ဗဟုသုတ

အများသုံးရထားတွေကို စီးပြီး မည်သူ့ကိုမှ အနှောက်အယှက်မပေးဘဲ တစ်ကိုယ်တော်ခရီးသွားရတာကို နှစ်သက်တဲ့ ခွေးလေး

တူရကီ၊ အစ္စတန်ဘူလ်မှ ချစ်စရာကောင်းတဲ့အိမ်မွေးခွေးလေး “Boji” ဟာခရီးသွားခြင်းကိုအလွန်နှစ်သက်ပြီးဘတ်စ်ကားများ၊ ရထားများ၊ မြေအောက်ရထားများနဲ့ စီးပြီး တစ်ကောင်တည်း လျှောက်ပတ်သွားလည်လေ့ရှိပါတယ် ။ ခွေးကလေးဟာ လူသားလိုပင်ထိုင်ခုံပေါ် ငြိမ်သက်စွာထိုင်နေပြီးကားထဲသို့ဝင်ရန်ထွက်ရန် အချိန်တွေမှာလည်း မည်သူကိုမှ စိတ်အနှောက်အယှက် မပေးဘဲ ခွေးက အမြဲစိတ်ရှည်ရှည်စောင့်ပြီး ခရီးသည်များကို အရင်ဆုံးလမ်းလွှဲပေးပါတယ် ။ အများသုံးသယ်ယူပို့ဆောင်ရေးရထားများ ကားများရဲ့ စည်းကမ်းတွေကို သိနားလည်းတဲ့ပုံရပါတယ် ။

ခွေးကလေး Boji ကို ဂရုစိုက်ရန် ပိုင်ရှင်မရှိသောကြောင့် Istanbul စည်ပင်သာယာရေးအဖွဲ့က စီမံခန့်ခွဲရန် ကူညီလာခဲ့ပြီး ခွေးကလေးလုံခြုံစွာ ခရီးသွားနိုင်စေရန် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ခွေးအတွက် microchip တစ်ခု ထည့်သွင်းပေးခဲ့ပါတယ် ။ Microchip ပေါ်မှအချက်အလက်များကို စစ်ဆေးမှုအရ The boji က တစ်နေ့လျှင် အနည်းဆုံးကီလိုမီတာ ၃၀ခရီးတိုသွားကြောင်းတွေ့ရှိခဲ့ရပါတယ် ။

တစ်ချို့နေ့တွေမှာရထားစီးပြီးတစ်ချို့နေ့တွေမှာ ဓာတ်ရထားများ စီးခဲ့ပါတယ် ။ ထို့အပြင် ခွေးဟာ လသာဆောင်ပေါ်မှ မြင်ကွင်းများကို အမြဲထိုင်ပြီး ကြည့်နေတက်တာကို Microchip မှတဆင့် မြင်တွေ့နေရပါတယ် ။

Boji က အလွန်ချစ်စရာကောင်းတဲ့ ခွေးဖြစ်ပြီး လူတိုင်းက သူအပေါ် ချစ်စရာကောင်းမှုကို ပြချင်ကြပါတယ် ။ မကြာသေးမီက ကြင်နာတတ်တဲ့သူဟာ ခွေးအတွက် Twitter အကောင့်တစ်ခုကို ဖွင့်ခဲ့ပြီး ပရိတ်သတ်တွေ ကြည့်ဖို့ ‌ခွေးကလေး Boji ရဲ့ ပုံကို တင်ခဲ့ပါတယ် ။ ခွေးရဲ့ ချစ်စရာကောင်းမှုကြောင့်ယခုအခါ Follower ပေါင်း ၆၀၀၀၀ ကျော်ရှိခဲ့ပါတယ် ။

Zawgyi

အမ်ားသုံးရထားေတြကို စီးၿပီး မည္သူ႔ကိုမွ အေႏွာက္အယွက္မေပးဘဲ တစ္ကိုယ္ေတာ္ခရီးသြားရတာကို ႏွစ္သက္တဲ့ ေခြးေလး

တူရကီ၊ အစၥတန္ဘူလ္မွ ခ်စ္စရာေကာင္းတဲ့ အိမ္ေမြးေခြးေလး “Boji” ဟာ ခရီးသြားျခင္းကိုအလြန္ႏွစ္သက္ၿပီး ဘတ္စ္ကားမ်ား၊ ရထားမ်ား၊ ေျမေအာက္ရထားမ်ားနဲ႔ စီးၿပီး တစ္ေကာင္တည္း ေလွ်ာက္ပတ္သြားလည္ေလ့ရွိပါတယ္ ။ ေခြးကေလးဟာ လူသားလိုပင္ ထိုင္ခုံေပၚ ၿငိမ္သက္စြာထိုင္ေနၿပီး ကားထဲသို႔ ဝင္ရန္ထြက္ရန္ အခ်ိန္ေတြမွာလည္း မည္သူကိုမွ စိတ္အေႏွာက္အယွက္ မေပးဘဲ ေခြးက အၿမဲစိတ္ရွည္ရွည္ေစာင့္ၿပီး ခရီးသည္မ်ားကို အရင္ဆုံးလမ္းလႊဲေပးပါတယ္ ။အမ်ားသုံးသယ္ယူပို႔ေဆာင္ေရးရထားမ်ား ကားမ်ားရဲ႕ စည္းကမ္းေတြကို သိနားလည္းတဲ့ပုံရပါတယ္ ။

ေခြးကေလး Boji ကို ဂ႐ုစိုက္ရန္ ပိုင္ရွင္မရွိေသာေၾကာင့္ Istanbul စည္ပင္သာယာေရးအဖြဲ႕က စီမံခန႔္ခြဲရန္ ကူညီလာခဲ့ၿပီး ေခြးကေလးလုံၿခဳံစြာ ခရီးသြားႏိုင္ေစရန္ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ေခြးအတြက္ microchip တစ္ခု ထည့္သြင္းေပးခဲ့ပါတယ္ ။ Microchip ေပၚမွ အခ်က္အလက္မ်ားကိုစစ္ေဆးမႈအရ The boji က တစ္ေန႔လွ်င္ အနည္းဆုံးကီလိုမီတာ ၃၀ ခရီးတိုသြားေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္ ။ တစ္ခ်ိဳ႕ေန႔ေတြမွာ ရထားစီးၿပီး တစ္ခ်ိဳ႕ေန႔ေတြမွာ ဓာတ္ရထားမ်ား စီးခဲ့ပါတယ္ ။ ထို႔အျပင္ ေခြးဟာ လသာေဆာင္ေပၚမွ ျမင္ကြင္းမ်ားကို အၿမဲထိုင္ၿပီး ၾကည့္ေနတက္တာကို Microchip မွတဆင့္ ျမင္ေတြ႕ေနရပါတယ္ ။

Boji က အလြန္ခ်စ္စရာေကာင္းတဲ့ ေခြးျဖစ္ၿပီး လူတိုင္းက သူအေပၚ ခ်စ္စရာေကာင္းမႈကို ျပခ်င္ၾကပါတယ္ ။ မၾကာေသးမီက ၾကင္နာတတ္တဲ့သူဟာ ေခြးအတြက္ Twitter အေကာင့္တစ္ခုကို ဖြင့္ခဲ့ၿပီး ပရိတ္သတ္ေတြ ၾကည့္ဖို႔ ‌ေခြးကေလး Boji ရဲ႕ ပုံကို တင္ခဲ့ပါတယ္ ။ ေခြးရဲ႕ ခ်စ္စရာေကာင္းမႈေၾကာင့္ ယခုအခါ Follower ေပါင္း ၆၀၀၀၀ ေက်ာ္ရွိခဲ့ပါတယ္ ။

crd