Local News

၃၇ နှစ်အကြာသစ်ပင်တွေစိုက်ပြီး စိမ်းစိုတဲ့တောအုပ်ကြီး ဖြစ်စေခဲ့တဲ့ အသက် ၉၈ နှစ်အရွယ်အဘိုးအို

ထိုင်းနိုင်ငံက Ban Tha Chai သစ်တောဧရိယာကို ၃၇ နှစ်ကျော်အတွင်း ဧရိယာ ၃၆ ရိုင်ရှိတဲ့ဒီသစ်တောကိုသစ်ပင် ၅၀၀၀ ခန့်၊ကွဲပြားခြားနားတဲ့အပင် ၁၇ မျိုးနဲ့အတူ အသိုင်းအဝိုင်းသစ်တောအဖြစ် ကြီးထွားလာရန် စိုက်ပျိုးခဲ့ပါတယ် ။ သစ်ပင်စိုက်ခြင်းဟာ ကုသိုလ်တစ်ခုဖြစ်ကြောင်း သတိပြုမိစေခဲ့ပါတယ် ။

Phitsanulok ခရိုင်၊ Thaum ဘုရားကျောင်းရှိ Community Forest ကို သစ်တောပြန်စိုက်ခြင်းနဲ့ သစ်တောစိုက်လိုသူကိုစိတ်အားတက်ကြွစေတဲ့ သစ်တောချစ်သူများအတွက် အောင်မြင်မှုတစ်ခုလို့ ယူဆနိုင်ပါတယ် ။ ၎င်းဟာ Ban Tha Chai ဧရိယာမှာ အရိပ်နဲ့ အစိုဓာတ်ကို ပေးနိုင်ခဲ့ပါတယ် ။ ၎င်းတို့ကို Phitsanulok ခရိုင်မှာ နေထိုင်တဲ့ အသက် ၉၈ နှစ်အရွယ် ဦးလေး Sang Sang Inmatum ကသူ့ရဲ့ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် သစ်တောများကို စတင်စိုက်ပျိုးခဲ့တာပါ ။

ဦးလေးက သစ်တောကို စတင်စိုက်တုန်းမှာ အသက် ၆၀ လောက်ရှိပါပြီ ။ဦးလေးကသူသတ်မှတ်ထားတဲ့တရားဓမ္မကို လေ့လာပြီးဘုန်းကြီးကျောင်းမာ အလုပ်တွေကို ကူညီဖို့ ကျောင်းမှာ ‌သွားနေခဲ့ပြီး ဒီ Wat Tha Chai ဧရိယာကို ဂရုစိုက်ခဲ့တာပါ ။ထိုအချိန်ကPhra Ajarn Sam ဟာWat Tha Chai ရဲ့ ဗဟုသုတ၊ စိတ်ဝင်စားမှုနဲ့ အပင်ကို ချစ်မြတ်နိုးသူဖြစ်ပါတယ် ။

ထို့ကြောင့် ဦးလေးက သစ်ပင်များစိုက်ပျိုးခြင်းကို အလေးအနက်ထားတဲ့အထိ ဘုရားကျောင်းတော်မှာ သစ်ပင်များစိုက်ပျိုးခြင်းနဲ့ ဂရုစိုက်ခြင်းတို့ပြုလုပ်ခဲ့ပါတယ် ။ ယခင်က ဦးလေး Sang ဟာ သစ်ပင်များစိုက်ပျိုးခြင်းတွင်ထူးချွန်ပုဂ္ဂိုလ်ဆု၊ မြေသို့သဘာဝကိုပြန်လည်ပေးအပ်ခြင်းစီမံကိန်း နဲ့ရပ်ရွာသစ်တောမြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကြောင့် တော်ဝင်သစ်တောဦးစီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဆုတံဆိပ်ရရှိခဲ့ပါတယ် ။

Zawgyi






crd