News
၁၉လသားအရွယ်သာရှိနေသေးပေမဲ့ ကိန်းဂဏန်းအလုံး ၅၀ ကိုရေတွက်နိုင်ပြီး စာလုံးပေါင်း ၃၀၀ ကျော်ကိုပါဖတ်တတ်နေပြီဖြစ်တဲ့ ပါရမီရှင်ကလေးငယ်တစ်ဦး(ရုပ်သံ)
ကလေးအများစုဟာ အသက် ၅နှစ်အရွယ်လောက်မှ စာဖတ်ခြင်းနှင့်ကိန်းဂဏာန်းရေတွက်ခြင်းတို့ကို တတ်မြောက်ရန်သင်ယူတတ်ကြပေမဲ့လည်း ၁၉ လသားအရွယ်သာရှိသေးတဲ့ဒီကလေးငယ်ကတော့ ကိန်းဂဏာန်းအလုံး ၅၀ အထိ ရေတွက်နိုင်ပြီး စာလုံးရေအလုံး ၃၀၀တို့ကိုပါ တတ်မြောက်ထားပြီးဖြစ်ပါတယ်။
အိပ်ယာပေါ်မှာ ထိုင်ကာ place cards တွေကိုကိုင်ရင်းအသံကျယ်ကျယ်နဲ့အော်ဖတ်နေခဲ့တဲ့ဉာဏ်ရည်ထက်မြက်တဲ့အဆိုပါကလေးငယ်ရဲ့ပုံရိပ်အမူအရာကို ဂုဏ်ယူနေတဲ့မိခင်ဖြစ်သူ LaToya က ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားခဲ့ပါတယ်။
အဆိုပါ Carter အမည်ရှိတဲ့ကလေးငယ်ဟာ “are ” ဆိုတဲ့စကားလုံးကို ဖတ်ပြီး မှန်မမှန်ကို မိခင်ဖြစ်သူအားအတည်ပြုပေးရန် မိခင်ဖြစ်သူအားစူးစမ်းသိချင်နေတဲ့အကြည့်တစ်ချက်ဖြင့်ကြည့်ခဲ့ပြီးနောက် သူ့ရဲ့စာများကို ပြန်ဖတ်ပြနေခဲ့တဲ့ပုံရိပ်ဟာ မိခင်တိုင်းကို အားကျမိသွားစေမဲ့ ကြည့်နူးစရာကောင်းတဲ့ရိုက်ချက်တစ်ခုလိုပါဘဲ။
Carter ဟာ ၇လသားအရွယ်လောက်ကတည်းက စကားလုံးများကို နားလည်သဘောလာခဲ့သလို ၎င်းတို့ရဲ့အဓိပ္ပါယ်ကိုလည်း နားလည်နေခဲ့ကြောင်း မိခင်ဖြစ်သူရဲ့အဆိုအရ သိရပါတယ်။ အသက်၁နှစ်ပြည့်သွားတဲ့အချိန်မှာတော့ Carter ဟာ စကားပြောဖို့ကို စတင်သင်ယူနေပြီဖြစ်ပါတယ်။
Carter လေးဟာ အခြားကလေးများထပ် ဉာဏ်ရည်ဖွံ့ဖြိုးမှုနှုန်းက မြန်ဆန်နေပြီး၎င်းကဲ့သို့ဖတ်တတ်နေရခြင်းကမိဘများရဲ့သင်ကြားပံ့ပိုးပေးမှုများကြောင့်လည်း ပါတာကြောင့် သူဟာ စကားလုံးအချို့ကို ၁၉ လသားအရွယ်မှာပင် ချောချောမွတ်မွတ်ဖတ်တတ်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။
Zawgyi
Carter လေးဟာ အခြားကလေးများထပ်ဥာဏ်ရည်ဖွံ့ဖြိုးမှုနှုန်းက မြန်ဆန်နေပြီး၎င်းကဲ့သို့ဖတ်တတ်နေရခြင်းကမိဘများရဲ့သင်ကြားပံ့ပိုးပေးမှုများကြောင့်လည်း ပါတာကြောင့် သူဟာ စကားလုံးအချို့ကို ၁၉ လသားအရွယ်မှာပင် ချောချောမွတ်မွတ်ဖတ်တတ်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။
crd