News

“သားအရင်းနဲ့အတူသွားနေခဲ့ပေမဲ့ အိမ်ထဲသို့ဝင်ခွင့်မရဘဲ အိမ်ရှေ့တံခါးဝမှာ ၃ ရက်ကျော်လောက် အိပ်ခဲ့ရတဲ့ အသက် ၈၂ နှစ်အရွယ်မိခင်အို”

တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်၊ Yangzhou မြို့ရှိ အသက် ၈၂ နှစ်အရွယ် အဘွားတစ်ဦးမှာ သားနှစ်ယောက်နဲ့သမီးနှစ်ယောက်ရှိတယ်လို့ တရုတ်သတင်းဌာနက ဖော်ပြခဲ့ပါတယ် ။ အစီရင်ခံစာများအရ အဖွား Sae Tao ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်က သူမရဲ့ ခင်ပွန်း သေဆုံးခဲ့တာကြောင့် အဖွားက သူမရဲ့အငယ်ဆုံးသားလေးနဲ့ အတူ နေရန်ပြောင်းခဲ့ပါတယ် ။

အဖွားက သူ့ရဲ့သားအငယ်ဆုံးနဲ့ အတူနေဖို့သွားခဲ့ပေမဲ့ မကြာခင်မှာ Qian Changying လို့အမည်ရတဲ့အငယ်ဆံုးသားက အဖွားကိုအိမ်ထဲသို့ဝင်ခွင့်မပြုဘဲ သူမရဲ့ အိပ်ယာကိုတောင် အိမ်ပြင်ထုတ်ပစ်လိုက်ပြီး သူတို့လည်း အိမ်ကနေထွက်သွားခဲ့ပါတယ် ။ အဖွားက ဘာလုပ်ရမှန်းမသိဘဲ အိပ်ယာခင်းကိုသူ့ရဲ့ အိမ်တံခါးဝမှာ သယ်သွားပြီး အဲ့နေရာမှာ ၃ ရက်ကျော်အိပ်ခဲ့ရပါတယ် ။ ထိုအကြောင်းကို အကြီးဆုံးသမီးက ကြားသိတဲ့အခါ သူ့အစ်ကိုဆီ အလျင်အမြန်လာခဲ့ပြီး သူ့ကိုဆက်သွယ်ဖို့ကြိုးစားပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး ။

ထိုသို့ဖြစ်ရခြင်းအကြောင်းက Mr Changping ရဲ့ ဇနီးဟာ သူ့ရဲ့မိခင်အတွက်ကုန်ကျစရိတ်တွေအကုန်မခံချင်တာကြောင့် ဖြစ်ပါတယ် ။နောက်ဆုံးမှာ သီလရှင်နှစ်ပါးက အဖွားရဲ့ နေထိုင်မှုကုန်ကျစရိတ်ကို ပေးဆပ်ရန် ကမ်းလှမ်းခဲ့ပါတယ် ။ သို့သော်လည်း မစ္စတာ Qian Changping ကနောက်ဆုံးမိခင်ကို လက်ခံဖို့အိမ်ကို ပြန်လာပြီး တံခါးကို ဖွင့်လိုက်ပါတယ် ။

Zawgyi

သားအရင္းနဲ႔အတူသြားေနခဲ့ေပမဲ့ အိမ္ထဲသို႔ဝင္ခြင့္မရဘဲ အိမ္ေရွ႕တံခါးဝမွာ ၃ ရက္ေက်ာ္ေလာက္ အိပ္ခဲ့ရတဲ့ အသက္ ၈၂ ႏွစ္အ႐ြယ္မိခင္အို

တ႐ုတ္ႏိုင္ငံ၊ Jiangsu ျပည္နယ္၊ Yangzhou ၿမိဳ႕ရွိ အသက္ ၈၂ ႏွစ္အ႐ြယ္ အဘြားတစ္ဦးမွာ သားႏွစ္ေယာက္နဲ႔ သမီးႏွစ္ေယာက္ရွိတယ္လို႔တ႐ုတ္သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္ ။ အစီရင္ခံစာမ်ားအရ အဖြား Sae Tao ဟာ လြန္ခဲ့တဲ့ ၁၈ ႏွစ္က သူမရဲ႕ ခင္ပြန္း ေသဆုံးခဲ့တာေၾကာင့္ အဖြားက သူမရဲ႕ အငယ္ဆုံးသားေလးနဲ႔ အတူ ေနရန္ေျပာင္းခဲ့ပါတယ္ ။

အဖြားက သူ႔ရဲ႕သားအငယ္ဆုံးနဲ႔ အတူေနဖို႔သြားခဲ့ေပမဲ့ မၾကာခင္မွာ Qian Changying လို႔ အမည္ရတဲ့ အငယ္ဆံုးသားကအဖြားကိုအိမ္ထဲသို႔ဝင္ခြင့္မျပဳဘဲ သူမရဲ႕ အိပ္ယာကိုေတာင္ အိမ္ျပင္ထုတ္ပစ္လိုက္ၿပီး သူတို႔လည္း အိမ္ကေနထြက္သြားခဲ့ပါတယ္ ။ အဖြားက ဘာလုပ္ရမွန္းမသိဘဲ အိပ္ယာခင္းကို သူ႔ရဲ႕ အိမ္တံခါးဝမွာ သယ္သြားၿပီး အဲ့ေနရာမွာ ၃ ရက္ေက်ာ္အိပ္ခဲ့ရပါတယ္ ။ ထိုအေၾကာင္းကို အႀကီးဆုံးသမီးက ၾကားသိတဲ့အခါ သူ႔အစ္ကိုဆီ အလ်င္အျမန္လာခဲ့ၿပီး သူ႔ကိုဆက္သြယ္ဖို႔ႀကိဳးစားေပမယ့္ အဆက္အသြယ္မရခဲ့ပါဘူး ။

ထိုသို႔ျဖစ္ရျခင္းအေၾကာင္းက Mr Changping ရဲ႕ ဇနီးဟာ သူ႔ရဲ႕ မိခင္အတြက္ ကုန္က်စရိတ္ေတြ အကုန္မခံခ်င္တာေၾကာင့္ ျဖစ္ပါတယ္ ။ ေနာက္ဆုံးမွာ သီလရွင္ႏွစ္ပါးက အဖြားရဲ႕ ေနထိုင္မႈကုန္က်စရိတ္ကို ေပးဆပ္ရန္ ကမ္းလွမ္းခဲ့ပါတယ္ ။ သို႔ေသာ္လည္း မစၥတာ Qian Changping က ေနာက္ဆုံး မိခင္ကိုလက္ခံဖို႔အိမ္ကို ျပန္လာၿပီး တံခါးကို ဖြင့္လိုက္ပါတယ္ ။

crd