္း ရွိပါတယ္

ႀကိဳးတစ္ေခ်ာင္းတံတားကို ျဖတ္ကူးတဲ့အခါမွာ သူ႔မွာေဆာင္ထားတဲ့ႀကိဳးနဲ႔ ခ်ိတ္ၿပီး ျဖတ္ကူးေလ့ရွိပါတယ္

ျမစ္ေရျပင္ေပၚမွာ ရွိေနတဲ့ တစ္ေခ်ာင္းထဲေသာႀကိဳးကေန စီးၿပီး ျမစ္ကို ျဖတ္ကူးဖို႔ဆိုတာ ကေလးမေျပာနဲ႔ တခ်ိဳ႕လူႀကီးေတြေတာင္ ျပဳလုပ္ဖို႔ ခက္ခဲပါတယ္

Yu Yanqia ဆိုတဲ့ ဒီမိန္းကေလးကေတာ့ အဲဒီႀကိဳးကို စီးၿပီး ျမစ္ကိုျဖတ္ကူးကာ ေန႔စဥ္ေက်ာင္းတက္ခဲ့ရပါတယ္

Yu Yanqia ရဲ႕ အခက္အခဲနဲ႔ ႀကိဳးစားမႈေတြကို သိရွိလာၾကတဲ့ ေစတနာေကာင္းသူမ်ားစြာက သူမကို ကူညီၾကပါတယ္တယ္။

အဲလိုကူညီမႈေတြရရွိခဲ့တဲ့အတြက္ သူမဟာ ေနာင္တခ်ိန္မွာ မိမိအေနနဲ႔ တျခားလူူေတြကိုလည္း ကူညီခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ လီဆူမိန္းကေလး Yu Yanqia ဟာ ၿပီးခဲ့တဲ့ဇြန္လက ကူမင္းေဆးတကၠသိုလ္မွာ ဘြဲ႕ရၿပီး ဆရာဝန္တစ္ဦး ျဖစ္ခဲ့ပါၿပီ

သူမဟာ ဇာတိရပ္႐ြာကို ျပန္ျပီး တာ၀န္ထမ္းေဆာင္ဖို႔ ျပတ္ျပတ္သားသား ဆံုးျဖတ္ခဲ႔ျပီး ႏုက်န္ျမစ္ ေဒသခြဲ ျပည္သူ႔ေဆး႐ုံမွာ ဆရာဝန္တစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္မွာျဖစ္ပါတယ္။

အခက္အခဲအမ်ိဳးအမ်ိဳးကို ၾကိဳးစားကေ်ာ္ျဖတ္ျပီး ကိုယ့္ ဇာတိရပ္ရြာကို မေမ့တဲ႔ ဒီလို မိန္းကေလးမ်ိဳးကေတာ့ တကယ္ကို ခ်ီးက်ဴးထိုက္ပါေပတယ္. . .

REF : CRI

စွယ်စုံသုတ